တရုတ်ပြည်မမှ  ဒုတိယအိုးအိမ် ဝယ်လက်များ ဩစတေးလျကို မျက်စိကျ


21 February, 2023

တရုတ်ပြည်မမှ  ဒုတိယအိုးအိမ် ဝယ်လက်များ ဩစတေးလျကို မျက်စိကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံတွင်  ရွှေ့ပြောင်းနေထိုင်ရန် အသင့်ဖြစ်အောင် စီစဉ်ပေးထားသော ကွန်ဒိုများ အများစုသည် တရုတ်ပြည်မ ပြင်ပတွင် ဒုတိယအိုးအိမ်ကို အလျင်စလို ရရှိလိုသော တရုတ်ပြည်မမှ တရုတ်ဝယ်လက်များကို ဆွဲဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံရှိ နိုင်ငံတကာအိမ်ခြံမြေပေါ်တယ် juwai.com ကို ပိုင်ဆိုင်သည့် အိမ်ခြံမြေ စျေးကွက်ရှာဖွေရေး ကုမ္ပဏီ Juwai IQI Group ၏ တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Kashif Ansari က တရုတ်ဝယ်သူများသည် ကပ်ရောဂါမတိုင်မီက မတွေ့ခဲ့ရသော မဖြစ်မနေ အရေးတကြီး လိုအပ်နေသည့် သဘောသဘာဝကို တွေ့ရကြောင်း ပြောကြားသည်။ ဆောက်လက်စ တိုက်ခန်းကို ကြိုပွိုင့် ဝယ်ထားပြီး မစောင့်လိုကြချေ။ 

"တကယ်လို့ တရုတ်နိုင်ငံသားတွေက ထိုင်းနိုင်ငံကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်ဆိုရင် သူတို့က နှစ်နှစ်အတွင်းမှာ မဟုတ်ဘဲ ချက်ချင်း လုပ်ချင်ကြတယ်။ သူတို့က အမြန်ဆုံး ရွှေ့ပြောင်းလိုသူတွေပါ" ဟု ၎င်းက ဆိုသည်။

ထိုင်းစတော့အိပ်ချိန်း စာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း  Supalai Plc ၏ မန်နေဂျင်းဒါရိုက်တာ Tritecha Tangmatitham ၏ အဆိုအရ တရုတ်ဝယ်သူများသည် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ဘန်ကောက်တွင် ကွန်ဒိုဝယ်ယူမှုများ ပြန်လည်စတင်ခဲ့သည်။ သူတို့သည် တရုတ်ပြည်တွင် လော့ဒေါင်းများ မကြာမကြာချနေသည့်အပေါ် ပူပန်ကြသည်။

"တရုတ်တွေက အကြီးစားတိုက်ခန်းတွေ ဝယ်ပြီးရင် ချက်ချင်းနေချင်တာကြောင့် တိုက်ခန်းတွေကို ချက်ချင်းလွှဲပြောင်းပေးစေလိုကြတယ်" ဟု Mr Tritecha က ပြောကြားသည်။

ထိုင်းစတော့အိပ်ချိန်း စာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း   Noble Development Plc ၏ တွဲဖက်အမှုဆောင်အရာရှိချုပ် Thongchai Busrapan က ယမန်နှစ်တွင်  တရုတ်လူမျိုးများ ကူးစက်ရောဂါအကြိုကာလတွင် ကွန်ဒိုဝယ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ရင်းနှီးမြုပ်နှံမှုဖြစ်ပြီး ယခုအခါ  ဒုတိယအိုးအိမ်အဖြစ် ဝယ်ယူခြင်းသို့ ရည်ရွယ်ချက် ပြောင်းလဲသွားခဲ့ကြောင်း သူက ပြောကြားသည်။

"ပြီးခဲ့တဲ့နှစ်က ထက်ထက်သန်သန်ဖြင့် ဝယ်တဲ့ တရုတ်ဝယ်လက်တွေက မိသားစုလိုက် နေချင်တာကြောင့် ပိုကြီးတဲ့ တိုက်ခန်းတွေကို ရှာဖွေခဲ့တယ်။ တရုတ်တွေ ဝယ်ယူတာမှာ အထပ်နိမ့် အဆောက်အဦတွေ ဝယ်ယူကြတာ ပိုများလာတယ်" ဟု သူက ပြောသည်။

အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်း  Fynn Development Co ၏အမှုဆောင်အရာရှိချုပ် Pongsethorn Jom Salakshana က တရုတ်ပွဲစားများသည် မကြာသေးမီက ပြီးစီးခဲ့သည့် ကွန်ဒိုပရောဂျက်ဖြစ်သည့် Fynn Asoke ကို စိတ်ဝင်စားသောကြောင့်  ကုမ္ပဏီထံ မေးမြန်းစုံစမ်းနေကြောင်း ပြောကြားခဲ့သည်။

"COVID ပေါ်လစီကို ကြုံခဲ့ကြရပြီးနောက် တရုတ်တွေက တရုတ်နိုင်ငံပြင်ပမှာ နေထိုင်နိုင်အောင်  ဒုတိယအိုးအိမ် လိုချင်ကြတယ်။ အခုအခါမှာ သူတို့က ချက်ချင်း အသင့်နေထိုင်လို့ရမယ့် တိုက်ခန်းတွေ လိုချင်ကြတယ်။ အဲဒီလို တိုက်ခန်းမျိုးက ဘန်ကောက်ကွန်ဒိုဈေးကွက်မှာ များများစားစား မရှိဘူး။ ကွန်ဒိုအသစ်တွေ ဆောက်လုပ်ကြတာ ကိုဗစ်ကြောင့် သုံးနှစ်ကြာ ရပ်နားထားတာကြောင့် အခုအခါမှာ အဆင်သင့် ရွှေ့ပြောင်း‌‌နေထိုင်နိုင်တဲ့ တိုက်ခန်းတွေ နည်းနေပါတယ်” ဟု သူက ပြောကြားသည်။
 
အချိန်ကြာလာသည်နှင့်အမျှ အလျင်စလို ချက်ချင်းရချင်သည့် တရုတ်ဝယ်လက်များအပြင် ဆောက်လက်စ စီမံကိန်းမှ တိုက်ခန်းများကို အချိန်ပေးပြီး စောင့်ကြသည့်  တရုတ်ဝယ်လက်များ ပိုများလာမည် ဖြစ်ကြောင်း Mr Ansari က ပြောကြားသည်။
"ထိုင်းအိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေက ကြိုပွိုင့်ဝယ်လယ်တွေ စိတ်အေးရအောင် လုပ်ကိုင်ပေးဖို့ လိုတယ်။ တရုတ်ပြည်မှ အိမ်ရာစီမံကိန်း အားလုံးနီးပါး ဆောက်လက်စတန်းလန်းမှာ ရပ်နေကြပြီး ဆက်မဆောက်ကြဘူး။ ဒီတော့ တရုတ်ဝယ်လက်တွေက သတိထားကြတယ်။ ဆောက်လက်စ အစား ချက်ချင်း အဆင်သင့် ရွှေ့ပြောင်းနေထိုင်နိုင်တဲ့ တိုက်ခန်းမျိုးကိုပဲ လိုချင်ကြတယ်" ဟု Mr Ansari က ပြောကြားသည်။

အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေက ဝယ်လက်တွေကို ဥပဒေကြောင်းအရ ဘယ်လို အကာအကွယ်ပေးထားတယ်ဆိုတာ ရှင်းပြသင့်သည်။ အောင်မြင်ပြီးမြောက်ခဲ့သည့် အိမ်ရာစီမံကိန်းများဖြင့် သက်သေထူပြသင့်သည်ဟု ၎င်းက ပြောကြားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ဝယ်လက်များ၏ စိတ်ဝင်စားမှု အများဆုံးရရှိသည့် နိုင်ငံများသည် ၎င်းတို့ ပိုင်ဆိုင်သည့် စည်းစိမ်ဥစ္စာအတွက် လုံခြုံစိတ်ချရသော နေရာများနှင့် ပညာရေးအတွက် ထိပ်တန်းနေရာများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမနေရာတွင် ဩစတေးလျနိုင်ငံ ရှိနေသည်။ ထို့နောက် အမေရိကန်၊ ကနေဒါ၊ ယူကေ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးတို့ အစဉ်အတိုင်း ရှိနေသည်။

ဇန်နဝါရီလတွင် ထိုင်းသည် ထိပ်ဆုံးငါးနေရာမှ ကျဆင်းခဲ့သည်။ အရှေ့တောင်အာရှသည် တရုတ်ဝယ်လက်များအကြား နှစ်ရှည်ကြာစွာ အကြိုက်ဖြစ်ခဲ့သည်။ သို့သော် ဇန်နဝါရီလတွင် အရှေ့တောင်အာရှမှ နိုင်ငံများ တစ်နိုင်ငံမှ ထိပ်တန်း(၅) စာရင်းတွင် မပါပေ။ 
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 239 times