မွန်ရိုးရာဝတ်စုံ


05 February, 2021

မွန်ရိုးရာဝတ်စုံကို ချူပ်လုပ်ရောင်းချသည့် MT မွန်ရိုးရာအထည်အလိပ်ဖြန့်ချိရေး လုပ်ငန်းစုအကြောင်း ဖော်ပြပေး လိုက်ပါသည်။

ထိုလုပ်ငန်းစုကို အမှတ်(၁/၁၃၃)၊ အောင်ဆန်းလမ်းမကြီး၊ သံဖြူဇရပ်မြို့၊ မွန်ပြည်နယ်တွင် လုပ်ကိုင်နေကြောင်းသိရသည်။

ရှေးမွန်ရိုးရာဝတ်စုံအဖြစ် မိန်းကလေးဝတ်အဖြစ် ထမီကို အနီခံတွင် အမဲ နှင့် အကျီအဖြူတို့ကို ၀တ်ဆင်ခဲ့ကြပြီး ယောက်ျားလေးများ အတွက် တိုက်ပုံ ၊ မွန်ပုဆိုးအနီ၊ ခေါင်းပေါင်း(သို့) ပတ်ပေါင်း တို့ဖြင့် ရိုးရာမပျက်ဝတ်ဆင်ကြကြောင်းသိရသည်။

ဝတ်စုံများကို ချုပ်လုပ်ရာတွင် ရှေးရိုးရာမပျက်လက်ယက်ကန်းများဖြင့်ပြုလုပ်သော်လည်း တစ်ရက်လျှင်တစ်ထည်နှုန်းသာထုတ်လုပ်နိုင်သောကြောင့် တစ်နေ့လျှင် အထည် ၂၀ နီးပါးထုတ်လုပ်နိုင်သော စက်ယက်ကန်းများကိုပါ ပူးတွဲအသုံးပြုလာကြောင်းသိရသည်။

မွန်ရိုးရာထမီချူပ်လုပ်ရာတွင် ယုန်သား၊ နှစ်၈၀ ချည် (သို့) နှစ် ၁၀၀ ချည်များဖြင့် ချုပ်လုပ်ပြီး အကျီအဖြူကို ယုန် ဟုခေါ်သောပိတ်စဖြင့် ပြုလုပ်သည် ဟုသိရသည်။

အမျိုးသားတိုက်ပုံအတွက် ချည်သား၊ ပိုး၊ ယုန်တို့ဖြင့်ချုပ်လုပ်ထားပြီး ပုဆိုးကို နှစ် ၈၀ ချည် ၊ နှစ် ၁၀၀ ချည်၊ ပိုးယုန်တို့ဖြင့် ချုပ်ပေးထားပြီး ခေါင်းပေါင်းကို ပိုးသားအမာဖြင့်ပြုလုပ်ထားကြောင်းသိရသည်။

 

Tips Read 9797 times