မန္တလေးတိုင်း SME လုပ်ငန်းများဆိုင်ရာ စီမံချက်ရေးဆွဲမည်


21 September, 2018

မန္တလေးတိုင်းအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေမည့် အရာများအား ဖြေရှင်းနိုင်ရန် စီမံချက်တရပ် ရေးဆွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ SMEs ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေ က ဧရာဝတီကို ပြောသည်။

“မန္တလေးတိုင်းမှာ SMEs လုပ်ငန်းတွေ လုပ်ရတာ ခက်ခဲနေတာတွေကို ပြန်လည် တည့်မတ် နိုင်ဖို့အတွက် အဓိက ရည် ရွယ်ပါတယ်။ အဲဒီထဲမှာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ အစိုးရနဲ့ ဆက်စပ်တဲ့အပိုင်း စတဲ့ကဏ္ဍအလိုက် အဆင်မပြေတာတွေလည်းပါမှာပါ” ဟု ၎င်းက ပြောပြသည်။

အဆိုပါ တိုင်းအဆင့်လုပ်ငန်း စီမံချက် (SMEs Regional Action Plan) ကို လာမည့် အပတ်တွင်း ရေးဆွဲမည်ဖြစ်ကြောင်း ဦးညွန့်ဝေက ဆိုသည်။

စီမံချက်ရေးဆွဲ

*****

စီမံချက်ရေးဆွဲနိုင်ရန်အတွက် လာမည့် စက်တင်ဘာ ၂၇ ၊ ၂၈ ရက်တို့၌ မန္တလေးမြို့တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဦးစီးကာ သက်ဆိုင်ရာ တာဝန်ရှိဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်၍ ၂ ရက်အတွင်းအပြီး ရေးဆွဲနိုင်ရန် ကြိုးစားသွားမည် ဟုလည်း ၎င်းက ပြောဆိုသည်။

SMEs Regional Action Plan ကို ရေးဆွဲပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကာ တိုင်းစီးပွားရေး ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် ဖြေလျှော့မှုများ ပြုလုပ်ပေးရန် တောင်းဆိုသွားမည်ဟုလည်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပါဝင်သည့်အချက်

*****

လက်ရှိ SME လုပ်ငန်းများ ကြုံတွေ့ရသည့် အဟန့်အတားများမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသာမက ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် ထိုးဖောက်နိုင်မှု၊ အခြေခံ အဆောက်အအုံ စသည့် အချက်တို့လည်း ပါဝင်ကြောင်း လုပ်ငန်းရှင်တချို့က ဆိုသည်။

မန္တလေးမြို့ရှိ ဝင်းလျှပ်စစ်လုပ်ငန်းမှ ဦးရဲဝင်းအောင်က “လုပ်ငန်း မစရသေးဘဲ ဌာနတွေရဲ့ ခွင့်ပြုချက် လိုင်စင်တွေ တောင်းရတာတွေ၊ အဲဒီလိုတောင်းတဲ့ အခါမှာလည်း တခုနဲ့တခုက အချိတ်အဆက်မရှိ ဖြစ်နေတာမျိုးတွေက လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်သလို လုပ်ငန်းငယ်တွေ အတွက်ကျ ဘယ်လိုမှ လိုက်မလုပ်နိုင်တာတွေ ရှိတယ်။ အဲဒါကြောင့် စီးပွားရေးဖွံ့ဖြိုးဖို့ အတွက်ဆို မလိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြင်ဆင်ဖို့ လိုပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises, SMEs) အများဆုံး ရှိသည့် တိုင်းဒေသကြီး ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများတွင် မှတ်ပုံတင်ထားသည့် SMEs လုပ်ငန်း အရေ အတွက် ၅ သောင်းကျော် ရှိကြောင်း မန္တလေးတိုင်း စက်မှု irrawaddy

Local News Read 316 times