၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း တောင်ကိုရီးယားသို့ သွားရောက်လုပ်ကိုင်သူများနှင့် ပြည်တွင်းအလုပ်နေရာ စုစုပေါင်း၂၁၀၀၀ကျော်အားခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
၂၀၂၀ ဇူလိုင်လအတွင်း ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အလုပ်အကိုင် ရရှိမှု စုစုပေါင်းမှာ ၂၁၀၉၈ ဦး အလုပ်အကိုင် ရရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍတွင် ၁၉၉၁၀ ဦးဖြစ်ပြီး အစိုးရကဏ္ဍတွင် ၁၁၈၈ ဦးဖြစ်သည်။ အလုပ်အကိုင် အများဆုံး ရရှိခဲ့သည်မှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး အစိုးရကဏ္ဍတွင် ၂၈၄ ဦးနှင့် ပုဂ္ဂလိကကဏ္ဍတွင် ၁၀၃၁၇ ဦး စုစုပေါင်း ၁၀၆၀၁ ဦးဖြစ်ပေရာ တစ်နိုင်ငံလုံး အလုပ်အကိုင် ရရှိသည့် အရေအတွက်၏ ထက်ဝက်နီးပါး ဖြစ်သည်။
ပြည်ပအလုပ်အကိုင်များအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ၂၀ ဦး တရားဝင် အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပထမ ၆ လ အခြေအနေ
ဇန်နဝါရီလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၉၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၄၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၂၇၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၆၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့သည်။
မတ်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၅၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၄၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့သည်။
ဧပြီလအတွင်း ပြည်တွင်းအလုပ်နေရာ ၉၃၀၀ ကျော် ခန့်ထားနိုင်ခဲ့သည်။
မေလအတွင်း ပြည်တွင်း အလုပ်နေရာ ၆၀၀၀ ကျော် ခန့်ထားနိုင်ခဲ့သည်။
ဇွန်လအတွင်း ပြည်တွင်း အလုပ်နေရာ ၁၈၀၀၀ ကျော် ခန့်ထားနိုင်ခဲ့သည်။
online မှ ဆောင်ရွက်ပေးလျက်ရှိ
ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပြိး အလုပ်ရှင်များ အလုပ်သမာ လုံလောက်မျှတစွာ ခန့်ထားနိုင်ရန်နှင့် အလုပ်ရှာဖွေနေသူများ သင့်တင့်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရန်အတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး ရုံးများတွင် Labor Exchange Management system ဖြင့် online မှ ဆောင်ရွက်ပေးလျက်ရှိသည်။
By Myanmar Industry Guide