Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁၀/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပူးတွဲပါ လုပ်ငန်း (၆၉၈) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၂.၇၆၈၅) ဘီလီယံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြု လိုက်ပါသည်။
အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်
စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၈ ရက်
၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁၀/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပူးတွဲပါ လုပ်ငန်း (၆၉၈) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၂.၇၆၈၅) ဘီလီယံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြု လိုက်ပါသည်။
၂။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ချေးငွေရရှိသူစာရင်းအပြည့်အစုံပါဝင်သည့် PDF File ကို အောက်တွင် ဖော်ပြပေးထားပါသည်။