Lucky Plaza, City Plaza နှင့် Peninsula Plaza နေရာ သုံးခုရှိ အေဂျင်စီများမှတစ်ဆင့် ငွေပို့သည့် ပြည်ပလုပ်သားများအပါအဝင် ငွေပို့သူများသည် ယခုအခါ ဖုန်း သို့မဟုတ် အွန်လိုင်းမှ ငွေလွှဲအေဂျင်စီများနှင့် ကြိုတင်ရက်ချိန်းယူရမည်ဟု ပြဌာန်းထားသည်၊ စနေနေ့ (ဇွန် ၁၃ ရက်) တွင် စတင်ခဲ့သည့်စည်းမျဉ်းသည် စနေနေ့၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များတွင် ဖြစ်သည်ဟု စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) ကဆိုသည်။
ဤသို့ စီစဉ်ရသည်မှာ လူအစုအဝေးကိုလျှော့ချရန်အတွက် ဖြစ်သည်။
"ဒီနေရာတွေမှာ လူကိုယ်တိုင် လာပြီး ငွေလွှဲဖို့ ကြိုတင်ချိန်းဆိုမှု မလုပ်နိုင်တဲ့ ပြည်ပလုပ်သားများတွေကို e-remittance option တွေသုံးဖို့ ဒါမှမဟုတ် အခြားနေရာတစ်ခုခုမှာ ရှိတဲ့ ငွေလွှဲကိုယ်စားလှယ်ကို သွားဖို့ တိုက်တွန်းတယ်" ဟု လူအင်အား ဝန်ကြီးဌာနက အကြံပေးပြောကြားခဲ့သည်။
တနင်္ဂနွေ အလုပ်ပိတ်ရက်တွင် ပုံမှန်အားဖြင့် လူ ၁၀၀၀ အထက် လာရောက်ပြီး ငွေလွှဲကြလေ့ ရှိသည်။ ကြိုတင်ရက်ချိန်းယူစနစ်ကျင့်သုံးပြီးသောအခါ လူ ၁၀၀ ဝန်းကျင်ကိုသာ ငွေလွှဲကိစ္စ ဆောင်ရွက်ခဲ့သည်။