မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ဦးပီကူးမား နေအိမ်၌ အားဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်း သတင်းအရမန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ တာဝန်ရှိသူများ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်တဲ့
ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီကျော်အချိန်တွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြပါတယ် ။
ယင်းသို့ ဝင်ရောက်စစ်ဆေးရာမှ ဦးပီကူးမား၏ နေအိမ်တိုက်ခန်းအပေါ်ထပ်(၄)လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး
အချိုရည်ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်။
`` တရားလိုပြုလုပ်ရမယ့် M 150 ကုမ္ပဏီဘက်က အမှုလာမဖွင့်သေးတာပါ သူတို့ကလည်း တိုင်ပင်နေကြတုန်းမို့ လောလောဆယ်တော့ သက်သေခံပစ္စည်းတွေကို သိမ်းထားပြီးပါပြီ၊
M 150 ကုမ္ပဏီကနေ တရားလိုလုပ်ပြီး အမှုဖွင့်ရမှာပါ´´လို့ အမှတ်(၁) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
ကေဝိုင်