ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်း၊ စီမံကိန်းများကို မူလရည်မှန်းချက်ပါအတိုင်း သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သင့် ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက အကြံပြုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဇန်နဝါရီ ၂၁ ရက် ပြည် ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖတ်ကြားရာ ယင်းသို့ ထောက်ပြခြင်းဖြစ်သည်။ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီဆောင်ရွက် နိုင်ခြင်း မရှိပါက နိုင်ငံတော်နှင့် ပြည်သူများအတွက် များစွာထိခိုက်နစ်နာနိုင်သဖြင့် အလေးထား ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးခင်ချိုက ပြောသည်။
‘‘အများကြီးနစ်နာတယ်။ ချေးငွေဆိုတော့ အတိုးပေးရတယ် လေ။ အချိန်မီမပြီးတော့ အလုပ် လည်း မပြီးဘူး။ အတိုးလည်း ပို ပေးရတယ်။ အဲဒီလိုမျိုးဖြစ်တယ်။ ပြည်သူတွေအတွက် အများကြီး နစ်နာတယ်’’ဟု ၎င်းကဆိုသည်။ယင်းအပြင် လုပ်ငန်းအချိန်မီမပြီးစီးပါက ချေးငွေစာချုပ်များအရ သတ်မှတ်ချိန်အတွင်းငွေထုတ် နိုင်မည်မဟုတ်သဖြင့် စာချုပ်ချိုး ဖောက်ရာရောက်မည်ဖြစ်ကြောင်း ဦးခင်ချိုက ထောက်ပြသည်။ချေးငွေဖြင့် ဆောင်ရွက် သည့် လုပ်ငန်း၊ စီမံကိန်းများအ ပြင် ရသုံးမှန်းခြေငွေစာရင်း ခွင့် ပြုချက်ပါ လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန် မီပြီးစီးအောင် ဆောင်ရွက်သင့် ကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီက အကြံပြုသည်။
ယင်းကဲ့သို့ လုပ်ငန်း၊ စီမံကိန်းများ အချိန်မီပြီးစီးနိုင်ရေး အစိုးရဌာနအဖွဲ့အစည်း အားလုံးတာဝန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းပူးပေါင်းကော်မတီက လွှတ်တော်မှတစ်ဆင့် အကြံပြုတိုက်တွန်းသည်။ယင်းအပြင် ဘဏ္ဍာငွေများ သုံးစွဲသည့်အခါ တည်ဆဲဘဏ္ဍာ ရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေးနှင့် အထိရောက်ဆုံး သုံးစွဲနိုင်ရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သင့် ကြောင်း ယင်းပူးပေါင်းကော်မတီက ထောက်ပြသည်။
7daydaily