တစ်ဦးလျှင် USD 100 ခံစားခွင့် ရှိမည့် MICE ထိုင်းနိုင်ငံ ခရီးစဉ်


28 February, 2019

ရန်ကုန်နှင့် မန္တလေးမြို့များတွင် Thailand MICE Roadshow 2019 ကျင်းပခဲ့သော
TCEB (Thailand Conventions & Exhibitions Bereau) မှ ထိုင်းနိုင်ငံသို့ ခရီးစဉ်ပုံစံနှစ်မျိုး ကူညီထောက်ပံ့ရန် အစီအစဉ် ရှိသည်။ စီးပွားရေးဆိုင်ရာ ဧည့်သည်များနှင့် စီးပွားရေးဆိုင်ရာ ခရီးစဉ်စီစဉ်သူများ (BMO - Business Mission Organizer) တို့အတွက် အားပေးကူညီသည့် အစီအစဉ် နှစ်မျိုး ဖြစ်သည်။ သွားရေးလာရေး နေရေးထိုင်ရေး၊ ခရီးစဉ် စီစဉ်ခြင်းတို့အပြင် ငွေကြေးထောက်ပံ့မှုပါ ပါဝင်သည့် အစီအစဉ်များဖြစ်သည်။
TCEB (Thailand Conventions & Exhibitions Bereau) မှ ထိုင်းနိုင်ငံသို့ ခရီးစဉ်ပုံစံနှစ်မျိုး ကူညီထောက်ပံ့ရန် အစီအစဉ် ရှိသည်။ စီးပွားရေးဆိုင်ရာ ဧည့်သည်များနှင့် စီးပွားရေးဆိုင်ရာ ခရီးစဉ်စီစဉ်သူများ (BMO - Business Mission Organizer) တို့အတွက် အားပေးကူညီသည့် အစီအစဉ် နှစ်မျိုး ဖြစ်သည်။ သွားရေးလာရေး နေရေးထိုင်ရေး၊ ခရီးစဉ် စီစဉ်ခြင်းတို့အပြင် ငွေကြေးထောက်ပံ့မှုပါ ပါဝင်သည့် အစီအစဉ်များဖြစ်သည်။
ထိုခရီးစဉ် နှစ်မျိုးသည် MICE ခရီးသွားကဏ္ဍအတွက် ဖြစ်သည်။ MICE သည် Meetings တွေ့ဆုံစည်းဝေးခြင်းများ၊ Incentives အားပေးဆွဲဆောင်မှုများ၊ Conventions ညီလာခံများ နှင့် Exhibitions ပြပွဲများကို ဆိုလိုသည်။ ထိုကိစ္စရပ်များအတွက် ဧည့်ခရီးသည်များ ထိုင်းနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားလုပ်ငန်းဖြစ်သည်။ တစ်ဦးစ နှစ်ဦးစ လာရောက်ခြင်း မဟုတ်ဘဲ အုပ်စုဖွဲ့၍ လာရောက်ခြင်းဖြစ်ပြီး ကြိုတင်၍ ကျကျနန စီစဉ်ပေးထားသည့်ခရီးစဉ်မျိုးဖြင့် သွားလာခြင်း ဖြစ်သည်။ ထို့အပြင် လာရောက်ရသည့်အတွက် ရည်ရွယ်ချက်များ ရှိထားသည်။ MICE ခရီးသွား လုပ်ငန်း ခရီးစဉ်များအတွက် ထိုင်းနိုင်ငံတွင် မြို့ ငါးမြို့ကို သတ်မှတ်ပေးထားသည်။ ၎င်းတို့မှာ ဘန်ကောက်၊ ပတ္တရား၊ ချမ်းမိုင်၊ ဖူးကက်နှင့် ခွန်ခံတို့ ဖြစ်သည်။
ယခုနှစ် ၂၀၁၉ ခုနှစ်အတွက် မိုက်စ်ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ရန်ကုန်မြို့ရှိ မီလီယာဟိုတယ်တွင် ကျင်းပခဲ့ပြီး TCEB ၏ Senior VP ဖြစ်သူ Mrs Nichapa Yoswee က ရှင်းလင်းတင်ပြခဲ့၏ပါသည်။

မိုက်စ် အစီအစဉ်ဖြင့် အုပ်စုဖွဲ့ ခရီးသွားခြင်းအတွက် TCEB နှင့် Bangkok Airways တို့မှ ပူးတွဲစီစဉ်သည့် Fly and Meet Double Bonus- Redefine အစီအစဉ် ရှိသည်။ ထိုင်းနိုင်ငံသို့ Bangkok Airways ဖြင့် သွားရပြန်ရမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ခရီးသည်အဖွဲ့များအတွက် အကျိုးရှိစေမည် ဖြစ်သည်။ ထိုအစီအစဉ်အတွက် သတ်မှတ်ထားသည့် အချက်များမှာ-
အဖွဲ့တစ်ဖွဲ့တွင် ပါဝင်သူဦးရေ အနည်းဆုံး ၃၀ ဦး ရှိရမည်။ (ယမန်နှစ်က အနည်းဆုံး ၅၀ ဦးဟု သတ်မှတ်ခဲ့ပြီး ယခု ဦးရေလျော့ပေါ့ သတ်မှတ်ထားခြင်း ဖြစ်သည်။ ငွေကြေးထောက်ပံ့မှုမှာ တစ်ဦးလျှင် ဘတ် ၁၀၀၀ ဖြစ်သည်။ သုဝဏ္ဏဘူမိ လေယာဉ်ကွင်းတွင် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းရာ၌ မြန်ဆန်အောင် စီစဉ်ပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်း အစရှိသည်တို့ကို ရရှိမည် ဖြစ်သည်။

နောက်ထပ် အစီအစဉ်တစ်မျိုးမှာ ပြပွဲများ၊ စည်းဝေးပွဲများသို့ တက်ရောက်ရန် အားပေးကူညီသည့် အစီအစဉ် ဖြစ်သည့် ASEAN+6 Privilege Campaign ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ အသင်းများ၊ ကုန်သွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ၊ အကျိုးအမြတ်မယူသော အဖွဲ့များ အပါအဝင် စီးပွားရေးဆိုင်ရာ ခရီးစဉ်စီစဉ်သူများ (BMO) အတွက် ဖြစ်သည်။ ASEAN+6 တွသ် အာဆီယံနိုင်ငံများအပြင် တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျနှင့် နယူးဇီလန်တို့ကို ဆိုလိုသည်။ ခရီးသွားအဖွဲ့တွင် ထိုနိုင်ငံတို့မှ အနည်းဆုံး ၁၀ ဦး ပါဝင်ရမည်ဟု သတ်မှတ်ထားသည်။ ဥပမာ မြန်မာနိုင်ငံသား ၁၀ ဦး အနည်းဆုံး ပါဝင်သော အဖွဲ့ဖြစ်ရမည်။
ထို့ပြင် တစ်ဦးစီသည် အစည်းအဝေး ၃ ခု သို့မဟုတ် တစ်ဖွဲ့လုံးအနေဖြင့် အစည်းအဝေး စုစုပေါင်း ၃၀ တက်ရောက်ရမည် ဖြစ်သည်။ ASEAN+6 Privilege Campaign ၏ အစီအစဉ်များနှင့် ကိုက်ညီပါက ငွေကြေးထောက်ပံ့မှု ခံစားခွင့် ရရှိမည်ဖြစ်ပေရာ အဖွဲ့ဝင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ရရှိမည်ဖြစ်သည်။

Local News Read 380 times