ကျန်းမာရေးထိခိုက်စေသည့် ဓာတုပစ္စည်းများရောနှောကာ နွားနို့အတုများပြုလုပ်နေကြောင်း လူမှုကွန်ရက်တွင် သတင်းပြန့်နေ၍ နွားနို့ရောင်းအားကျဆင်းနေသည်ဟု ငွေစင်ပုလဲ နွားနို့လုပ်ငန်းရှင် ဦးတင်ဝင်းက ပြောသည်။
အဆိုပါသတင်းကို မြန်မာအစားအသောက်စားသုံးသူအခွင့် အရေးကာကွယ်ရေးနှင့် ပညာပေးရေးပေ့ချ်၌ ဖော်ပြထားပြီး နွားနို့အတု ပြုလုပ်ရာတွင် နွားနို့အစစ်ထဲသို့ အဝတ်လျှော် ဆပ်ပြာရည်၊ ဖော်မလင်၊ အမိုးနီးယား ဓာတုပစ္စည်းများ ထည့်သွင်းကာပြုလုပ်သည်ဟု ဖော်ပြထားသည်။
ယင်းပို့စ်သည် ၂၀၁၃ကလူ မှု ကွန်ရက်စာမျက်နှာပေါ်တင် ထားသည့် အိန္ဒိယနိုင်ငံတက္ကသိုလ် တစ်ခု၏ နွားနို့အတုများပြုလုပ် ပုံလေ့လာတွေ့ရှိချက်ကို ဘာသာ ပြန်ထားခြင်းဖြစ်သည်။ယင်းပို့စ် သည် ၂၀၁၅ တွင် လူမှုကွန်ရက် ပေါ်ရောက်ရှိလာရာမှ လတ်တလော ပြန်လည်လူသိများကာ အများပြည်သူက နွားနို့သောက် ရန် စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်ကပြောခဲ့ပါသည်။
‘‘ဘယ်လောက်ထိ ရောင်း အားကျဆင်းတယ်ဆိုတာတော့ ပြောရခက်ပေမယ့် အခုအစ္စလာမ် ဘာသာဝင်တွေရဲ့ ဥပုသ်စောင့် တဲ့ကာလတွေမှာ အမြဲတမ်းစား သုံးသူကို တောင်းပန်နေရတဲ့ကာ လတွေပါ။ လိုအပ်တဲ့ နွားနို့အရေ အတွက်ကို လုံလောက်အောင်မပို့ လို့ အပြစ်တင်ခံရတဲ့လမျိုးတွေ ပါ။ ဒီနှစ်ကတော့ ဒီလိုအနေအ ထားမျိုးမရှိခဲ့ပါဘူး’’ ဟု ဦးတင်ဝင်းက ပြောသည်။
အစာအာဟာရဆိုင်ရာသိပ္ပံ နှင့် နည်းပညာအသင်းအမှုဆောင် အဖွဲ့ဝင် ဒေါက်တာဝါဝါဟန်က ‘‘၁၀၀ ရာခိုင်နှုန်းအာမမခံရဲပေမယ့် အခုချိန်ထိတော့ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေ တော့ ရောတာမတွေ့ရသေးပါဘူး။ ရေရောတာတွေ တော့ရှိနိုင် ပါတယ်’’ ဟု ပြောသည်။
နွားနို့အတွင်း ကျန်းမာရေး ထိခိုက်စေမည့်ဓာတုပစ္စည်းများ ပါဝင်သည်ဟု ယူဆပါက အ ထောက်အထားခိုင်လုံစွာဖြင့် စား သုံးသူရေးရာဦးစီးဌာနသို့ တိုင် ကြားနိုင်ကြောင်း မြန်မာစားသုံး သူများသမဂ္ဂ အတွင်းရေးမှူးဦး မောင်မောင်က ပြောသည်။
7 Day Daily