Money Gram နဲ့ နိုင်ငံပေါင်း ၂ဝဝ ကျော်ကို ငွေပို့၊ ငွေလွှဲ လုပ်နိုင်


19 March, 2019

မြန်မာနိုင်ငံသားများဘဏ် (MCB) နဲ့ Money Gram (NASDAQ:MGI) တို့ပူးပေါင်းပြီး ပြည်တွင်းက မြန်မာနိုင်ငံသားများဘဏ်တွေရှိတဲ့ နေရာတိုင်းမှာ ငွေပို့ငွေလွှဲဝန်ဆောင်မှုပေးနိုင်မှာပါ။

အဆိုပါ Money Gram ဝန်ဆောင်မှုအသုံးပြုပြီး မြန်မာနိုင်ငံသားများဘဏ်ရဲ့ ဘဏ်ခွဲ ၄၂ ခုကနေ ကမ္ဘာတစ်ဝန်းက   Money Gram ဝန်ဆောင်မှုပေးတဲ့ နိုင်ငံပေါင်း ၂ဝဝ ကျော်က နယ်မြေဒေသတွေကို ငွေပေးပို့နိုင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရှိ Money Gram ရဲ့အကြီးအကဲဖြစ်သူ  Mr.Sukesh Malliah က  မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက နှစ်ပေါင်းများစွာ Money  Gram ဝန်ဆောင်မှုကို အသုံးပြုပြီး နိုင်ငံရပ်ခြားမှာ    နေထိုင်အလုပ်လုပ်တဲ့ မိသားစု၊  မိတ်ဆွေတွေက ပေးပို့တဲ့ငွေတွေကို  လက်ခံရရှိခဲ့ကြပါတယ်။

ယခုအခါမှာတော့ ကျွန်တော်တို့   Money Gram က    မြန်မာနိုင်ငံမှာနေထိုင်တဲ့ ပြည်သူတွေကလဲ    နိုင်ငံရပ်ခြားမှာရှိတဲ့သူတွေ ဆီကို    ငွေပို့နိုင်မယ့်ဝန်ဆောင်မှုကို ပေးသွားမှာပါလို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ပြောကြားချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေကို ငွေလွှဲမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း   ၄၂၀   ကျော်ရှိခဲ့ပါတယ်။ ငွေပေးပို့တဲ့နိုင်ငံအများစုမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။

Money Gram  မှာ ငွေပို့၊ ငွေလွှဲဝန်ဆောင်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းကပဲဖြစ်ဖြစ်၊ မိုဘိုင်းလ်ဖုန်းကဖြစ်ဖြစ်၊ စတိုးဆိုင်တွေကဖြစ်ဖြစ်    Money Gram အသုံးပြုသူတွေ အဆင်ပြေနိုင်အောင်    ချိတ်ဆက်ပေးထားပါတယ်။

ဘီလ်ပေးချေမှု၊ ငွေအော်ဒါ လုပ်ဆောင်မှုတွေနဲ့ ရွေးချယ်ထားတဲ့ဒေသတွေရဲ့ တရားဝင်ချက်လက်မှတ်တွေကို လုပ်ဆောင်မှု စတဲ့ဝန်ဆောင်မှုတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။

Money    Gram  က မြန်မာနိုင်ငံရှိ ငွေပို့ငွေလွှဲဝန်ဆောင်မှု အသုံးပြုသူတွေအတွက် မေလ ၃၁ ရက်နေ့အထိ ပရိုမိုးရှင်းအစီအစဉ်အနေနဲ့ ငွေကျပ်၂၃,၉၉၀ နဲ့ Money Gram Power Bank ကိုရယူနိုင်မယ့် အခွင့်အရေးတွေလည်း ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

Kumudra

Banking & Loan Read 688 times