မိုဘိုင်းဖုန်းအသုံးပြု ငွေပေးချေစနစ်တစ်ခု မိတ်ဆက်


08 February, 2019

မိုဘိုင်းဖုန်းအသုံးပြုမည့် ငွေပေးချေစနစ်(Mobile Payment) ကို ယခုနှစ်အတွင်း စတင် မိတ်ဆက်မည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။

‘‘Payment နဲ့ပတ်သက်ပြီး လုပ်စရာအများကြီးရှိပါတယ်။ မကြာခင်မှာ မြန်မာပြည်က မိုဘိုင်းနဲ့ လွယ်လွယ်ကူကူပေးနိုင်တာ ဒီနှစ်ထဲမှာစတင်မိတ်ဆက်မယ်။ ဒါကတော့ ပြည်သူလူထုရော၊ ရောင်းတဲ့သူရောအများ ကြီးဆီလျော်အောင်လုပ်ထားပါတယ်’’ ဟု ဦးဘိုဘိုငယ်က ပြောပါတယ်။

နိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုများလာပြီး မိုဘိုင်းဖုန်းသုံး ငွေပေးချေစနစ်မရှိသေး၍ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် စည်းမျဉ်းစည်းကမ်းများရေးဆွဲနေကာ လုပ်ဆောင်ပုံအသေးစိတ်ကို မပြောနိုင်သေးကြောင်း ဗဟိုဘဏ်က ဆိုထားပါတယ်။

ဗဟိုဘဏ်သည် ဘဏ်များ၊ နိုင်ငံတကာငွေပေးချေသည့် စနစ်များ၊ Mobile Wallet (မိုဘိုင်းငွေ အိတ်)၊ မိုဘိုင်းဖုန်းအော်ပရေတာများနှင့် လစဉ်ဆွေးနွေးနေသည်ဟု ဦးဘိုဘိုငယ်ကပြောပါတယ်။ မိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်ဆိုသည်မှာ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများသည် စည်းမျဉ်းစည်းကမ်းများအရ မိုဘိုင်းဖုန်း အသုံးပြု၍ ငွေပေးချေမှုများ အလွယ်တကူပြုလုပ်ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် မိုဘိုင်းငွေပေးချေမှုအတွက် Wave Money၊ အူရီးဒူးအော်ပရေတာက လုပ်ဆောင်သည့် M-Pitesan နှင့် OK $ တို့ကို ဗဟိုဘဏ်က ခွင့်ပြုထားပါတယ်။ ပြည်ပြည်ဆိုင်ရာ အချက်အလက်ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ အာဆီယံတွင် မိုဘိုင်းဖုန်းသုံး ငွေပေးချေမှုသည် ၂၀၂၁ တွင် ငွေပေးချေမှုအားလုံး၏ ၁၆ ရာခိုင်နှုန်းအထိရှိလာမည်ဟု ဆိုထားပါတယ်။ အာဆီယံဒေသတွင်း မိုဘိုင်းဖုန်းအသုံးပြုငွေပေး ချေမှုအနည်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားတို့ ပါဝင်ပါတယ်။

7Day Daily

Banking & Loan Read 563 times