အဝတ်လျှော်စက်ထဲ ထည့်လျှော်သည့်အပြင် အဝတ်အခြောက်ခံစက်ထဲ ထည့်ပြီး အခြောက်ခံလိုက်သေးသည်။
ဘဏ်အရာရှိ၏ ခန့်မှန်းချက်အရ ဆုံးရှုံးမှု များမည်ဟု သိရသည်။
ဆိုးလ်မြို့အနီးရှိ အန်ဆန်မြို့တွင် နေထိုင်သူသည် ယခုနှစ်အစောပိုင်းက အဝတ်လျှော်စက်တွင်ဝမ် ၅၀,၀၀၀ (ဒေါ်လာ ၄၂) တန် ငွေစက္ကူများကို ယခုလို လျှော်စက်ထဲထည့်လျှော်ခဲ့ခြင်း ဖြစ်သည်။
ငွေစက္ကူအချို့သည် အကြီးအကျယ်ပျက်စီးသွားပြီး ထိုသူသည် ငွေစက္ကူအကောင်းများနှင့် လဲလှယ်ပေးခြင်းရှိ၊ မရှိကို သိရှိရန် ကိုရီးယားဘဏ်သို့ ဆက်သွယ်ခဲ့သည်။
ပျက်စီးသွားသော၊ နစ်နာဆုံးရှုံးမှုများနှင့် ညစ်ညမ်းနေသောငွေစက္ကူများ လဲလှယ်ခြင်းအတွက် ဘဏ်စည်းမျဉ်းများအရထိုသူအားဝမ် ၂၃ သန်းဝန်းကျင် (ဒေါ်လာ ၁၉၃၂၀) လဲပေးခဲ့သည်ဟု ကိုရီးယားဘဏ်ကထုတ်ပြန်ခဲ့သည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ဗဟိုဘဏ်က မည်မျှငွေလဲလှယ်ပေးသည် ဆိုသည်မှာ ငွေစက္ကူတို့၏ အခြေအနေအပေါ် မူတည်သည်။ ပျက်စီးမှု အနည်းဆုံးဖြစ်ပါက ဘဏ်သည် ငွေစက္ကူအသစ်ကို မူလတန်ဖိုးအတိုင်း ပေးနိုင်ပါသည်။ သို့သော် ပျက်စီးမှုသိသိသာသာဖြစ်ပါက တန်ဖိုးတစ်ဝက် သို့မဟုတ် လုံးဝမပေးချေ။
ထိုသူသည် မိသားစုဝင်တစ်ဦး၏ အသုဘအတွက် ကူငွေများကို လက်ခံရရှိထားခြင်း ဖြစ်သည်။
ထိုသူ မည်သူမည်ဝါဆိုသည်ကို ဘဏ်စည်းကမ်းအရ ထုတ်ဖော်ပြောပြခွင့် မရှိချေ။
ဘဏ်အရာရှိမှ ပြောပြသည်မှာ ပိုးကူးမှာ စိုးရိမ်သဖြင့် ငွေစက္ကူများကို မိုက်ခရိုဝေ့ဖ် အာဗင်ထဲ ထည့်ပြီး ကင်သူတစ်ဦး ဘဏ်သို့ ယခုနှစ် အစောပိုင်းက ငွေလာလဲဖူးသည်။ ပျက်စီးသွားသော ငွေစက္ကူများကို ဝမ် ၅.၂ သန်း (ဒေါ်လာ ၄၃၇၀) တန်ဖိုးဖြင့် လဲလှယ်ပေးခဲ့သည်ဟု သူက ပြောပြသည်။ ထိုသို့ ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ဗဟိုဘဏ်က အများပြည်သူတို့အား ငွေစက္ကူများကို မိုက်ကရိုဝေ့ဖ်တွင် ထည့်ခြင်းမပြုရန် အကြံပေးခဲ့သည်။ တောင်ကိုရီးယားရှိ ဗိုင်းရပ်စ်နှိမ်နင်းရေးလမ်းညွှန်ချက်များတွင် အဝတ်လျှော်စက်ထဲ ငွေစက္ကူ ထည့်လျှော်ရန် အကြံပြုချက် မပါဝင်ပါ။