Lego Group က ဗီယက်နမ်မှာ ဒေါ်လာ ၁ ဘီလျံကျော်စက်ရုံ ရင်းနှီးမြှုပ်နှံမည်


18 December, 2021


ဒိန်းမတ်နိုင်ငံမှ ကမ္ဘာကျော် ကလေးကစားစရာလုပ်ငန်း Lego Group က အာရှဈေးကွက်အတွက် ကုန်ထုန်လုပ်မှုကို ဗီယက်နမ်မှာ စက်ရုံတည်ပြီး လုပ်ကိုင်မယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ စက်ရုံတည်ဆောက်ဖို့အတွက် Vietnam Singapore Industrial Park Joint Venture Company Limited (VSIP) နှင့်  နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
စက်ရုံစီမံကိန်းမှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမယ်လို့ Lego က ပြောကြားပါတယ်။ အာရှမှ Lego ရဲ့ ကစားစရာကို ဝယ်လိုအား ၂၀၁၉ ခုနှစ်နောက်ပိုင်း မြင့်တကမလာတဲ့အတွက် အာရှမှာ စက်ရုံထားရှိတယ်လို့ ဆိုပါတယ်။
Lego Group ရဲ့ ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးအောင် စီမံဆောင်ရွက်သွားမယ့် ပထမဆုံးစက်ရုံကို ဟိုချီမင်းစီတီးမှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။
စက်ရုံအတွက် လိုအပ်တဲ့စွမ်းအင်ကို စက်ရုံ ခေါင်မိုးပေါ်မှာ ဆိုဘာပြားများ ခင်းကျင်းပြီး ရယူမှာ ဖြစ်တဲ့အပြင် အနီးမှာ ရှိတဲ့ ဆိုလာဓာတ်အားစခန်းမှလည်း ရယူမှာဖြစ်ပြီး ရာနှုန်းပြည့် ဆိုလာပါဝါကိုသာ သုံးစွဲမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် စက်ရုံတည်ဆောက်တဲ့အတွက် အပင်တွေ ဖယ်ရှားရတာကို ထေမိဖို့ အပင် ၅၉,၀၀၀ ကို VSIP နဲ့အတူ လက်တွဲပြီး စိုက်ပျိုးမှာ ဖြစ်ပါတယ်။

စီမံကိန်းမြေနေရာမှာ ဆောက်လုပ်ရေးကို ၂၀၂၂ မှာ စတင်မှာဖြစ်ပြီး ၂၀၂၄ မှာ စက်ရုံစတင်လည်ပတ်ဖို့ လျာထားပါတယ်။ ၁၅ နှစ်တာကာလအတွင်း အလုပ်အကိုင် ၄,၀၀၀ ကျော် ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဗီယက်နမ်စက်ရုံဟာ Lego Group ရဲ့ ဆဌမမြောက်စက်ရုံဖြစ်ပြီး အာရှမှာ Lego Group ရဲ့ ဒုတိယမြောက်စက်ရုံ ဖြစ်ပါတယ်။ အာရှအတွက် ပထမဆုံးစက်ရုံကို ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ 

Investment/Divestment Read 369 times