စင်ကာပူတွင် ရင်းဂစ် ဝယ်ယူသူ များပြား


05 August, 2022

စင်ကာပူတွင် ရင်းဂစ် ဝယ်ယူသူ များပြား

 စင်ကာပူနိုင်ငံ Raffles Place ရှိ The Arcade တွင် တည်ရှိသော  Money changer ငွေလဲဆိုင်များတွင် မလေးရှားရင်းဂစ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများ ရှည်ရှည်လျားလျား တန်းစီနေကြပါတယ် ။ ရင်းဂစ်တန်ဖိုးက စင်ကာပူဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကြာသပတေးနေ့ (သြဂုတ် ၄ ရက်) တွင် အနိမ့်ဆုံးသို့ ကျဆင်းသွားတဲ့အတွက် ရင်းဂစ်ကို လာဝယ်ကြတာ ဖြစ်ပါတယ်။ 

၁ စင်ကာပူဒေါ်လာအတွက် ငွေလဲနှုန်းက ယခုနှစ်စတွင် ရင်းဂစ် 3.0857 ဖြင့် စတင်ပြီးနောက် ယခုအခါ ရင်းဂစ် 3.23 ဖြင့် စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

  Money changer ငွေလဲဆိုင်များမှာ အချို့ဆိုင်တွေက ရင်းဂစ်ကို မရောင်းကြပါဘူး။


 

 

နိုင်ငံခြားသုံးငွေ ငွေလဲနှုန်းဖော်ပြထားတဲ့ ဇယားမှာ ရင်းဂစ်ရောင်းဈေးကို သုည 0 များဖြင့် ဖော်ပြပေးထားတာဟာ ဆိုင်မှာ ရောင်းစရာ ရင်းဂစ်ကုန်နေပြီလို့ အသိပေးထားတာ ဖြစ်ပါတယ်။

ဝယ်လိုအား များလွန်းလို့ လက်ကျန်ရင်းဂစ်မရှိတော့တာက တစ်ကြောင်းဖြစ်ပြီး အချို့ဆိုင်တွေက ရင်းဂစ်ကို ဆိုင်မှာ မရောင်းတော့တာကလည်း အကြောင်းတစ်ခု ဖြစ်ပါတယ်။ 
တချို့ဆိုင်တွေက ရင်းဂစ်ကို မရောင်းတော့ပေမဲ့ လာရောင်းတဲ့သူ ရှိရင်တော့ ဝယ်ပါတယ်။  ကျဈေးဖြင့် ရတုန်းရခိုက် ဝယ်ထားလိုက်တဲ့ သဘောဖြစ်ပါတယ်။ 

ထိုင်းဘတ်ငွေ သို့မဟုတ် ဗီယက်နမ်ဒေါင် ကဲ့သို့သော ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ရင်းဂစ်က အရောင်းအဝယ်ပမာဏ မြင့်မားနေသော်လည်း ရင်းဂစ်ကြောင့်  မကြာခဏ အရှုံးပေါ်နေကြောင်း ငွေလဲဆိုင်အချို့မှာ ဆိုင်ရှင်များက ပြောကြားပါတယ်။ 

Universal Money Xpress ပိုင်ရှင် အသက် ၅၀ နှစ်အရွယ် Mr San Kabeer က ရင်းဂစ်ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ 


သူက "စတိုးဆိုင်မှာ လုပ်ကိုင်မယ့်သူဆိုလို့ ကျွန်တော်တို့  နှစ်ဦးပဲ ရှိတယ်။ လူတန်းရှည်ကြီးကို တစ်ယောက်ပြီး တစ်ယောက် ရင်းဂစ်ရောင်းပေးနေဖို့ဆိုတာ မလွယ်ပါဘူး၊ ပြီးတော့ အမြတ်အစွန်းကလည်း အလွန်နည်းပါးတာကြောင့် ဆက်လက်ရောင်းချနေဖို့ဆိုတာ အဓိပ္ပာယ်မရှိပါဘူး"လို့ ပြောကြားပါတယ်။ 

Hasan Trading Money Exchange ပိုင်ရှင်  Mr Mohammed Ismail ၊ အသက် ၅၀ နှစ်အရွယ် Mr Mohammed Ismail က ဆိုင်ကို တစ်ဦးတည်းလုပ်ကိုင်နေသူဖြစ်ပြီး ရင်းဂစ်ငွေ လဲလှယ်ခြင်းကို ရပ်ထားပါတယ်။ ပင်ပန်းတာနဲ့ ရတာ မကာမိဘူး၊ ရတဲ့ အမြတ်အစွန်းက နည်းနေကြောင်း သူက ပြောကြားပါတယ်။ 

ငွေလဲလှယ်သူ အများအပြားက ရင်းဂစ်ငွေ နေ့စဉ်နီးပါး ကျဆင်းနေသဖြင့် လုပ်ငန်း မတည်မငြိမ်ဖြစ်နေပြီး ဆုံးရှုံးမယ့်အရေး မျာပြားကြောင်း ရှင်းပြကြပါတယ်။ 

