နစ်ကေး (Nikkei ) မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း မတ်လ PMI™


05 April, 2019

မတ်လ ဒေတာမှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတဝမ်းမှာ လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ အသင့်အတင့် တိုးတက်မှုရှိလာကြောင်း အချက်ပြခဲ့ပါသည်။

အဓိကအကျဆုံး အညွှန်းကိန်းသည် ဖေဖေါ်ဝါရီလကထက် မသိမသာ နိမ့်ကျသွားခဲ့သော်လည်း အညွှန်းကိန်းမှာ စစ်တမ်းအစဉ်အလာသမိုင်းများထက် မြင့်နေခဲ့ပါသည်။

ဘက်စုံတိုးတက်မှုကို ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်နေရာများ ဆက်လက်ဦးမော့နေခြင်းက ပံ့ပိုးပေးခဲ့ပါသည်။ ထို့အပြင် ကုမ္ပဏီများက ထုတ်လုပ်ရေး လိုအပ်ချက်များ မြင့်တက်လာကြောင်း အစီရင်ခံလာခဲ့သဖြင့် အလုပ်နေရာသစ် ဖန်တီးမှုနှုန်းမှာ ၁၂ လအတွင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ထုတ်လုပ်ကြသူတို့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစပြီး အထူးသဖြင့် အကောင်းမြင်မုှု အမြင့်ဆုံးအဆင့်ကို မှတ်တမ်းတင်ခဲ့ကြပြီး ယုံကြည်မှုမှာ လွန်ခဲ့သည့် ငါးလက မြင်တွေ့ခဲ့ကြရသည့် အားပျော့နေသည့် အဆင့်မှ တက်လာခဲ့ပါသည်။

ယင်းအတောအတွင်းမှာ တရုတ်နိုင်ငံမှ သွင်းကုန်များဝယ်လိုအား လျော့နည်းလာသည့်ကြားထဲ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ တိုးတက်မှုအရှိန် နှေးလာသဖြင့် ကုန်ကျစရိတ်များ၏ ဖိအားမှာ လျော့နည်းခဲ့ပါသည်။

အဓိကအချက်များ
 

  • PMI မှ ကဏ္ဍ၏အခြေအနေ အသင့်အတင့် တိုးတက်လာကြောင်းကို အချက်ပြနေခြင်း
  • ထုတ်လုပ်မှုနှင့် အလုပ်သစ်များ အခိုင်အမာတိုးတက်လာသော်လည်း အားပျော့နေဆဲ
  • ထုတ်လုပ်မှု မျှော်လင့်ချက်များ ပိုအရှိန်ရလာခြင်း

 

နစ်ကေး (Nikkei) မြန်မာနိုင်ငံကုန်ထုတ်လုပ်မှုဝယ်ယူရေး

နစ်ကေး (Nikkei ) မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်မှုဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Managers’ Index™ (PMI™) - ကုန်ထုတ်လုပ်ရေးစွမ်းပကားများကို ပြသပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသော အဓိကအညွှန်းကိန်းမှာ –   ဖေဖေါ်ဝါရီလတွင် ၅၃.၁ ရှိရာမှ အနည်းငယ်ကျဆင်းလာပြီး မတ်လမှာ ၅၂.၄ ၌ ရှိနေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ တွင်းကုန်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ မတ်လတွင် အသင့်အတင့် ပိုကောင်းလာခဲ့ပါသည်။၂၀၁၉ ခုနှစ် ပထမသုံးလပတ် ပျမ်းမျှနှုန်းမှ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်မှစ၍ အားအကောင်းဆုံး ဘက်စုံတိုးတက်မှုကို အချက်ပြနေခဲ့ပါသည်။

ထုတ်လုပ်ကြသူတို့၏ ထုတ်လုပ်မှုမှာ မတ်လတွင် ဆက်တိုးလာခဲ့ပြီး လက်ရှိ တိုးတက်မှုအစဉ်ကို ငါးလထိ တိုးချဲ့ပေးလိုက်သည်။ ယခု နောက်ဆုံးဦးမော့မှုမှာ ဖေဖေါ်ဝါရီလ၏ မကြာမီက အမြင့်ဆုံးနေရာမှ လျှောဆင်းလာခဲ့သော်လည်း ခြုံပြောရလျှင် ခိုင်မာလျက်ရှိနေဆဲပါ။ ဈေးဝယ်များဘက်မှ ဝယ်လိုအားကောင်းလာပြီး အလုပ်သစ်များ ဆက်လက်တိုးလာခဲ့ခြင်းကြောင့် ထုတ်လုပ်မှုတိုးလာရေးကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ပါဝင်ဖြေကြားသူတို့က ဆိုပါသည်။

