တရုတ်နိုင်ငံမှ နုတ်ထွက်ပြီးနောက် Lotte အကြီးအကဲ  ဗီယက်နမ်ကို မျက်စိကျ


27 August, 2022

တရုတ်နိုင်ငံမှ နုတ်ထွက်ပြီးနောက် Lotte အကြီးအကဲ  ဗီယက်နမ်ကို မျက်စိကျ

Lotte Group ဥက္ကဋ္ဌ Shin Dong-bin သည်  ဗီယက်နမ်သို့ သွားရောက်ရန် စီစဉ်ထားသည်။

Lotte Group ဥက္ကဋ္ဌ Shin Dong-bin သည်  သြဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရက အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးခံရပြီးသည့်နောက်တွင် ပြည်ပသို့ ခရီးသွားလာခွင့် ပြန်လည်ရရှိခဲ့ပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်သို့ သွားရောက်ခြင်း ဖြစ်သည်။ 
 

 

ယခုခရီးစဉ်သည် ကိုရီးယား၏ ပဉ္စမအကြီးဆုံး စီးပွားရေးလုပ်ငန်းစု Lotte Group သည် ဗီယက်နမ်နိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ရန် အလေးအနက်ထားကြောင်း ပြသနေသည်။ Lotte Group သည် တရုတ်နိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

 Lotte Group အတွက်  ဗီယက်နမ်သည် ကိုရီးယားနှင့် ဂျပန်ပြီးလျှင်တတိယ အရေးအကြီးဆုံး စျေးကွက်ဖြစ်သည်။ ကုမ္ပဏီသည် လက်ရှိတွင် Lotteria စားသောက်ဆိုင်ပေါင်း ၂၇၀ နှင့် Lotte Mart ဆိုင်ပေါင်း ၁၅ ဆိုင်ကို လုပ်ကိုင်လည်ပတ်လျက်ရှိသည်။ 
Lotteria ကို  Lotte GRS က လုပ်ကိုင်သည်။ 
အကြီးစား ဟိုက်ပါမားကက်စတိုး ဖြစ်သော Lotte Mart  ကို Lotte Shopping က လုပ်ကိုင်သည်။ 

Lotte Group သည် အခြားလုပ်ငန်းများနှင့် အတူလက်တွဲကာ ဟံနွိုင်နှင့် ဟိုချီးမင်းစီးတီးတို့တွင် ဈေးဆိုင်တန်းအဆောက်အဦကြီးများဦ လူနေအိမ်ရာများ ဆောက်လုပ်လျက် ရှိသည်။
ဟိုချီးမင်းစီးတီး တွင် ကြီးမားသော အဆောက်အဦစီမံကိန်းဖြစ်သည့်  Eco Smart City ကို အကောင်အထည်ဖော်လျက် ရှိသည်။ 
ဟနွိုင်စီးတီးတွင် Lotte Mall Hanoi  ကို ဆောက်လုပ်နေပြီး ၂၀၂၃ တွင် စီမံကိန်း ပြီးစီးမည် ဖြစ်သည်။ 

Lotte သည် တရုတ်ပြည် ချန်ဒူးမှ ၎င်း၏ နောက်ဆုံးလက်ကျန် ကုန်တိုက်ကို ပိတ်သိမ်းရန် စီစဉ်ဆောင်ရွက်နေသည်။ 
ယခင်က တရုတ်ပြည်တွင်းဈေးကွက်သည် Lotte အဖို့ ကိုရီးယားနှင့် ဂျပန်တို့နည်းတူ အရေးပါခဲ့သော ဈေးကွက်ဖြစ်ခဲ့သည်။ 
Lotte Shopping သည် ၂၀၀၈ ခုနှစ်တွင် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး စတိုးဆိုင်ငါးဆိုင်နှင့် လျှော့ဈေးစတိုးဆိုင် ၁၉၉ ဆိုင် ဖွင့်လှစ်ခဲ့သည်။
တောင်ကိုရီးယားက အမေရိကန်ကို တပ်စွဲထားဖို့  လက်ခံရန် ဆုံးဖြတ်ပြီးနောက်  ၂၀၁၇ ခုနှစ်တွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ်အား တောင်ကိုရီးယားတွင် ထားရှိခဲ့ရာ တရုတ်နိုင်ငံက တရုတ်နိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ကိုရီးယားကုမ္ပဏီများအပေါ်  စီးပွားရေးအရ လက်တုံ့ပြန်ခဲ့သည်။ 

အကြောင်းစုံ ဖတ်ရှုရန် ခေါင်'စဉ်ပြာကို ထိပါ
ကိုရီးယား အကြီးမားဆုံး လက်လီအရောင်းလုပ်ငန်း Lotte တရုတ်ပြည်မှ ထွက်ခွာရန် ဆုံးဖြတ်

 

Lotte Mart သည် တရုတ်နိုင်ငံရှိ ၎င်း၏စတိုးဆိုင်အားလုံးကို ၂၀၁၈ ခုနှစ်တွင် ပိတ်ခဲ့သည်။
နောက်ဆုံးလက်ကျန်တစ်ခုတည်းသာ ကျန်တော့သည့် ချန်ဒူးရှိ Lotte Department Store ကို ယခုနှစ်တွင် ရုပ်သိမ်းမည် ဖြစ်သည်။ 

ပြီးခဲ့သည့်လက ချန်ဒူးမှ ကုန်တိုက်ကို ရောင်းချရန် Lotte Shopping က ဆုံးဖြတ်ခဲ့သည်။ လွန်လဲ့သည့် ၁၄ နှစ်က တရုတ်ပြည်တွင်းဈေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့သော Lotte Shopping သည် ချန်ဒူးကုန်တိုက် ရောင်းချပြီးစီးပါက တရုတ်ပြည်မှ နုတ်ထွက်ခြင်း ပြီးပြတ်မည် ဖြစ်သည်။ 

“လောလောဆယ် ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ကျွန်တော်တိုံ့ရဲ့ ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းတွေကို တက်ကြွစွာ လည်ပတ်နေပါတယ်။ အထူးသဖြင့် ဗီယက်နမ်ဈေးကွက်က လက်လီလုပ်ငန်းမှာ အရှိန်အဟုန်နဲ့ တိုးတက်မှုကို ပြသနေပြီး တိုးချဲ့ဖို့နေရာ ပိုကျန်နေပါသေးတယ်။ ကိုရီးယားက ဗီယက်နမ်မှာ နာမည်ကောင်းရှိပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးကို အထောက်အကူဖြစ်ပါတယ်။ စားသုံးသူတွေရဲ့  ဝင်ငွေလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်" ဟု Lotte Shopping က ပြောကြားသည်။
Source: Koreatimes
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Investment/Divestment Read 12057 times