ငွေလဲလှယ်သူများသည် ရင်းဂစ်တွေ ရောင်းပေးဖို့အတွက် ရင်းဂစ်တွေကို  ကြိုတင်ဝယ်ယူ ထားကြရပါတယ်။ သူတို့ ဝယ်ထားတဲ့ ရင်းဂစ်တွေကို ပြန်ရောင်းပေးတဲ့အခါကျတော့ သူတို့ ဝယ်ယူစဉ်တုန်းက ဈေးထက် နည်းနေပါတယ်။ ဒီတော့ များများရောင်းလေ များများ ရှုံးလေ ဖြစ်ဖို့ပဲ ရှိပါတယ်။ 


Golden Jinna ငွေလဲဆိုင်မှ  ဝန်ထမ်းတစ်ဦးဖြစ်သော အသက် ၅၇ နှစ်အရွယ် Mr Rahmed က “ဒီနေ့ သတ်မှတ်ထားတဲ့ နှုန်းထားဖြင့်သာ ရင်းဂစ်တွေကို  ဝယ်ယူနိုင်ပါတယ်။ မနက်ဖြန် နှုန်းထားက လျော့သွားရင် အဲဒီပေါက်ဈေးဖြင့်  အရှုံးခံ ရောင်းဖို့က လွဲပြီး ရွေးချယ်စရာ မရှိပါဘူး" လို့ ပြောပြပါတဘ်။
သူ့အလုပ်ရှင်က ယခုလို အချိန်မျိုးမှာ ရင်းဂစ်ငွေကို များများစားစား ဝယ်မထားကြောင်း၊ တစ်ဦးချင်းလက်လီလာဝယ်တာတွေကိုလည်း မရောင်းချကြောင်း၊ ရောင်းချဖို့  လိုအပ်လာတဲ့အခါ  အခြားငွေလဲသူများထံသို့သာ လက်ကားဈေးဖြင့် ရောင်းချကြောင်း ၎င်းက ပြောကြားပါတယ်။ 
တစ်နည်းပြောရရင် လက်ထဲ ရှိနေတဲ့ ရင်းဂစ်တွေ ဈေးဆက်ကျနေဦးမှာမို့ ရှင်းထုတ်လိုက်တာ ဖြစ်ပါတယ်။
“ပြောပလောက်တဲ့ အမြတ်ရဖို့ဆိုတာ  ရင်းဂစ်ကို သန်းနဲ့ချီပြီး ရောင်းမှပဲ ရမယ်၊ ဒီတော့ ငွေလဲလှယ်သူ အသေးစားတွေက မယှဉ်နိုင်ပါဘူး” လို့  Mr Rahmed က ပြောကြားပါတယ်။ 

VS Exchange ကိုပိုင်ဆိုင်သည့် အသက် ၅၃  နှစ်ရှိ Mr Vanchilabbai Sharifdeen က ရင်းဂစ် တစ်သိန်း ရောင်းချရင် ငွေလဲလုပ်ငန်းက  အမြတ် စင်ကာပူဒေါ်လာ ၁၀ နှင့် ၃၀ ကြားထက် ပိုမရကြောင်း ပြောကြားပါတယ်။ 
"ငွေလဲတဲ့ လုပ်ငန်းက အရောင်းပမာဏ များတိုင်း အမြတ်က များတာမျိုး မဟုတ်ပါဘူး" လို့ သူက ရှင်းပြပါတယ်။ 


အမည်မဖော်လိုသော Dazzling Xchange မှ ဝန်ထမ်းတစ်ဦးက သူအလုပ်လုပ်တဲ့ဆိုင်မှာ ရင်းဂစ်ဖြင့် နေ့စဉ်ရောင်းချသော်လည်း အမြတ်နည်းသောကြောင့် ပမာဏ နည်းနည်းပါးပါးကိုသာ ရောင်းချတယ်လို့ ပြောပြပါတယ်။ 
“အမှန်အတိုင်း ပြောရရင်တော့ တစ်ခါတလေကျရင် အရှုံးနဲ့ ရောင်းတယ်။ ဒါပေမဲ့ ဝယ်လိုအား ကောင်းနေတုန်းမို့ အမြတ်နည်းနည်းပါးပါး ရတာက ဘာမှမရတာထက် ပိုကောင်းတယ်” လို့ ပြောပြပါတယ်။ 

စင်ကာပူနိုင်ငံသားအချို့တို့က ရင်းဂစ် ငွေဈေးကျနေတုန်း  ရင်းဂစ် ဝယ်ယူပြီး စုထားရန် ကြိုးပမ်းနေကြပါတယ်။ ရင်းဂစ် ဝယ်ယူသူတစ်ဦးက အရောင်းအ၀ယ်တစ်ခုတွင် စင်ကာပူဒေါ်လာ ၃၀,၀၀၀ ဖိုး လဲလှယ်ခဲ့ကြောင်း Mr Sharifdeen က ပြောကြားခဲ့သည်။
အများစုကတော့ စင်ကာပူဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ လဲလှယ်ကြပါတယ်။ သူတို့က အားလပ်ရက်မှာ မလေးရှားနိုင်ငံကို အလည်အပတ် ခရီးထွက်ကြဖို့ ရင်းဂစ် လာလဲကြတာလို့ဆိုပါတယ်။ 
ဝယ်ယူသူ အများစု ငွေသား မသုံးဘဲ ဘဏ်ကတ်ဖြင့်သာ ပေးချေကြပါတယ်။ 
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U
Source: The New Paper

Banking & Loan Read 22136 times