ကုန်ထုတ်လုပ်မှုအနည်းငယ်ကျဆင်းလာ


03 July, 2018

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် မေလထက်ဇွန်လအတွင်း အနည်းငယ်ကျဆင်းခဲ့ကြောင်း ဂျပန် Nikkei Asia ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ PMI စစ် တမ်းတွင်ဖော်ပြထားသည်။

မေလက စက်မှုကုန်ထုတ်လုပ်မှုသည် အညွှန်းကိန်း အဆင့် ၅ ဒသမ ၂ရှိရာမှ ဇွန်လ တွင်အဆင့် ၅ သို့အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ သို့သော်ကုန် ထုတ်လုပ်မှုသည် သိသိသာသာ ကျဆင်းခြင်းမရှိကြောင်း အဆိုပါ စစ်တမ်းက ဖော်ပြထားသည်။

‘‘ဇွန်လက အချက်အလက်တွေက လွန်ခဲ့တဲ့ ရှစ်လအတွင်း ကတိုးတက်ခဲ့တဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ရပ်တန့်သွားတာကို ပြနေတာပါ’’ ဟု စစ်တမ်း ကောက်ယူသည့် IHS Markit မှ စီးပွားရေး ပညာရှင် Sian Jonesm မှတ်ချက်ပြုသည်။

အဆိုပါစစ်တမ်းကို အာဆီယံခုနစ်နိုင်ငံတွင် ကောက်ယူခဲ့ပြီး ဇွန်လအတွင်း ဗီယက်နမ်သည် ကုန်ထုတ်လုပ်မှု တစ်ဟုန်ထိုးတိုးတက်ခဲ့သည်။ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံသည် ကုန်ထုတ် လုပ်မှုတိုးတက်ပြီး မလေးရှားနိုင်ငံက တိုးတက်မှုလျော့နည်းခဲ့ကြောင်း စစ်တမ်း၌ဖော်ပြထားသည်။

အဆိုပါစစ်တမ်းအရ အာဆီယံဒေသတစ်ခုလုံးအနေဖြင့် ဇွန် လအတွင်း ကုန်ထုတ်လုပ်မှုအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါထားသည်။

အထက်ပါ အစီရင်ခံစာ ကိုဂျပန် Nikkei နှင့် IHS Markit တို့က ပူးပေါင်းစစ်တမ်းကောက်ယူခဲ့ပြီး ကုမ္ပဏီ ၄၀၀ ခန့် ၏ ဝယ်ယူရေးတာဝန်ရှိသူများအား မေးမြန်းကာ စစ်တမ်းကောက်ထားကြောင်း သိရသည်။

HIS Markit သည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများလည်ပတ်စေရန်လုပ်ငန်းများ နှင့် ဈေးကွက်များအတွက် အရေးကြီးသော သတင်းအချက်အလက်၊ သုံးသပ်ချက်နှင့် ဖြေရှင်းချက်များကို ဦးဆောင်သုတေသန ပြုလုပ်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ Nikkei သည် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်း သတင်းမီဒီယာအဖွဲ့အစည်းဖြစ်သည်။

 7 Day Daily

Industry Reviews Read 524 times