မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီတစ်ခုဖြစ်သော Wave Money သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့ပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းများ တဟုန်ထိုး တိုးတက်ခဲ့ပြီး စံချိန်ချိုးခဲ့ကြောင်း သိရပါသည်။
Wave Money သည် လက်ရှိတွင် မြန်မာနိုင်ငံအနှံတွင် Wave အေးဂျင့်ပေါင်း ၂၄၀၀၀ ကျော်အထိရှိနေပြီး ထိုပမာဏသည် တစ်နိုင်ငံလုံးရှိ ဘဏ်အရေအတွက်ထက် ၁၀ ခန့်များပြားပြီး ATM စက်အရေအတွက်ထက် ခြောက်ဆခန့် ပိုမိုများပြားခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်ဝက်အတွင်းမှာပင် ငွေကြေးစီးဆင်းမှုနှုန်း စုစုပေါင်း ငွေကျပ် ၅၀၀ ဘီလျံအထိ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး မတ်လအတွင်းမှာတွင် ပြီးခဲ့သောနှစ်ထက် ရောင်းအား ၁၂၃၄ ရာခိုင်နှုန်းခန့်မြှင့်တက်ခဲ့ကာ ငွေလွှဲငွေထုတ်နှုန်းထားအနေဖြင့် ယခင်နှစ်ထက် ၂၇၆၅ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရပါသည်။
ယခုဆိုလျှင် Wave Money တွင် လစဉ်ငွေလွှဲထုတ်နှုန်း အကြိမ် ၂ ဒသမ ၅ သန်းကျော်ရှိသည့်အတွက် မြန်မာပြည်တွင်များပြားသောငွေလွှဲငွေထုတ် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနေသော အေးဂျင့်တစ်ချို့သည် လစဉ်ဝင်ငွေ သိန်း ၄၀ ခန့်အထိ ရရှိနေပြီး ဆက်လက်ပြီး ယခုထက်ပို၍သာ တိုးသွားဖို့ရှိကြောင်း Wave Money တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
Wave Money သည် မိုဘိုင်းငွေလွှဲပြောင်းနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး တယ်လီနော၊ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (FMI) ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holding (YSH) နှင့်တကွ လက်တွဲပူးပေါင်းဖွဲ့စည်းထားသောကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါသည်။
Pyimyanmar