တူရကီ ရေပိုင်နက်မှာ ရေနံစိမ်း စည်ပေါင်း သန်းချီ ရပ်တန့်ထား


11 December, 2022

တူရကီ ရေပိုင်နက်မှာ ရေနံစိမ်း စည်ပေါင်း သန်းချီ ရပ်တန့်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပင်လယ်နက် တစ်ခုတည်းသော ထွက်ပေါက် ဘော့စပါရပ် Bosphorus ရေလက်ကြားတွင် ရေနံတင်သင်္ဘောကြီးများ ကျောက်ချရပ်တန့်ထားရခြင်းကြောင့် ၎င်းသင်္ဘောများပေါ်မှ ရေနံစိမ်းများ စည်းပေါင်းသန်းချီတဲ့ ပမာဏဖြင့် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေပါတယ်။

 


တူရကီ ရေပိုက်နက်ထဲမှ ဘော့စပါရပ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောမှန်သမျှ သက်တမ်းရှိ အာမခံများ ထားရှိကြောင်း အထောက်အထားကို တူရကီ ရေကြောင်းအာဏာပိုင်တို့က စိစစ်နေတာကြောင့် ကြန့်ကြာနေပြီး ရေနံတင်သင်္ဘောများ ကျောက်ချရပ်ထားပြီး စောင့်နေကြရပါတယ်။

ယခင်လကုန်ပိုင်းမှာ တူရကီ ရေကြောင်းအာဏာပိုင်တို့က ရေနံတင်ဆောင်သည့် သင်္ဘောများ အာမခံ ထားရှိကြောင်း အထောက်အထား ပြသနိုင်မှ ပင်လယ်နက်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ဘော့စပါရပ် ရေလက်ကြားကို သုံးစွဲခွင့်ကို ခွင့်ပြုပေးမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တူရကီ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ရေလက်ကြားကို သွားလာရန် စောင့်ဆိုင်းနေသည့် ရေယာဉ် အမြောက်အမြား ရှိနေကြောင်း ကြာသပတေးနေ့ (ဒီဇင်လာ ၉)တွင် ပြောကြားခဲ့ပါတယ်။ ထို့ပြင် အာမခံပေါ်လစီ ရှိမရှိ စိစစ်နေသည့်အတွက် ကြန့်ကြာနေသည်ကို ဖိအားမပေးရန် ပြောကြားခဲ့ပါတယ်။ 
သက်တမ်းရှိ အာမခံပေါ်လစီ မထားရှိတဲ့ ရေနံစိမ်း တင်ဆောင်ထားသောသင်္ဘောများကို တူရကီ ရေပိုင်နက် အပြင်ဘက်သို့ ဖယ်ရှားမည် ဖြစ်ကြောင်းလည်း ၎င်းဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အဆိုပါသင်္ဘောများကို တူရကီရေပိုင်နက်မှ နှင်ထုတ်ခဲ့ရင် ၎င်း သင်္ဘောများ ပင်လယ်နက်ထဲမှာ တဝဲလည်လည် ဖြစ်နေတော့မှာ ဖြစ်ပါတယ်။

 

 

 

ကာဇက်စတန်မှ ရေနံစည်ပေါင်း ၂၃ သန်းကျော် တင်ဆောက်ထားတဲ့ ရေနံတင်သင်္ဘော  ၂၆ စင်း ရပ်တန့်ထားရပါတယ်လို့ Bloomberg သတင်းဌာနက ဆိုပါတယ်။
တူရကီ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ၁၅ စီးလို့ ဆိုပါတယ်။

၎င်းဝန်ကြီးဌာန ကြေညာချက်များတွင် အောက်ပါအချက်များကို ဖော်ပြထားသည်။
 
မြေထဲပင်လယ်ဘက်မှ ပင်လယ်နက်ထဲသို့ ဝင်ရောက်ပြီး ကုန်တင်မည့် ရေနံတင်သင်္ဘောများသည် အာမခံ ထားရှိကြောင်း တင်ပြရန် လိုအပ်သည်။ 
သက်တမ်းရှိသည့် အာမခံ ရှိထားကြောင်း လိုအပ်ချက်ကို ၂၀၀၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်သည်။
ရပ်ထားသည့် ရေနံတင်သင်္ဘော ၁၅ စီးတွင် ၁၁ စီးသည် အီးယူတွင် ကုန်ချမည့်သင်္ဘောများ ဖြစ်သည်။
အာမခံ မရှိပါက သင်္ဘောပိုင်ရှင်များသည် အာမခံ ပေါ်လစီအသစ် ထားရှိပြီး ဆောင်ရွက်နိုင်သည်။

၂၀၂၁ တွင် ဘော့စပါရပ်ရေလက်ကြားကို ဖြတ်သန်းပြီး ရေနံစိမ်း စည်ပေါင်း သန်း ၇၀၀ နီးပါး သယ်ဆောင်ခဲ့ပါတယ်။ 

တူရကီမှ ရေနံချက်စက်ရုံများအတွက် ရေနံစိမ်း တင်ဆောင်လာသည့် ရေနံတင်သင်္ဘောများကို ခြွင်းချက်ပြုပေးထားသည်။ “အများပြည်သူအကျိုးနှင့် အမျိုးသားအကျိုးစီးပွား” အတွက် ခြွင်းချက်ပြုထားသည်ဟု ဆိုသည်။

Source: Economic Times, Insurance Journal

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 43895 times