နိုင်ငံတော် ဒုတိယသမ္မတ နှင့်ပုဂ္ဂလိက ကဏ္ဍကိုယ်စားလှယ်များ အဌမအကြိမ် တွေ့ဆုံပွဲ
လစဉ်လတိုင်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသော နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စု ဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး (အဌမအကြိမ်)ကို ကုန်သည်စက်မှုအသင်း ရုံးချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ လစဉ်ပုံမှန်အစည်းအဝေးတွင် ငါးလုပ်ငန်းကဏ္ဍ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်ကဏ္ဍ၊ ကြံနှင့်သကြား လုပ်ငန်းကဏ္ဍ၊ ပလတ်စတစ် လုပ်ငန်းကဏ္ဍနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြ သည်။
နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စု ဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး (အဌမ အကြိမ်)ကို ဇူလိုင်လ ၂၀ရက်တွင် ကုန်သည်စက်မှုအသင်း ရုံးချုပ်တွင် ကျင်းပ ခဲ့ပါသည်။
ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များ
အဆိုပါ လစဉ်ပုံမှန်အစည်းအဝေးတွင် ငါးလုပ်ငန်းကဏ္ဍ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်ကဏ္ဍ၊ ကြံနှင့်သကြား လုပ်ငန်းကဏ္ဍ၊ ပလတ်စတစ် လုပ်ငန်းကဏ္ဍနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြ သည်။
ငါးလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်တို့ တင်ပြပါသည်။
● ငါးကန်များနှင့် ပုစွန်ကန်များတွင် တွေ့ကြုံနေရသော ခိုးမှု၊ လုယက် မှုနှင့် အဓမ္မကျူးကျော်မှုများကို ဥပဒေအတိုင်း ထိရောက်စွာ အရေး ယူပေးပြီး ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်
● ဘဏ်ချေးငွေ ရရှိနိုင်ရန်အတွက် လန - ၃၉ နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း နှစ်(၃၀) ငါးမွေးမြူရေးလုပ်ပိုင်ခွင့်တွင် ရောင်း၊ ပေါင်၊ ငှားရမ်းခွင့် ထည့်သွင်း ပေးရန်
● မြန်မာ့ငါးလုပ်ငန်းကဏ္ဍအား နိုင်ငံခြားငါးမွေးမြူရင်းနှီးမြှုပ်နှံသူများ သိရှိကာ၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် လွယ်ကူစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် စီးပွားရေးသံမှူးများမှတစ်ဆင့် ဆက်သွယ် ချိတ်ဆက်ပေးရန်
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ကဏ္ဍ
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် တင်ပြပါသည်။
● ကဏ္ဍတစ်ရပ်လုံးမှ ကုန်စည်များသည် သီရိမင်္ဂလာစျေးတွင်သာ လည်ပတ် ရောင်းချနေရခြင်းကြောင့် အလေ့အလွင့်များနေပြီး အချိန်ကြန့်ကြာခြင်း ကြောင့် ယခုတည်ဆောက်နေသည့် တညင်းကုန်း လက်ကားစျေးနည်းတူ ရန်ကုန်တိုင်းအတွင်း ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သီးသန့် လက်ကားစျေးများ ဖော်ဆောင်ရန်
● သီးနှံနှင့် စျေးကွက်ဆိုင်ရာ Information Center ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် အစိုးရဌာနများ ပူးပေါင်း စီစဉ်ရန်
