တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Contract Transparency) အတွက် သတ်မှတ်ကြေညာချက် ထုတ်ပြန်ထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၈ / ၂၀၂၀
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက် )
တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်
စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Contract Transparency) အတွက်
သတ်မှတ်ကြေညာခြင်း
တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative-MEITI) လုပ်ငန်းစဉ်အရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(Contract Transparency) ကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ဤအမိန့်ကြော်ငြာစာကိုထုတ်ပြန် ကြေညာလိုက်သည်။
၁။ မြန်မာနိုင်ငံတွင်းထွက်သယံဇာတများတူးဖော်ထုတ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အစိုးရဌာနများ၊ အစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများသည် တွင်းထွက်သယံဇာတ လုပ်ငန်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နှစ်ဦးနှစ်ဘက်သဘောတူညီမှုဖြင့် ချုပ်ဆိုထားသော စာချုပ်များ၊ လိုင်စင်များ၊ သတ်မှတ်ချက်များ၊ သဘောတူညီမှုများကို အများပြည်သူပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ဤအမိန့်ကြော်ငြာစာအရ ဖွင့်ဟဖော်ထုတ်ရမည်။ ၂။ ယင်းသို့ ထုတ်ပြန်ရာတွင် စီးပွားရေးလုပ်ငန်းများ သတ်မှတ်ခြင်း၊ ဖွင့်ဟထုတ်ပြန်မည့် စာချုပ် စာတမ်းအမျိုးအစားများနှင့် ကာလသတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုထိန်းသိမ်းခြင်း၊ စာချုပ်စာတမ်း များအားစိစစ်ခြင်း၊ ထုတ်ပြန်ကြေညာခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသေ၁ ကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများက MEITI ရုံး၏ Website၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့၏ website များတွင် ထုတ်ပြန်ကြေညာရမည်။
၃။ မြန်မာနိုင်ငံသည် E1 စံနှုန်းများအား လိုက်လာအထည်ဖ် သောင်ရွက်လျက်ရှိရာ စာချုပ်စာတမ်းများပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Contract Transparency) နှင့်ပတ်သက်၍ သယံဇာတကဏ္ဍ(ရေနံနှင့်သဘာဝကတ်ငွေ့၊ ကျောက်မျက်ကျောက်သိမ်း၊ ဓာတ်သတ္တု၊ ပုလဲ၊ သစ်တော) ရှာဖွေတူးဖော်ထုတ်လုပ်သန့်စင်ရောင်းချခြင်း လုပ်ကိုင်လျက်ရှိသောကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် လုပ်ငန်းများသည် EITI စံနှုန်း သတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ လိုင်စင်ခွင့်ပြုမှု၊ စာချုပ် ချုပ်ဆိုမှု စာချုပ်ပြန်လည် ပြင်ဆင်ချုပ်ဆိုမှုများကို အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာရမည်။