မြန်မာနိုင်ငံမှာ LNG terminal ထူထောင်မည်


05 August, 2018

အိန္ဒိယနိုင်ငံ အစိုးရရဲ့ စွမ်းအင် ဒီပလိုမေစီ မဟာဗျူဟာရဲ့ အပိုင်းကဏ္ဍတစ်ရပ်အဖြစ် မြန်မာနိုင်ငံမှာ LNG terminal ထူထောင်ဖို့ စီစဉ်နေပါတယ်။

အဲဒီ terminal က အအေးချိန် အလွန်မြင့်မားတဲ့ သဘာဝဓာတ်ငွေ့ဖြစ်တဲ့ LNG တင်သွင်းဖို့အတွက် ဖြစ်ပါတယ်။ အလားတူ အထောက်အပံ့အဆောက်အအုံတွေကို အိန္ဒိယ ကုမ္ပဏီတွေက ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာတို့မှာလည်း တည်ဆောက်သွားဖို့ အစီအစဉ် ရှိပါတယ်။ တောင်အာရှ စွမ်းအင် ချိတ်ဆက်မှု အစီအစဉ် အကြီးစားကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်လို့ ရေနံဝန်ကြီး Dharmendra Pradhan က ပြောကြားပါတယ်။

“ဒေသဆိုင်ရာ ပေါင်းစည်းမှုတွေကို နယ်ပယ်အားလုံးမှာ အကောင်အထည် ဖော်မယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အသုံးဝန်ဆောင်မှုဆိုင်ရာတွေ ပူးပေါင်း လုပ်ကိုင်မယ်။ အဲဒါ ကျွန်တော်တို့ အစိုးရရဲ့ ပထမဦးစားပေးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်။ အားနည်းနေတဲ့ အချိတ်အဆက်တွေကို ကိုင်တွယ်ပေးပြီး စိန်ခေါ်မှုတွေကို ကျော်လွှားကြမယ်” လို့ ၎င်းက ပြောပါတယ်။

BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဒေသမှာ စွမ်းအင် အရင်းအမြစ်တွေ အလျှံပယ် ရှိနေတယ်။ ဟိုက်ဒရို ပါဝါ၊ ဟိုက်ဒရို ကာဘွန်၊ ပြန်ပြည့်မြဲ စွမ်းအင် စတာတွေ ရှိနေတယ်။ နေရောင်စွမ်းအင်ကိုလည်း ရနေတယ်။ “ဒါပေမဲ့ ကျွန်တော်တို့က တသီးတခြားစီ ရယူသုံးစွဲနေကြတယ်။ အဲဒီ နေရောင်ခြည် စွမ်းအင်ကို ဘုံသုံးစွဲဖို့ solar grid ထူထောင်ရင် သင့်တော်မယ်လို့ ကျွန်တော်တို့ ယူဆတယ်” လို့ ၎င်းက ပြောကြားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တွေ ရှိနေတယ်။ ရှာဖွေတူးဖော်ပြီး နောက်ထပ် စွမ်းအင် အရင်းအမြစ်တစ်မျိုးအဖြစ် တိုးချဲ့သုံးစွဲနိုင်တယ်။

ကုန်တွင်းပိတ် နိုင်ငံတွေ ဖြစ်တဲ့ နီပေါနဲ့ ဘူတန်ဆို့မှာ ရေအားလျှပ်စစ်ထုတ်ဖို့် အခြေအနေကောင်းတွေ ရှိနေတယ်။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား ရောင်းချဖို့ ဈေးကွက်က လုံလုံလောက်လောက် မရှိဘူး။ ဒီတော့ အသုံးချပြီး ထုတ်လုပ်ခြင်း မပြုနိုင်ဘူး။

Pradhan က ပြောကြားခဲ့တာမှာ အာသံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဒီဇယ်ဆီ တင်သွင်းဖို့် နည်းလမ်း ကြံဆလုပ်ကိုင်နေတယ်။ လောင်စာ သိုလှောင်ရေးနဲ့ ဖြန့်ဖြူးရေးအတွက် အဆောက်အအုံတွေ တည်ဆောက်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

“Indian Oil Corp (IOC) က မြန်မာကုမ္ပဏီတွေနဲ့အတူ LPG သိုလှောင်ရေး ထူထောင်ဖို့ လုပ်ကိုင်နေပါတယ်။ Petronet LNG က အဲဒီမှာ LNG terminal ထူထောင်နေတယ်” လို့ ပြောကြားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ သူက ပြောပြခြင်း မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်နဲ့ ဓာတ်ငွေ့ ကွန်ရက် ချိတ်ဆက်ဖိ့ု လုပ်ကိုင်နေပြီး ဒီဇယ်ဆီကိုတော့ ပိုက်လိုင်းသွယ်တန်းပြီး ပေးပို့မယ်လို့ သူက ပြောပြပါတယ်။ လောလောဆယ်မှာတော့ ဒီဇယ်ဆီတွေကို ရထားတွဲတွေနဲ့ သယ်ပို့ပေးနေပါတယ်။ အဆက်မပြတ် ပေးပို့နိုင်ဖို့ အရည် ၁၃၀ ကီလိုမီတာရှိတဲ့ ပိုက်လိုင်းကို သွယ်တန်းမှာ ဖြစ်ပါတယ်။

The Telegraph

Local News Read 623 times