ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သုံးသော စက်ပစ္စည်းများ


17 July, 2018

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် စက်ပစ္စည်းအသုံးပြုနိုင်မှုသည်လည်း အဓိကကျပေသည်။ စိုက်ပျိုးထုတ်လုပ်မှုတွင် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်သိမ်းဆည်းခြင်း၊ ဈေးကွက်ကြိုတင်ရှာဖွေခြင်း၊ ယခင်အသုတ် စိုက်ပျိုးခြင်းမှ ကျန်ရစ်သည့် စိုက်ပျိုးရေးထုတ်ကုန်များကို သိမ်းဆည်းခြင်း၊ မျိုးစေ့ချခြင်း၊ အပင်စိုက်ခြင်း၊ ရွေ့ပြောင်းစိုက်ပျိုးခြင်း၊ မြေဆီလွှာ ထွန်ယက်ခြင်း၊ မြေသြဇာ အသုံးပြုခြင်း၊ ရောဂါပိုးမွှားထိန်းချုပ်ခြင်း၊ ခူးဆွတ်၊ ရိတ်သိမ်းခြင်း၊ ရေစီးရေလာကောင်းမွန်စေခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း စသည်တို့ ပါဝင်ပါသည်။

စိုက်ပျိုးရေးသမိုင်းတစ်လျှောက်တွင် တိရိစ္ဆာန်များသည် လယ်ယာများတွင် အဓိကအင်အားဖြစ်ကြသည်။နောက်ပိုင်းတွင် ရေနွေးငွေ့စွမ်းအင်သည် အရေးပါလာပြီး ပထမကမ္ဘာစစ်ပြီးနောက်တွင် ထွန်စက်များကို အသုံးပြုလာကြသည်။ထို့နောက် ဒီဇယ်အင်ဂျင်ကို စတင်အသုံးပြုလာကြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် စက်ပစ္စည်းများအသုံးများလာခြင်းကြောင့် လူအင်အားလျော့ကျလာခဲ့ပါသည်။

နည်းပညာများတိုးတက်လာခြင်းကြောင့် စိုက်ပျိုးရေးတွင် အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်လာခဲ့ပသည်။ ယခုအလါ မိရိုးဖလာ စိုက်ပျိုးရေးစနစ်များကို စွန့်လွှတ်လာကြပြီး လယ်ယာမြေများတွင် ထွန်စက်များ၊ စက်ပစ္စည်းများ အသုံးပြုလာခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍသည် တိုးတက်ကောင်းမွန်လာပါသည်။

အောက်ဖော်ပြပါ စက်ပစ္စည်းကိရိယာများမှာ လယ်သမားများအသုံးပြုကြသော အဓိကစက်ပစ္စည်းများ ဖြစ်ကြပါသည်။

ထွန်စက်

သမိုင်းတွင်ခဲ့သောတီထွင်မှုဖြစ်ခဲ့ပြီး စိုက်ပျိုးရေး လိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ထွန်ခြစ်

မြေပေါ်တွင် တရွက်ဆွဲ၍ သတ္တုများ၊ သစ်တောများနှင့် အခြားသောမာကျောသည့် အရာများကို ဖြိုခွဲဖယ်ရှားရန် အသုံးပြုသည်။

လယ်ထွန် ကိရိယာ

လယ်ယာစိုက်ပျိုးရေး စက်ပစ္စည်းများထဲတွင် မရှိမဖြစ် ပစ္စည်းကိရိယာတစ်ခုဖြစ်ပြီး မြေကြီးကို လွယ်ကူစွာ ထွန်ယက်ပေးနိုင်သည်။

မျိုးစေ့ချစက်

အဆိုပါစက်သည် လွယ်ကူစွာ ထွန်ယက်မရသော မာကျောသည့် မြေပေါ်တွင် ကြိုတင်၍ မြေကို ထွန်ယက်ရန်မလိုပဲ မျိုးစေ့ချ စိုက်ပျိုးနိုင်သည့် စက်ပစ္စည်းတစ်ခုဖြစ်သည်။

မြေသြဇာ ပက်ဖြန်းစက်

အပင်များ ကျန်းမာစွာ ကြီးထွားရန် မြေသြဇာလိုအပ်သည်။ ဓာတ်မြေသြဇာ အရည်များကို တိုင်ကီကဲ့သို့သော ပုံးအတွင်းထည့်၍ လယ်ယာမြေတစ်လျှောက် ပက်ဖြန်းပေးနိုင်သည်။

အလိုအလျောက်ပေါင်းသတ်စက်

အရည်အသွေးကောင်းမွန်သော ကောက်ပဲသီးနှံများ ရရှိရန်အတွက် ပေါင်းသတ်ခြင်းသည်လည်း အရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ထိရောက်စွာ ပေါင်းသတ်ပေးနိုင်သည့်စက်များကို တီထွင်လာကြပြီး စိုက်ပျိုးထားသည့် အပင်များကို မပျက်ဆီးစေပဲ လျှင်မြန်စွာပေါင်းသင်ပေးနိုင်သည်။

ဆေးရည်ဖြန်းစက်

ပျံသန်းနိုင်သော drone ကဲ့သို့သော စက်ဖြင့် အပင်များအပေါ် လိုအပ်သည့် ဆေးဝါးများ ပက်ဖျန်းနိုင်သည်။

ကောက်ရိတ်သိမ်းခြွေလှေစက်

အခြေခံအားဖြင့် မြက်ခင်းညှိစက်ဖြစ်သော်လည်း အရွယ်အစား ပိုမိုကြီးမားသည်။ ကေက်ရိတ်စက်ဖြင့် တိရိစ္ဆာန်များအတွက် ကောက်ရိုးများ စဉ်းပေးနိုင်သည်။

နို့ညှစ်စက်

နို့ညှစ်စက် အသုံးပြုခြင်းဖြင့် အလုပ်သမားခသက်သာခြင်းအပြင် အကောင်အရေအတွက်များစွာညှစ်နိုင်၍ နို့ထွက်နှုန်းနှင့် အရည်အသွေးကို မြင့်တက်စေပါသည်။

 Industrial Technology

Agriculture & Livestock Tips Read 3595 times