ရန်ကုန်မြို့ပြ မဟာစီမံကိန်းလေးခု ယူရို သန်း ၇၀ မှ ၈၅ ကြား သုံးမည်


23 September, 2018

ရန်ကုန်မြို့ပြ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမှုအပါအဝင် မဟာဗျူဟာစီမံကိန်း လေးခုအတွက် ပြင်သစ်နိုင်ငံ ချေးငွေ ယူရိုသန်း ၇၀မှ ၈၅ သန်းကြား သုံးစွဲမည်ဖြစ်ကြောင်းပန်းဘဲတန်းမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောကြားသည်။

“၂၀၁၆လောက်တုန်းက AFD (Agence Française de Développement)လို့ ခေါ်တဲ့အဖွဲ့နဲ့ အစိုးရကဆွေးနွေးထားတယ်။ ဆွေးနွေးထားပြီးတော့ သဘောတူညီမှုယူပြီး ၂၀၁၇ကနေ ၂၀၂၁အထိ မဟာဗျ ူဟာစီမံကိန်းဆောင်ရွက်ဖို့လုပ်တာ။ ဒီ ပရောဂျက်ကြီးတစ်ခုရဲ့ ကုန်ကျ ငွေက ပြင်သစ်နိုင်ငံ ချေ းငွေနဲ့ယူရိုသန်း ၇၀ လောက်ကနေ ၈၅ သန်း လောက်ကုန်ကျ မှာဖြစ်တယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင်

● မြစ်ကြောင်း သယ်ယူပို့ဆောင်စနစ်တွင် ယူရို ၁၇ ဒသမ ၇ သန်းခန့် သုံးစွဲမည်ဖြစ်ကြောင်း၊ သင်္ဘောဆိပ်ကမ်းများ၊ အချက်ပြဆက်သွယ်ရေး ကိရိယာအသုံးပြုရေးကိစ္စမျ ား၊ သောင်တူးဖော်ရေး ကိစ္စမျ ားပါဝင်ကြောင်း၊

● ငမိုးရိပ် ချေ ာင်းတစ်လျှောက် ပြုပြင်ရန်အတွက် ယူရို၁၅ ဒသမ ၆ သန်းသုံးစွဲရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါစီမံကိန်းတွင် မလွှကုန်းဘူတာ၊ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ခြင်းများ ပါဝင်ကြောင်း၊

●မြစ်ကမ်းပါးနံဘေးတွင် ရှိသည့် မြို့ပြဖွံ့ဖြိုးရေးအတွက် ယူရို ၄ ဒသမ ၉ သန်းကျော် သုံးစွဲရန် လျာထားကြောင်း၊ အဆိုပါစီမံကိန်းတွင် ဗိုလ်တစ်ထောင်မြို့နယ်၊ လမ်းမတော် မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ပါရှိကြောင်း

●ရှေးဟောင်းအမွေအနှစ်နဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကျ တော့ ယူရို ၁၃ ဒသမ ၇ သန်း ကျော်လောက် သုံးမယ်။ အဲဒီမှာတော့ ဆိပ်ကမ်းသာလမ်း၊ ပန်းဆိုးတန်းလမ်းတို့ ပါတယ်။ အမျိုးသားစာကြည့်တိုက်ပြန်လည် ပြင်ဆင်တာတွေ ပါ တယ်။ အမျိုးသားစာကြည့်တိုက်အတွက် ယူရိုရှစ်သန်းကတော့ ထောက်ပံ့ငွေလို့ အကြမ်းဖျင်းသိထားတယ်။ အမျ ိုးသား စာကြည့်တိုက်ကတော့ တင်ဒါခေါ်တာ တွေ ဘာတွေဆောင်ရွက်နေပြီ။ အခု ပြောထားတာတွေကတော့ အကြမ်းဖျင်းပေါ့ အသေးစိတ်အချက်အ လက်ကတော့ အစိုးရ ဆောင်ရွက်တော့ မှ ပါလာလိမ့်မယ်”

ဟု ဦးသန်းနိုင်ဦး ကပြောကြားသည်။

စက်တင်ဘာ ၂၁ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လှေ ျ ာက်ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေ းမှု အမွေအနှစ်မျ ား ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျ ူဟာစီမံကိန်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်တွင် လုပ်ဆောင်မည့်အစီအစဉ်များထဲမှ မည်သည့်လုပ်ငန်းမျ ားကို စတင် အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လှ ျ ပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်မှ စီမံကိန်းကို ပြင်သစ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေ အသေးစိတ်ကို ပြန်လည်ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

“စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ထံကနေ ၂၀၁၈ ဇူလိုင် ၂၅ ရက်က အတည်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ရဲ့ အတည်ပြုချက်ရရှိဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မယ့် အဖွဲ့ ကို ဆက်စပ်ဌာနမျ ားပါဝင်မယ့် ပူးပေါင်းအဖွဲ့များနဲ့ ထပ်မံဖွဲ့စည်းသွားပြီးတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်မျ ားကိုလည်း အသိပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။

 Eleven Media

Investment/Divestment Local News Read 572 times