ပြည်တွင်းလေကြောင်းလိုင်းများအရှုံးပေါ်


13 June, 2018

ပြည်တွင်းလေကြောင်းလိုင်းများနေဖြင့် အဓိကအသုံးစရိတ်များဖြစ်သော လေယာဉ်ဆီနှင့် လေယာဉ်ဌားရမ်းခများ မလျှေ့ာချနိုင်သည့်အတွက် အရှုံးပေါ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

အရှုံးပေါ်ရခြင်းမှာ အသုံးစရိတ်များကို မလျှေ့ာချနိုင်သည့်အတွက် အရှုံးပေါ်နေကြောင်း၊ များသောအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ လေကြောင်းလိုင်းတွေက လေယာဉ်ပိုင်ဆိုင်မှုနည်းသောကြောင့် လေယာဉ်များကို ဌားရမ်းအသုံးပြုရပြီး လေယာဉ်ဌားခပေးချေရသည်နှင့် လေယာဉ်ဆီဈေးကြီးတာတွေကြောင့် အရှုံးပေါ်နေကြောင်း သိရပါသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ပြီးခဲ့သောနှစ်က ပြည်တွင်း၊ ပြည်ပခရီးသွားဦးရေ ၁ ဒသမ ၅ သန်းခန့် သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယခုနှစ်တွင် အရှုံးပေါ်နေသော်လည်း ခရီးသည်ပေါင်း ၂ သန်းအထိ သယ်ယူပို့ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။

ထိုကဲ့သို့ အရှုံးပေါ်နေခြင်းကို MNA တစ်ခုတည်းက ပြုပြင်၍မရဘဲ လေကြောင်းလိုင်းများနှင့် ပတ်သက်ဆက်နွယ်သည့် တာဝန်ရှိသည့်အဖွဲ့အစည်းများ ပူးပေါင်းပြင်ဆင်ရန်လိုအပ်ကြောင်း သိရပါသည်။

 Myawady

Local News Read 551 times