တိုကျို− မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ကို ထိုင်းနိုင်ငံကုမ္ပဏီခွဲမှတစ်ဆင့် လျှပ်စစ်ကြားခံခလုတ် (GIS) ၄၆ ခုနှင့် ထရန်စဖော်မာများ ထောက်ပံ့ရေး ရွေးချယ်ခံရသည်ဟု မစ်ဆူဘီရှီ လျှပ်စစ်ကော် ပိုရေးရှင်းက ပြောကြားသည်။
ယင်းလျှပ်စစ်စွမ်းအင်လုပ်ငန်းသုံးပစ္စည်းများကို လာမည့်နှစ်၌ စတင်ပေးပို့မည်ဖြစ်ကာ ၂၀၂၁ တွင် စတင်လည်ပတ်မည့် ဓာတ်အားခွဲရုံများ၌ တပ်ဆင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂျပန်အစိုးရ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး (ODA) စီမံကိန်း၌ ပါဝင်သော အရေးပေါ်ပြန်လည်ထူထောင်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်း ပထမအဆင့်၏ ဒုတိယအသုတ် ထောက်ပံ့မှုတွင် အထက်ပါ ပစ္စည်းများ ပေးပို့ခြင်းဖြစ်သည်။
ရှေ့ဆက်၍ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၌ ပါဝင်ဖြည့်ဆည်းရန် MitsubishiElectric က စိတ်ချရသော အရည်အသွေးမြင့်ပစ္စည်းများ ဆက်လက်ထောက်ပံ့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျင်မြန်သော စီးပွားရေးတိုးတက်မှုကြောင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ကျော်လွှားရန် မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများ တည်ဆောက်နေသည်။
ယင်းနှင့်အတူ မြန်မာနိုင်ငံသည် သက်တမ်းကြာရှည်နေပြီဖြစ်သော ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းကို ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်နေသည်။
7 day