M1 Group က ပြည်တွင်းလုပ်ငန်းနှင်အတူ Telenor Myanmar ကို ဝယ်ယူမည်


22 January, 2022

M1 Group က ပြည်တွင်းလုပ်ငန်းနှင်အတူ Telenor Myanmar ကို ဝယ်ယူမည်

လက်ဘနွန်မှ M1 Group က မြန်မာလုပ်ငန်းတစ်ခုနှင့်အတူ နော်ဝေးမှ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Telenor ၏ မြန်မာနိုင်ငံရှိ Telenor Myanmar လုပ်ငန်းကို ဝယ်ယူမည် ဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။

Telenor က မြန်မာနိုင်ငံမှ ထွက်ခွာရန်အတွက် Telenor Myanmar လုပ်ငန်းကို M1 Group သို့ ကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင်လက ပြောကြားခဲ့ပါတယ်။

ထောက်လှမ်းရေးနည်းပညာများ တပ်ဆင်ရန် စေခိုင်းသဖြင့် ထွက်ခွာသည့်နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အကြီးတန်းအမှုဆောင်အရာရှိများကို နိုင်ငံတွင်းမှ ထွက်ခွာရန် တားမြစ်ထားခြင်း ခံရပါတယ်။ M1 Group သို့ ရောင်းချခြင်းကိုလည်း အတည်ပြု ခွင့်ပြုချက် မရရှိသဖြင့် ထွက်ခွာဖို့အရေး လိပ်ခဲတင်းလင်း ဖြစ်နေပါတယ်။ ဝယ်ယူသူ M1 Group အနေဖြင့် ပြည်တွင်းလုပ်ငန်း အနည်းဆုံး တစ်ခုနှင့်အတူ ဝယ်ယူမှသာ အရောင်းအဝယ်ကို အတည်ပြုခွင့်ပြုမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

 M1 Group က မြန်မာမှ ရွှေဗျိုင်းဖြူ လုပ်ငန်းစုနှင်အတူ လက်တွဲပြီး Atom အမည်ရှိ လုပ်ငန်းသစ် ထူထောင်ကာ  Telenor Myanmar ကို ဝယ်ယူမှာဖြစ်ပြီး လုပ်ငန်းသစ်မှာ ရွှေဗျိုင်းဖြူက ရှယ်ယာအများစုကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရွှေဗျိုင်းဖြူသည် ကုမ္ပဏီ လုပ်ငန်းစုဖြစ်ပြီး ကျောက်မျက်တူးဖော်ခြင်းနှင့် စက်သုံးဆီ အရောင်းဆိုင်များ လုပ်ကိုင်ပါတယ်။လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက ဆက်သွယ်ရေးလုပ်ငန်း Mytel မှာ အစုရှယ်ယာပါဝင်တဲ့ Mahar Yoma Public Company မှာ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။
M1 Group က လက်ဘနွန် ဝန်ကြီးချုပ် Najib Mikati မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း  ဖြစ်ပါတယ်။

Investment/Divestment Read 609 times