● သီးနှံသုတေသနလုပ်ငန်းများ (R&D) လုပ်ကိုင်နိုင်ရေးအတွက် တက္ကသိုလ်များ နှင့် သုတေသနဌာနများ ပူးပေါင်းဆောင်ရွက်ပေးရန်
ကြံနှင့် သကြား လုပ်ငန်းကဏ္ဍ
မြန်မာနို်င်ငံသကြား နှင့် ကြံလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး တင်ပြပါသည်။
● Re-export သကြားနှင့် ပတ်သက်၍ တရုတ်ပြည်၏ စျေးကွက်လိုအပ်ချက်မှာ ကြီးမားသဖြင့် ယခင်က နို်င်ငံခြားမှ သကြားကို တင်သွင်း၍ တရုတ်နို်င်ငံသို့ တင်ပို့လျက်ရှိရာ ယခုအခါ တရုတ်နို်င်ငံမှ တရားမဝင် လက်ခံတင်သွင်းခြင်း မပြုရန်နှင့် တင်သွင်းလာသော ကုန်သည်များကို အရေးယူဆောင်ရွက်လျက် ရှိခြင်းတို့ကြောင့် Re-export သကြားကို ဆက်လက်တင်သွင်းခွင့် မပြုရန်
● တိကျသော စီမံခန့်ခွဲမှုဖြင့် သကြားတင်ပို့ရောင်းချနိုင်ရန်အတွက် ညှိနှို်င်း ဆောင်ရွက်ပေးရန်
● လက်ရှိခွင့်ပြုလျက်ရှိသော သကြားတင်သွင်းမှုကို ထုတ်လုပ်နိုင်မှု ပမာဏနှင့် လုံလောက်သည့် ပမာဏ အတိုင်းသာလျှင် ခွင့်ပြုရန်
● မြန်မာနို်င်ငံသို့ သကြားတင်သွင်းမှု အားလုံးအတွက် အာဆီယံနိုင်ငံများ နည်းတူ သွင်းကုန်အခွန်အခကို ၀.၅% မှ ၅% သို့ို ညှိနှိုင်းသတ်မှတ်ပေးရန် သို့မဟုတ် ပြောင်းလဲရန် အခက်အခဲရှိပါက လက်ရှိကောက်ခံနေသော တင်သွင်းခွန် ၀.၅ % အပြင် ကုန်သွယ်လုပ်ငန်းခွန် ၁၀ % ထပ်ဆောင်း ကောက်ခံရန်
● နိုင်ငံခြားမှ သကြားတင်သွင်းနေခြင်းကို ခွင့်ပြုခြင်းထက် နို်င်ငံတကာမှ ပြည်တွင်းတွင် သကြားစက်ရုံတည်ဆောက်ခြင်း ရင်းနှီးမြှုပ်နှံမှုကို အထူး အလေးထား ပူးပေါင်းဆောင်ရွက်ရန်
ပလတ်စတစ်လုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန် တင်ပြပါသည်။
● SME များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းရောင်းချခြင်းအပြင် ပြည်ပ သို့ပါ တင်ပို့နိုင်သည့် Mass Production ဖြစ်ကာ စျေးနှုန်းသက်သာပြီး အလျင် အမြန် လုပ်ငန်းတိုးတက်နိုင်ခြေ ရှိကြောင်းနှင့် ပြည်ပမှ တင်သွင်းသော ကုန် ပစ္စည်းများမှာ ပစ္စည်းအမှတ်တံဆိပ် လူသိများပြီးဖြစ်ခြင်းကြောင့် စျေးနှုန်းယှဉ် ရောင်းရာတွင် အခက်အခဲများစွာ ရှိနေခြင်း ဖြစ်နေသဖြင့် အခွန်အကောက်ကို လျှော့ချပေးနိုင်ရန်
● NGO, INGO များနှင့် နိုင်ငံခြားအကူအညီများ၏ Project များသည် အခွန် လွတ်ခွင့် ရရှိနေ၍ ပြည်ပမှ ပစ္စည်းများအစား ပြည်တွင်းထုတ်ကုန််များအား အသုံးပြုစေရန်နှင့် ပြည်တွင်းဖြစ်ကို သုံးစွဲရန် ညွှန်ကြားခြင်းဖြင့် လည်းကောင်း၊ စျေးကွက်ချဲ့ထွင်ရေး ပူးပေါင်းဆောင်ရွက်ရန်
● မြန်မာ့ ထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့သောအခါ TIS စနစ်ဖြင့် ကိုက်ညီ ရမည်ဟု ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားပါသည်။ TIS စနစ်ကို စံချိန်စံညွှန်းမီ ကိုက်ညီအောင် ထုတ်လုပ်နိုင်သော်လည်း၊ TIS Certificate ကဲ့သို့ နိုင်ငံတော်မှ MIS (Myanmar Industrial Standard) ကို အမြန်ဆုံး အကောင် အထည်ဖော်ထုတ်ပေးရန်
