ဂျာမနီလက်ကားရောင်းဝယ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ METROက မြန်မာနိုင်ငံဈေးကွက်ကိုဝင်ရောက်လာပြီး၎င်းတို့ရဲ့ကုန်ပစ္စည်း(၇၅)ရာခိုင်နှုန်းအတွက်ပြည်တွင်းမှရယူအသုံးပြုမည်ဖြစ်ကြောင်းMETRO Wholesale Myanmar ၏အမှုဆောင်အရာရှိချုပ်Mr.Jens Michel ပြောပါတယ်။
METRO Wholesale Myanmar ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်တည်ထောင်ခဲ့ပြီး Yoma Strategic နဲ့ အကျိုးတူပူးပေါင်းထားပါတယ်။ ရန်ကုန်မြို့အနီးရှိ သီလဝါအထူးစီးပွားရေးဖုန်မှာ ၎င်းတို့ရဲ့ ပင်မသိုလှောင်ရုံကို တည်ဆောက်ထားကာ အကျယ်အဝန်း (၅၈၀၀) စတုန်ရန်းမီတာ အကျယ်အဝန်းရှိပါတယ်။
METRO ကို နိုင်ငံပေါင်း (၃၆) နိုင်ငံမှာ ဖွင့်လှစ်ထားကာ ဝန်ထမ်းဦးရေ (၁) သိန်းဖြင့်လည်ပတ်နေပြီး ကမ္ဘာတစ်သန်းတွင် ဝယ်သူပေါင်း (၂၄) သန်းရှိတဲ့ လက်ကားရောင်းဝယ်ရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်ပါတယ်။
METRO အနေနဲ့ အခြားနိုင်ငံများရှိ လုပ်ငန်းလည်ပတ်ပုံနဲ့မတူညီဘဲ E-commerce နဲ့ သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုကာ မြန်မာနိုင်ငံမှာ ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။
METRO ရဲ့ ရည်မှန်းချက်က ရောင်းချမယ့် ကုန်ပစ္စည်းတွေရဲ့ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းကတိုက်ရိုက်ရယူဖို့ပါ။ METRO Wholesale Myanmar က လက်ဆတ်တဲ့ အစားအစာနဲ့ သစ်သီးဝလံတွေ၊ အာလူး၊ ခရမ်းချဉ်သီး ၊ ငါး၊ ပင်လယ်စာ၊ ကြက်သားနဲ့ တခြားအသားတွေကို ရယူသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် စားသောက်ကုန်နဲ့ သိပ္ပံနည်းကျအစားအသောက်များဘးအန္တရာယ်ကင်းရှင်းရေး ထိန်းချုပ်စနစ်ဆိုင်ရာ သင်တန်းမာျးကို မကြာသေးမှီကာလများအတွင်းက သင်ကြားပို့ချပေးထားပါတယ်။
လက်ရှိအချိန်မှာ METRO Wholesale Myanmar ၌ ဝန်ထမ်းအင်အား (၁၅၀) ခန့် ခန့်အပ်ထားပြီး ဒေသခံကျွမ်းကျင်သူများမှာ (၉၂) ရာခိုင်နှုန်းပါဝင်နေပါတယ်။
ထပ်မံပြီးတော့လည်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်ပြီး နောက်ပိုင်းတွင် လက်ရှိဝန်ထမ်းအင်အားထက် (၂) ဆ ခန့်အပ်သွားဖို့လည်း စီစဉ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ အစားအသောက်နဲ့ အခြားကုန်ပစ္စည်းအမျိုးအစားပေါင်း (၂၀၀၀) ခန့် ရောင်းချဖို့ စီစဉ်ထားပြီး ဒစ်ဂျစ်တယ်ပလပ်ဖောင်းပေါ်မှ မှာယူနိုင်မည်ဖြစ်ပါတယ်။
BE NEWS
Myanmar Industry Directory