အော်ဒါသစ်များသည်ပါ မတ်လတွင် ပို၍ တိုးလာခဲ့သည်။ တိုးတက်မှုအရှိန်မှာ ဖေဖေါ်ဝါရီလ၏ ကိုးလအတွင်း အမြင့်ဆုံးနှုန်းထက် အားပျော့လာခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမှု ခိုင်မာနေဆဲဖြစ်ပြီး စစ်တမ်း၏ အစဉ်အလာသမိုင်းများထက် မြင့်နေပါသည်။ ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများက အလုပ်သစ်များ ဦးမော့လာမှုသည် မြန်မာနိုင်ငံ တဝမ်းရှိ ဒေသများမှ ဝယ်လိုအား အခြေအနေများ ကောင်းလာမှုကြောင်းဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

သို့ဖြစ်၍ ကုန်စည်ထုတ်လုပ်ကြသူတို့က လာမည့် ၁၂လ အတွင်းမှာ ထုတ်လုပ်မှုဆိုင်ရာ မျှော်လင့်ချက်ထဲတွင် ပိုပြီး အကောင်းမြင်ကြကြောင်း ထုတ်ဖေါ်ပြသခဲ့ကြသည်။ ထိုသို့ အကောင်းမြင်မှု ပမာဏမှာ လွန်ခဲ့သည့် အောက်တိုဘာလမှစပြီး မြင်တွေ့ခဲ့ကြရသည့် အားနည်းခဲ့သည့် အဆင့်များမှ အရှိန်ရလာခဲ့ခြင်းဖြစ်ပြီး ဝတ်စုံထုတ်လုပ်ရေးကဏ္ဍထဲတွင် တအား တိုးတက်လာမည်ဟု ခန့်မှန်းချက်များကြောင့် ဖြစ်ပါသည်။

ဝယ်ယူလိုသူတို့ထံမှ ဝယ်လိုအား ဆက်လက်မြင့်တက်လာခြင်းနှင့်အညီ ထုတ်လုပ်ကြသူတို့သည် မတ်လတွင် သူတို့၏ လုပ်သားအင်အားကို အမြန်ဆုံး အရှိန်မြှင့် တိုးခန့်ခဲ့ကြသည်။ ထောက်ပြခဲ့ကြသူ အများစုတို့က ထုတ်လုပ်မှုလိုအပ်ချက်များ တိုးလာခြင်းက ကုမ္ပဏီများကို အလုပ်နေရာများ တိုးခန့်ရန် တွန်းအားပေးခဲ့သည်ဟု ဆိုကြသည်။ ထို့အပြင် ထုတ်လုပ်ရေး စွမ်းပကားများအပေါ် ဖိအားပေးမှုရှိနေသည့်ကြားထဲမှာ လက်ကျန်အလုပ်များ ကျဆင်းမှုနှုန်းနှေးလာခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် သွင်းကုန်ဈေးနှုန်းများ ဖောင်းပွမှုသည် မတ်လတွင် အားပျော့လာခဲ့သည်။ အသင့်အတင့် ဖြစ်နေခဲ့သော်လည်း တိုးတက်မှုအရှိန်မှာ စစ်တမ်း၏ အစဉ်အလာပျမ်းမျှနှုန်းနှင့် ၂၀၁၈ ခုနှစ်ထဲ မြင်တွေ့ခဲ့ကြရသည့် မြင့်တက်မှုများထက် နိမ့်နေပါသည်။ ပါဝင်ဖြေကြားခဲ့ကြသူတို့က ဈေးနှုန်းများ မြင့်တက်မှု အားပျော့လာရေးကို တွန်းအားပေးခဲ့သည်မှာ တရုတ်နိုင်ငံမှ သွင်းကုန်များ ဝယ်လိုအားပျော့လာသည့်အကြားမှာ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်မှု အရှိန်နှေးလာခြင်းဖြစ်ကြောင်း ဖေါ်ပြကြသည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်ရောင်းဈေးများကို ဒသမဂဏန်းမျှ မြှင့်တင်ခဲ့ကြသည်။

