ပြည်တွင်းက RecyGlo လုပ်ငန်းကို ဒေါ်လာတစ်သိန်းခွဲရင်းနှီးမြှုပ်နှံ


07 February, 2019

စွန့်ပစ်အမှိုက်တွေကနေ အမှိုက်တွေသိမ်းတဲ့  ပြည်တွင်းက RecyGlo လုပ်ငန်းကို နော်ဝေအခြေစိုက် Katapult Ocean Accelerator အစီအစဉ်ကနေ ဒေါ်လာတစ်သိန်းခွဲ ရင်းနှီးမြှုုပ်နှံမှုရရှိခဲ့တယ်လို့  RecyGlo ကနေ သိရပါတယ်။ တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေ ထပ်မံတိုးချဲ့နိုင်ဖို့အတွက် ရင်းနှီးမြှုုပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

RecyGlo ကို ၂၀၁၇ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ ၎င်းလုပ်ငန်းဟာ ရုံး၊ ကျောင်းနဲ့ လုပ်ငန်းတွေကနေ ပြန်လည်အသုံးပြုလို့ရတဲ့ စွန့်ပစ်ပစ္စည်း( စက္ကူ၊ ပလတ်စတစ်။ အလူမီနီယမ် ဘူးခွံတွေကို ပြန်လည် ခွဲခြားပေးပါတယ်။ ထို့ပြင်  recycle လုပ်ဖို့အတွက် recycle bin ထောက်ပံ့မှု၊ စွန့်ပစ်ပစ္စည်းတွေကို recycle လုပ်တဲ့စက်ရုံတွေဆီ သယ်ပို့ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်ပြီး သတိပေးချက်တွေနဲ့ ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုပါ ပညာပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RecyGlo ဟာ ၂၀၁၇ ခုနှစ်အတွင်းဖန်တီးရာ accelerator အမှတ်စဉ် (၂) (၂၀၁၇-၂၀၁၈) ကနေ ထွက်ပေါ်လာတာဖြစ်ပြီးတော့ UNODC, World Bank , Uniteam Marine Building, Impact Hub, H&M, Parkside one building တို့ကနေ အသုံးပြုနေတာ ဖြစ်ပါတယ်။

 “အမတို့ ဖန်တီးရာက ပရိုဂရမ်ပြီးလို့ ထပ်ပြီး ရင်းနှီးမြှုုပ်နှံမှု ရှာတဲ့အခါမှာ နော်ဝေကအဖွဲ့တစ်ခုကနေပြီးတော့ မြန်မာနိုင်ငံမှာလည်း ပင်လယ်တွေထဲကို စွန့်ပစ်အမှိုက်တွေ ရောက်မလာအောင်လို့ ဘယ်လိုဝန်ဆောင်မှုပေးနိုင်မလဲဆိုပြီး မျှော်လင့်ပြီး ရင်းနှီးမြှုုပ်နှံမှုပြုလုပ်တာပါ” လို့ က RecyGlo ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ မရွှေယမင်းဦးက ပြောပါတယ်။

ရင်းနှီးမြှုုပ်နှံမှုကာလက တစ်နှစ်အတွက် ဖြစ်ပြီးတော့ မူရင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထက် ပိုပြီးကောင်းမွန် စနစ်ကျတဲ့လုပ်ငန်းတွေအထိ ချဲ့ထွင်မယ်လို့လည်း သူက ပြောပါတယ်။

Duwun

Local News Investment/Divestment Read 552 times