အိန္ဒိယကုန်သည်များ အဝယ်ရပ်နားထားသောကြောင့် ပြည်တွင်းရှိ မတ်ပဲနှင့် ပဲစဉ်းငုံဈေးနှုန်းတည်ငြိမ်နေ


auto
28 May, 2018

ပြည်ပမှ ပဲတင်သွင်းခွင့် လိုင်စင်ရရှိရန် အိန္ဒိယကုန်သည်များက စောင့်ဆိုင်းနေခြင်းကြောင့် အဝယ်ရပ်ထားသဖြင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းတည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းတာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

အိန္ဒိယအစိုးရက ဇွန်လတွင် ပြည်ပမှ ပဲတင်သွင်းခွင့် လိုင်စင်များကို လုပ်ငန်းရှင်များအားချထားပေးမည်ဟု ကြေညာထားခြင်းကြောင့် လက်ရှိတွင် ပြည်တွင်းပဲဈေးကွက် အဝယ်ရပ်ထားပြီး စောင့်ကြည့်နေကြောင်း ၎င်းကပြောခဲ့ပါသည်။

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမည့် အစီအစဉ်ကြေညာပြီးနောက် ပြည်တွင်းပဲဈေးကွက်တွင် ဈေးနှုန်းပြန်လည်တည်ငြိမ်နေသော်လည်း လာမည့်လများ၌ ဈေးနှုန်းအပြောင်းအလဲ ဖြစ်လာမည်ဟု ပြည်တွင်းပဲလုပ်ငန်းရှင်အချို့က ခန့်မှန်းခဲ့ပါသည်။

လက်ရှိ ပြည်တွင်းဈေးကွက်မှ မတ်ပဲကို ပါကစ္စတန်နိုင်ငံက ဝယ်လိုအားရှိနေခြင်းကြောင့် အရည်အသွေးအကောင်းဆုံးအမျိုးအစား မတ်ပဲတစ်တန်လျှင် ကျပ် ခြောက်သိန်းကျော် ဈေးရှိသည်။

ပါကစ္စတန်နိုင်ငံက အဆိုပါ မတ် ပဲကို တစ်တန်လျှင် ကန်ဒေါ်လာ ၄၈၀ ဝန်းကျင်အထိ ဈေးပေး၍ ဝယ်ယူနေသည်။

အိန္ဒိယပဲကုန်သည်များ အဝယ်ရပ်ထားခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသိန်းခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၈၅,၀၀၀ သာ ဈေးရှိခဲ့ပါသည်။

မေလအတွင်း အိန္ဒိယက မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ် သိန်းခွဲစီတင်သွင်းမည်ဟူသော ကြေညာချက်ကြောင့် ပြည်တွင်း ဈေးကွက်၌ တစ်ရက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသောင်းခန့် ဈေးမြင့်တက်ပြီး ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်

သွင်းမည့်ကြေညာချက်ကြောင့် ပြည်တွင်းဈေးကွက်၌ ပဲစင်းငုံတစ်တန် လျှင် ကျပ်တစ်သိန်းခန့် ဈေးမြင့်တက်ခဲ့ကြောင်း သိရပါသည်။

7 Day Daily

Local News Export, Import Read 452 times