● ပြည်တွင်းထွက် သွင်းကုန်အစားထိုးထုတ်လုပ်သော ကုန်ပစ္စည်းများကို ပြည်ပ တင်ပို့ပါက ဝင်ငွေခွန်မှ လွဲ၍ ကျန်အခွန်အခများအားလုံးကို ကင်းလွတ်ခွင့်ပေး ပါရန်
ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ
ပဲခူးတိုင်းဒေသကြီး(အရှေ့) ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ ဦးကိုကိုကြီး တင်ပြသည်။
● ပဲခူးတိုင်းတွင် သီးနှံအာမခံစနစ် ပီပီပြင်ပြင် ပေါ်ပေါက်စေရန် ၊ ပုံစံ(၇)ချေးငွေ အပေါ် နိုင်ငံတော်မှ အကာအကွယ်ပေးနိုင်ရန် နည်းဥပဒေများ အကောင် အထည်ဖော်ပေးရန်
ပဲခူးတိုင်းဒေသကြီး(အနောက်) ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးလှမိုး တင်ပြသည်။
● တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တစ်လတစ်ခါခန့် တွေ့ဆုံခွင့်ပေးပါရန်နှှင့် ကြံ စိုက်တောင်သူများ ရှားပါးနေခြင်းနှင့် ကြံစိုက်တောင်သူများကို ပိုမိုခေါ်ယူနိုင် ရေး ပူူးပေါင်းဆောင်ရွက်ရန်
ရှမ်း(တောင်) ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း တင်ပြ သည်။
● စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၊ SME ကဏ္ဍ၊ အခွန်ကဏ္ဍ၊ ခရီးသွားကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် လုံခြံုစိတ်ချသော စားသောက်ကုန် ထုတ်လုပ်တင်သွင်းမှုကဏ္ဍများအား ပူးပေါင်းမြှင့်တင်ရန်
● စိုက်ပျိုုးရေးကဏ္ဍနှင့်ပတ်သက်၍ စျေးကွက် ၊ နည်းပညာ၊ သွင်းအားစုနှင့် Value Added လုပ်နိုင်ရန်အတွက်် နိုင်ငံတော်မှ ငွေကြေးအရင်းအနှီး၊ နည်း ပညာများ၊ သက်မွေးသင်တန်းကျောင်း ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန်
● နယ်စပ်ကုန်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများ၊ လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်ပိတ်ခံရခြင်းများ ဖြေရှင်းပေးစေလိုပါ ကြောင်းနှင့် SME ကဏ္ဍအတွက် နို်င်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာ တွင် အရင်းနှီးနည်းပညာများ ကူညီထောက်ပံ့ပေးမည့်လုပ်ငန်းများကို ဦးစား ပေး စဉ်းစားပေးရန်
● အခွန်နှင့်ပတ်သက်၍ ပြည်သူများကို အခွန်ပေးဆောင်ချင်လာအောင် အသိ ပညာပေးခြင်း၊ မက်လုံးပေးခြင်း၊ အာမခံချက်များကို ပေးခြင်းတို့ကို ဆောင် ရွက်ပေးရန်၊ နို်င်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် ဘဏ်အတိုးနှုန်းကိုလည်းသင့်တင့် သော အတိုးနှုန်းသို့ လျှော့ချပေးပါရန်နှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါရန်
● ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးမှ ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးဖြစ်ရန် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများမှ ၀ိုင်းဝန်းကူညီ ပေးပါရန်နှင့် လုံခြံုသော စားသောက်ကုန်ကိစ္စ (Safety Food)တွင် စား သောက်ကုန် ဥပဒေ ရှိပြီးဖြစ်သည့်အတွက် နည်းဥပဒေကို လျင်မြန်စွာ အကောင်အထည် ဖော်ပေးပါရန် တင်ပြခဲ့ကြပါသည်။
ရင်းမြစ်။ ။ကုန်သည်စက်မှုအသင်းချုပ်