မွန်ပြည်နယ်ရှိ သမဝါယမအသင်းများကို အသေးစားချေးငွေများ ထုတ်ချေးမည်


20 July, 2018

မွန်ပြည်နယ်ရှိ သမဝါယမအသင်းများကို အသေးစားချေးငွေ ကျပ် ၁၇ ဘီလီယံ ကျော် ထုတ်ချေးမည်ဟု ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှဟန်က ပြောသည်။

ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မွန်ပြည်နယ်ရှိ သမဝါယ မအသင်းသားများအား အသေး စားချေးငွေများ ထုတ်ချေးမည် ဖြစ်သည်။ အတိုးနှုန်းနည်းပါးစွာ ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး အ ဆိုပါ ချေးငွေများကို အမှန်တ ကယ် လုပ်ငန်းခွင်တွင် ရင်းနှီးစိုက် ထုတ်မှု ရှိ၊ မရှိ မျက်ခြည်မပြတ် အကဲဖြတ်မည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေး ဝန်ကြီးဦးထွန်းဌေးက ပြောသည်။

‘‘ဒီချေးငွေက တရုတ်နိုင်ငံ ဘက်ကချေးတဲ့ ချေးငွေဖြစ်တယ်။ ဒီချေးငွေကို ခြောက်လတစ်ကြိမ် ပြန်ဆပ်၊ ဒီတစ်ကြိမ် ထုတ်ချေးရင် ၁၀ ကြိမ်မြောက် ထုတ်ချေးခြင်းဖြစ်တယ်။ ၁၆ ကြိမ်ထိ ထုတ် ချေးသွားမယ်။ အတိုးနှုန်းက တစ် ကျပ်ခွဲပါပဲ။ အဓိကချေးတာက စိုက်ပျိုးရေးအတွက် ချေးတာဖြစ် တယ်’’ ဟု ဦးလှဟန်က ပြောကြား သည်။

အဆိုပါ ချေးငွေများကို ပြည်နယ်အတွင်းရှိ မြို့နယ်သမဝါ ယမအသင်းများသို့ ထုတ်ချေးမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းများအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများ အကျိုးစီးပွားမြင့်မားရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဦးထွန်းဌေးက ဆိုသည်။

မွန်ပြည်နယ်ရှိ သမဝါယမအသင်းပေါင်း ၉၉၃ သင်း၏ အသင်းသားဦးရေ ၁၂၀,၀၀၀ ကျော်အတွက် အသေးစား အရင်းအနှီးချေးငွေ ၁၆,၉၉၇ ဒသမ ၁၅ သန်း၊ လယ်ယာမြေ အဆင့်မြှင့်တင်ရေး အတွက် ၂၃၇ သန်း၊ မျိုးစေ့ထုတ် သမဝါယမအသင်းအတွက် ၄၃ ဒသမ ၅ သန်း၊ လယ်ယာသုံး စက် ကိရိယာဝယ်ယူရန် ၂၇၀ ဒသမ ၁၅ သန်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးချေးငွေ ၄၅ သန်း၊ စုစုပေါင်း ချေးငွေ ကျပ် ၁၇,၅၉၂ ဒသမ ၈၀ သန်း ထုတ်ချေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာန စာရင်းအရ သိရသည်။

7 Day Daily

Banking & Loan Read 559 times