နောက်ဆုံးအနေနှင့် ထုတ်လုပ်ကြသူတို့သည် အလုပ်သစ်များ ဆက်လက်တိုးတက်လာခြင်းအရ ကုန်ဝယ်ယူမှုများကို တိုးချဲ့ လုပ်လာခဲ့ကြသည်။ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများမှာ ၂၀၁၆ ခုနှစ် မေလမှစပြီး ပထမဦးဆုံးအကြိမ် မြင့်တက်လာခဲ့သဖြင့် ကုန်စည်များ သိုလှောင်ထားရေးဆိုင်ရာ အားထုတ်မှုများရှိခဲ့ကြောင်း အစီရင်ခံမှုရှိပါသည်။


ဝေဖန်ချက်(မှတ်ချက် )

မြန်မာစက်မှု ကုန်ထုတ်လုပ်မှု PMI အညွှန်း၏ စစ်တမ်း ဒေတာကို သုံးသပ်၍ စစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က ထောက်ပြသွားသည်မှာ - “မြန်မာနိုင်ငံတဝှမ်းမှ ထုတ်လုပ်သူတို့သည် ထုတ်လုပ်မှုနှင့် လုပ်ငန်းသစ်များကို သိသိသာသာ တိုးချဲ့နိုင်ခဲ့ကြသောကြောင့် မတ်လတွင် စိတ်ဓာတ် တက်ကြွနေခဲ့ကြပါသည်။၂၀၁၉ ခုနှစ်ကို ဖွင့်လှစ်ပေးလိုက်သည့် သုံးလပတ်၏ အဆုံးက အလုပ်ခန့်မှု မြန်ဆန်စွာ တိုးလာမှုကိုပါ ညွှန်ပြနေရာ သုံးစွဲသူတို့ထံမှ ဝယ်လိုအား ကောင်းမှုကြောင့် ထုတ်လုပ်ရေး တောင်းဆိုချက်များ ပိုမိုကြီးထွားလာမှုမှ တစ်ဆင့် အခြေအနေ ပိုကောင်းလာစေခဲ့ခြင်း ဖြစ်ပါသည်။

“တရုတ်နိုင်ငံမှ ထည့်ကုန်များအတွက် ဝယ်လိုအား လျော့နည်းလာခြင်းက ကုန်ကျစရိတ် ဖောင်းပွမှု၏ ဖိအားကို လျော့နည်းသွားစေခဲ့ပြီး ကုန်ကြမ်းပစ္စည်းများ၏ ဈေးများမှာမူ အသင့်အတင့်မျှသာ တက်လာခဲ့ပါသည်။ သို့ဖြစ်၍ ကုန်ကျစရိတ် ဝန်ထုပ် သက်သာလာခြင်းကြောင့် စက်ရုံထုတ် ရောင်းဈေးများမှာ အနည်းအကျဉ်းမျှသာ တက်လာခဲ့ပါသည်။”

 

PMI ဆိုသည်မှာ

PMI™ စစ်တမ်းများမှာ ယခု အခါနိုင်ငံ ၄၀ ကျော်တွင်ရှိပြီး ဖြစ်ပါသည်။

၎င်းပြင် ယူရိုဇုန်အပါအဝင် အဓိကဒေသကြီးများ အတွက်လည်း ရှိပါသည်။ ဤစစ်တမ်းများမှာ ကမ္ဘာတွင် အနီးကပ်စောင့်ကြည့်ခံရဆုံးသော စီးပွားရေးလုပ်ငန်း စစ်တမ်းများ ဖြစ်သကဲ့သို့ အချိန်နှင့် တစ်ပြေးညီ တိကျပြီး လစဉ်တစ်မူထူးခြားသည့် စီးပွားရေးအလားအလာ ညွှန်ကိန်းများသည် တိကျပြီး နောက်ဆုံးပေါ် အချက်အလက်များ ဖော်ပြပေးသည့် အရည်အသွေးကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များ၊ စီးပွားရေး ဆုံးဖြတ်ချက်ချသူများက လိုလားနှစ်ခြိုက်ကြပါသည်။

Industry Reviews Read 443 times