စင်ဒေါ်လာ မြင့်တက်သဖြင့် ရင်းဂစ် လဲသူ များပြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူဒေါ်လာသည် မလေးရှားရင်းဂစ်နှင့် နှိုင်းယှဉ်လျှင် တန်ဖိုးတက်သွားသောကြောင့် စင်ကာပူတစ်ခွင်ရှိ ငွေလဲလုပ်ငန်းများတွင် ရင်းဂစ် လာလဲသူများ တန်းစီနေကြသည်ကို အောက်တိုဘာလ ၁၄ ရက်တွင် မြင်တွေ့ရပါသည်။
စင်္ကာပူဒေါ်လာသည် သောကြာနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်တွင် RM3.30 ဖြင့် စံချိန်တင်မြင့်မားခဲ့ပါသည်။ စင်ကာပူသည် မလေးရှားမှ ခွဲထွက်ပြီး ၁၉၆၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း Shin Min Daily News က ဖော်ပြသည်။
People's Park Complex မှ Crante Money Changer က တစ်နာရီခွဲအတွင်း ရင်းဂစ် တစ်သိန်း ရောင်းချခဲ့ကြောင်း ပြောကြားသည်။ ငွေလဲနှုန်းမှာ စင်ကာပူ တစ်ဒေါ်လာ ၃.၂၅ ရင်းဂစ် ဖြစ်သည်။ ရင်းဂစ်သည် အမေရိကန် ဒေါ်လာနှင့် လဲနှုန်းတွင်လည်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။ အမေရိကန် ဗဟိုဘဏ် Federal Reserve အတိုးနှုန်း အကြိမ်ကြိမ် တိုးမြှင့် သတ်မှတ်ခြင်း၊ မလေးရှားတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး နိုင်ငံရေး မတည်ငြိမ်ခြင်းတို့ကြောင့် ရင်းဂစ် အားပျော့နေကြောင်း Business Times က သတင်းဖော်ပြသည်။
Source Business Times, Shin Min Daily News