ဂျပန်လုပ်ငန်းစု marubeni က မြန်မာ့ဓာတ်အားပေးစက်ရုံကို အဆင့်မြှင့်ရန်ဒေါ်လာသန်း ၂၀ ကျော်အသုံးပြုမည်


06 November, 2017

ဂျပန်လုပ်ငန်းစု marubeni က မြန်မာ့ဓာတ်အားပေးစက်ရုံကို အဆင့်မြှင့်ရန်ဒေါ်လာသန်း ၂၀ ကျော်အသုံးပြုမည်

ဂျပန်လုပ်ငန်းစု Marubeni က မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံကို ဂျပန်ယန်း ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၉ သန်း) အသုံးပြုပြီး အဆင့်မြှင့်တင်မည်ဟု ဂျပန်သတင်းဌာန Nikkei Asian Review တွင် ဖော်ပြထားသည်။

ဂျပန်လုပ်ငန်းစုသည် အဆိုပါ ငွေကြေးအား Japan International Cooperation Agency ထံမှ အတိုးနှုန်းသက်သာစွာဖြင့် ရရှိမည်ဟု အဆိုပါသတင်းတွင် ရေးသားထားသည်။

ယခုအဆင့်မြှင့်တင်မည့် ဓာတ်အားပေးစက်ရုံမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့တွင် ရှိသည့် စက်ရုံဖြစ်ပြီး ကီလိုဝပ် ၂၄,၀၀၀ မှ ၆၆,၀၀၀ ထိ မြှင်တင် ထုတ်လုပ်ပေးနိုင်သည့် ဓာတ်ငွေ့မော်တာများကဲ့သို့ နောက်ဆုံးပေါ် စက်ကိရိယာများဖြင့် အထားထိုးအဆင့်မြှင့်တင်မည်ဟု အဆိုပါသတင်းကဆိုသည်။

လဲလှယ်မည့် စက်ပစ္စည်းအစိတ်အပိုင်းများကို Mitsubishi Hitachi Power Systems က ထုတ်လုပ်မည်ဖြစ်သည်။

တပ်ဆင်တည်ဆောက်ခြင်းများကို ၂၀၁၈ ဘဏ္ဍာရေးနှစ်အစတွင် လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကို ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အစောပိုင်းတွင် စတင်ရန် ရည်မှန်းထားသည်။

Marubeni လုပ်ငန်းစုသည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့် စီမံကိန်းများ တည်ဆောက်ခြင်းတို့ကို ပြည်တွင်းလုပ်ငန်းစုများနှင့် ပူးပေါင်းလုပ်ဆောင်ဖူးသည့် အတွေ့အကြုံရှိထားသည့် လုပ်ငန်းစုတစ်ခုဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ တွင် ဓာတ်မြေသြဇာစက်ရုံနှင့် လျှပ်စစ်ဓာတ် အားပေးစက်ရုံများ တည်ဆောက်လုပ်ကိုင်လျှက်ရှိသည်။

Source:Nikkei Asian Review

Local News Read 2123 times