လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူများကို ချေးငွေများထုတ်ပေးမည်


25 May, 2018

လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့အိမ်ထောင်စု ၆၀၀၀ ကျော်ကို မဟာလယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းနဲ့ ရိုးမဘဏ်တို့ပူးပေါင်းပြီး ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ရိုးမဘဏ်ရဲ့ထုတ်ပြန်ကြေငြာချက် အရသိရပါသည်။

လယ်သမားအများစုမှာ ငွေထုတ်ချေးရန်အခွင့်အလမ်းနည်းပါးလာတာကြောင့်ယခုလိုထုတ်ချေးပေးနိုင်ရန် လုပ်ဆောင်တာဖြစ်တယ်လို့ မဟာလယ်ယာစိုက်ပျိုးရေးဆိုင်ရာအသေးစားချေးငွေလုပ်ငန်းရဲ့တာဝန်ခံတစ်ဦးက ပြောခဲ့ပါသည်။

ကုန်ထုတ်စွမ်းအားတိုးတက်လာဖို့နှင့် ဝင်ငွေတိုးလာဖို့လိုအပ်တဲ့ဘဏ္ဍာငွေ ထောက်ပံ့မှုတွေကို လယ်သမားတွေ၊ အသေးစားလုပ်ငန်းတွေ၊ ဈေးရောင်းသူတွေဆီပေးအပ်ပြီး ပမာဏနည်းပြီးအပေါင်ပစ္စည်းမလိုတဲ့ ချေးငွေထုတ်ချေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ကြောင်း၊ မြေနဲ့ အဆောက်အဦကို အာမခံအဖြစ်မယူဘဲ ငွေကြေးထုတ်ချေးပေးနိုင်ခြင်းဖြင့်လယ်သမားများအတွက်အသေးစားချေးငွေ ကူညီထောက်ပံ့နေတဲ့လုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် ကောင်းစွာရယူအသုံးပြုနိုင်စေရန်အတွက် ရိုးမဘဏ်ကကူညီပံ့ပိုးပေးတာဖြစ်တယ်လို့ရိုး မဘဏ် ရဲ့ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးဆိုင်ရာပစ္စည်းများ ၊ ဓာတ်မြေသြဇာနဲ့ မျိုးစေ့ဝယ်ယူခြင်းအတွက်လိုအပ်သော ရင်းနှီးငွေများ ၊ အသေးစားလုပ်ငန်းဆောင်ရွက်မှုများ နဲ့လယ်ယာလုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်ဖို့အတွက် မဟာလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ရိုးမဘဏ်က မြန်မာကျပ် ငွေ ၃.၅ ဘီလီယံ ငွေကြေးကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

မဟာလယ်ယာစိုက်ပျိုးရေး အသေးစားချေးငွေလုပ်ငန်းကို ၂၀၁၃ခု နှစ်က စတင်တည်ထောင်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ရိုးမဘဏ်တို့ပူးပေါင်းကာ လယ်ယာလုပ်ကိုင်သူများထံ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။

Source: Pissaya

Banking & Loan Read 4641 times