မြန်မာ့ကျွမ်းကျင်လုပ်သားများ ပြည်တွင်းသို့ပြန်ဝင်လာရန် ပြည်တွင်းထိပ်တန်း ကုမ္ပဏီများ စင်ကာပူသို့သွားရောက်၍ အလုပ်ထောင်ချီခေါ်ယူမည်ဖြစ်ကြောင်း သိရပါသည်။
နိုင်ငံတကာသို့ ရောက်ရှိနေသော ကျွမ်းကျင်လုပ်သားများကို ပြည်တော်ပြန်လာပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံအတွင်းမှ ထိပ်တန်းကုမ္ပဏီများနှင့်အတူ JobNet.com.mm ပူးပေါင်းပြီး အလုပ်နေရာထောင်ချီ ခေါ်ယူမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါအလုပ်အကိုင်ပြပွဲကို စင်ကာပူနိုင်ငံရှိ Raffles City Convention Centre တွင် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်ရည်ရွယ်ပြီးပြုလုပ်သည့် အဆိုပါအလုပ်အကိုင်ပြပွဲတွင် မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်း၊ ပြည်ပ ကုမ္ပကြီးများက အလုပ်အကိုင်နေရာပေါင်း ၂၀၀၀ ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း JobNet.com.mm မှ သိရပါသည်။
စက်မှုကုန်ထုတ်၊ အုပ်ချုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ စာရင်းအင်းပညာ၊ အင်ဂျင်နီယာ၊ သတင်းအချက်အလတ်နှင့် နည်းပညာ၊ ဈေးကွက်စီမံခန့်ခွဲခြင်း၊ လူထုဆက်ဆံရေး၊ ဈေးကွက် အရောင်းကျွမ်းကျင် စည့်ကဏ္ဍများအတွက် အလုပ်အကိုင်များကို ခေါ်ယူမည်ဟု JobNet.com.mm မှ သိရပါသည်။
အဆိုပါအလုပ်အကိုင်ပြပွဲသို့ ထိပ်တန်းကုမ္ပဏီများဖြစ်သည့် CB Bank, CDSG, MPT, Myanmar Net, MPRL, RMA နှင့် Oway တို့အပါအဝင် ကုမ္ပဏီပေါင်း ၂၀ ဝန်းကျင်ခန့်က ၎င်းတို့၏ကုမ္ပဏီအတွက် အလုပ်အကိုင်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ယူမည်ဖြစ်ပြီး ပြပွဲသို့လာရောက်သူများအနေဖြင့် JobNet.com.mm မှ ထောင်ပေါင်းများစွာသော အလုပ်အကိုင်များကိုလည်း လျှောက်ထားနိုင်ကြောင်း သိရပါသည်။
Daily Eleven