စက်မှုဝန်ကြီးဌာန ၊ အမှတ်(၁၅)အကြီးစားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်(၁၅)စီးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလိုအပ်သော လူနာတင်ယာဉ်များကို နိင်ငံတကာအဆင့်မီ ထုတ်လုပ်ပေးနိင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်းကပင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း ၊ လူနာတင်ယာဉ်အဖြစ်အသုံးပြုမည့် မော်တော်ယာဉ်နှင့် ယာဉ်တွင်တပ်ဆင်အသုံးပြုမည့် Medical Equipments နှင့်ဆက်စပ်ပစ္စည်းများကိုပွင့်လင်းမြင်သာစွာဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွှက်ခဲ့ကြောင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အရေးပေါ်ကုသရေးဆေးပညာဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး မြန်မာနိင်ငံနှင့်ကိုက်ညီမည့် အသင့်တော်ဆုံး ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါကြောင်း လည်းသိရပါသည်။
ယခုထုတ်လုပ်သော လူနာတင်ယာဉ်များမှာ နိင်ငံတကာအဆင့်မီ Standard Type အမျိုးအစားဖြစ်ပြီး တစ်စီးလျှင်မြန်မာကျပ်ငွေ သိန်း(၇၄၀)ဖြစ်ကြောင်း ၊ မော်တော်ယာဉ်နှင့် အတွင်းစက်ပစ္စည်းများအတွက်(၁)နှစ်အာမခံပေးထားကြောင်း ၊ ဈေးကွက်လိုအပ်ချက်အရ Basic Type နှင့် Advance Type အမျိုးအစားများကိုလည်း ဆက်လက်ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ မြန်မာနိင်ငံလူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေးအဖွဲ့(CAAM) အဖွဲ့မှလည်း ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သောလူနာတင်ယာဉ်များနှင့်အတူပြည်ပမှတင်သွားလာသော လူနာတင်ယာဉ်များကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကိုလည်းသိရှိရပါသည်။
Myanmar Industry Portal