အောက်တိုဘာလတွင် မိုဘိုင်းလ်ဖုန်းအခွန် စကောက်ရန် ပြင်ဆင်


11 September, 2017

မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းမှ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်ကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကောက်ခံနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

မိုဘိုင်းလ်ဖုန်းများ ရောင်းချခြင်းမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည် ဆိုပါက မှောင်ခိုတင်သွင်းသည့် ဖုန်းများလည်း အခွန်ဆောင်ရမည် ဖြစ်သည့်အတွက် တရားဝင်တင်သွင်းသည့် ဖုန်းများ နည်းတူ အခွန်ပေးဆောင်ရတော့မည် ဖြစ်သည့်အတွက် အခွန်လစ်လပ်မှု ရှိတော့မည် မဟုတ်ကြောင်း သိရသည်။

ထို့သို့မိုဘိုင်းလ်ဖုန်းရောင်းချခြင်းမှ အခွန်ကောက်ခံမည်ဆိုပါက အခွန်နှုန်းထားအလိုက် မှောင်ခိုတင်သွင်းရောင်းချသည့် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တက်လာမည် ဖြစ်သော်လည်း တရားဝင် တင်သွင်းထားသည့် ဖုန်းစျေးများမှာ  အခွန်ဆောင်ထားပြီး ဖြစ်သည့်အတွက် စျေးထပ်မံတက်လာမည် မဟုတ်ကြောင်း ဖုနး်ဆိုင်လုပ်ငန်းရှင်များက ပြောကြားသည်။

မိုဘိုင်းလ်ဖုန်းများကို တရားဝင်တင်သွင်းခွင့် ရရှိရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပြုလုပ်ပြီးမှသာ တရားဝင် တင်သွင်းခွင့် ရရှိ၍ အခွန်ပေးဆောင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

Source: the voice Myanmar

Taxation Read 996 times