ကုန်စျေးနှုန်းဖိအားများ ဆက်လက်ရှိနေသဖြင့် ငွေကြေးမူဝါဒကို စင်ကာပူ ပြန်ချိန်ညှိ


14 October, 2022

ကုန်စျေးနှုန်းဖိအားများ ဆက်လက်ရှိနေသဖြင့် ငွေကြေးမူဝါဒကို စင်ကာပူ ပြန်ချိန်ညှိ

အာရှ ဘဏ္ဍာရေး အချက်အချာတစ်ခုဖြစ်တဲ့ စင်ကာပူမှာ  အလုပ်သမားဈေးကွက် လုပ်သားမလုံလောက်ခြင်း၊  ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု တို့နှင့်အတူ သွင်းကုန်များဖြစ်ကြတဲ့ စားသောက်ကုန်နှင့် လောင်စာဆီတို့ ဈေးနှုန်းမြင့်တက်နေခြင်း စတဲ့ အခြေအနေအရပ်ရပ်ကြောင့် စင်ကာပူ ငွေကြေး အာဏာပိုင် Monetary Authority of Singapore MAS က ပဉ္စမအကြိမ်မြောက်အဖြစ် ငွေကြေး မူဝါဒ ပြန်ချိန်ညှိခဲ့ပါတယ်။ 

MAS က ဗဟိုဘဏ် အတိုးနှုန်းများအစား  စင်ကာပူရဲ့ အဓိကကုန်သွယ်ဖက်များ၏ ငွေကြေးများနှင့် စင်ကာပူဒေါ်လာတို့အကြား ငွေလဲနှုန်း အတက်အကျကို ငွေကြေးမူဝါဒများဖြင့် စီမံခန့်ခွဲပါတယ်။ သတ်မှတ်ထားတဲ့ အတိုင်းအတာ band အတွင်း ရှိနေအောင် ချိန်ညှိပါတယ်။  Singapore dollar Nominal Effective Exchange Rate  S$NEER လို့ ခေါ်ဝေါ်ကြတဲ့ ငွေလဲနှုန်းထားမှာ ရှိနေအောင် ထိန်းကျောင်းပါတယ်။ အဲဒီ band ရဲ့ အကျယ် wide၊ ဆင်ခြေလျှော slope နှင့် အလယ်မှတ် mid-point အင်္ဂါရပ် ၃ ခု ဖြင့် ချိန်ညှိပါတယ်။ 
‌စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) မှ သောကြာနေ့ နံနက် (အောက်တိုဘာ ၁၄ ရက်) တွင် “အလယ်မှတ်ကို ဗဟိုချက် ပြန်ချိန်ညှိခြင်း" ပြုမည် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ band ရဲ့ အကျယ်နှင့် ဆင်ခြေလျောတို့မှာ အပြောင်းအလဲ မပြု၊ ချိန်ညှိခြင်း မပြုဘဲ 'အလယ်မှတ်' တစ်မျိုးတည်းကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ 
သွင်းကုန်ကြောင့် ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းမြင့်တက်နေမှုများကို ကိုင်တွယ်ပေးဖို့ ရည်ရွယ်ကြောင်း MAS က ပြောကြားပါတယ်။ 
 "မူဝါဒရပ်တည်ချက်သည် လတ်တလော ကာလတွင် ငွေကြေးဖောင်းပွမှုကို သက်သာစေပြီး ကာလလတ်တွင် စျေးနှုန်းတည်ငြိမ်မှုကို သေချာစေကာ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုအတွက် အခြေခံကို ပံ့ပိုးပေးလိမ့်မည်" လို့ MAS က ပြောကြားပါတယ်။
 Source Reuters 

Banking & Loan Read 326 times