ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို လာမည့်သီတင်းပတ် အတွင်း ကန်ဒေါ်လာသန်း ၁၀၀ မှ ၂၀၀ ကြား ထုတ်ချေးရန် စီစဉ်နေ ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဂ္ဂလိကဘဏ်များကို ကျပ်ငွေအပေါင်ထားပြီး ကန်ဒေါ်လာ ထုတ်ချေးသည့်စနစ်ကို ကျင့်သုံးမည်ဟု ဩဂုတ် ၁၆ ရက်တွင် နိုင်ငံပိုင် သတင်းမီဒီယာမှတစ်ဆင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားသည်။
လက်ရှိပုဂ္ဂလိကဘဏ်များသို့ လေလံဈေးကွက်ဖြင့် ရောင်းချနေမှုကိုလည်း ဩဂုတ် ၂၀ ရက်တွင် ကန်ဒေါ်လာသန်းဂဏန်းအထိ ဆက်လက်ရောင်းချမည်ဟု ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။
သြဂုတ်လ ၁၅ ရက်တွင် ကန်ဒေါ်လာ ၁၆ သိန်းခွဲ၊ ၁၆ ရက်တွင် ကန်ဒေါ်လာ သိန်း ၄၀ ရောင်းချပေးခဲ့ပြီး ၁၇ ရက်တွင် လေလံဈေးကွက်ဖြင့် ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၂၅ သန်းဝယ်ယူရန် ပုဂ္ဂလိကဘဏ်များက တင်ပြသော်လည်း ဗဟိုဘဏ်က ဒေါ်လာ ၁,၀၀၀ သာ ရောင်းချပေးခဲ့သည်။
ဗဟိုဘဏ်က လေလံဈေး ကွက်ဖြင့် ဒေါ်လာရောင်းချပေးခြင်း၊ တစ်ဆင့်ခံကုန်သွယ်ရေး ခေတ္တဆိုင်းငံ့ခြင်းတို့အပြင် ကန် ဒေါ်လာသန်းပေါင်းများစွာ ထုတ်ချေးမည့်အစီအစဉ်များကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး တစ်ဒေါ် လာလျှင် ၂၅ ကျပ်ခန့် ဈေးကျဆင်းခဲ့သည်။
ဩဂုတ် ၁၇ ရက်နံနက် ဈေး ဖွင့်ချိန်တွင် တစ်ဒေါ်လာကျပ် ၁,၅၄၀ ဖြင့် စတင်ခဲ့သော်လည်း ညနေဈေးပိတ်ချိန်တွင် ၁,၅၁၅ ကျပ်သို့ကျဆင်းခဲ့သည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင် ကန် ဒေါ်လာတန်ဖိုးသည် ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များကြောင့် ဆက်လက်ကျဆင်းနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့် မှန်းနေသည်။
မြန်မာနိုင်ငံ ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဈေးကစား လို၍ ဈေးဆွဲတင်ခြင်း၊ ဈေးမြင့် တက်မည်စိုးရိမ်၍ အဝယ်များ ခြင်းတို့ကြောင့် ဩဂုတ် ၁၅ ရက် တစ်ရက်အတွင်း တစ်ဒေါ်လာကျပ် ၄၀ ခန့်မြင့်တက်ပြီး ဩ ဂုတ် ၁၆ ရက်နေ့လယ်တွင် တစ် ဒေါ်လာကျပ် ၅၀ ခန့်မြင့်တက်သည်။ ထို့နောက် ယင်းညနေတွင် တစ်ဒေါ်လာ ၄၅ ကျပ်ခန့် ပြန်လည်ကျဆင်းလာသည်။
ပြည်တွင်း ငွေကြေးဈေး ကွက်တွင် တစ်ရက်အတွင်းကန် ဒေါ်လာတန်ဖိုး အပြောင်းအလဲ မြန်ဆန်ခြင်းကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ထိုင်းနယ်စပ်မှ ကုန်ပစ္စည်းများ တင်သွင်းနေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ဒေါ်လာဈေး စံချိန်တင်မြင့်တက်ကာ အတက်အကျ ကြမ်းနေသဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေသည်။
သွင်းကုန်လုပ်ငန်းများအနေ ဖြင့် ပစ္စည်းမှာယူစဉ်နှင့် ကုန်ပစ္စည်းရောက်ရှိချိန်တွင် ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းကြောင့်ကျပ် ငွေကို မူလတွက်ထားသည့်ပမာ ဏထက်ပိုမိုပေးချေရသဖြင့် အ ခက်ကြုံကြောင်း သွင်းကုန်လုပ် ငန်းရှင်အချို့က ပြောသည်။
ပို့ကုန် လုပ်ငန်းရှင်များက လည်း ဒေါ်လာဈေး အတက်အကျ ကြမ်းနေသဖြင့် စိုးရိမ်နေ သည်။
မြန်မာနိုင်ငံမှ ကုန်ပစ္စည်း များတင်ပို့မည်ဆိုပါက အနည်းဆုံး ၁၅ ရက်မှ ၄၅ ရက်အကြား ကာလတစ်ခုကြာမြင့်မှ ငွေပြန် လည်ရရှိသဖြင့် ငွေရချိန်တွင် ဒေါ် လာဈေးကျဆင်းပါက အရှုံးပေါ် မည်ကိုစိုးရိမ်နေခဲ့သည်။
7DAYS DAILY, CBM