အသေးစားချေးငွေလုပ်ငန်းများမှ ချေးငွေ ပြန်လည်ပေးဆပ်ခြင်း ဆိုင်းငံ့ထားမည်


04 November, 2020

ရန်ကုန်၊ ပဲခူးနှင့် ရခိုင် ပြည်နယ်ရှိ အသေးစားချေးငွေလုပ်ငန်းများသည် ချေးငွေရယူထားသော အသင်း ဝင်များထံမှ ၂၀၂၀နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း ပြန်လည်ပေးဆပ်ရမည့် အတိုး၊အရင်းများကို၂၀၂၁ ဧပြီလအထိရွှေ့ဆိုင်းပေးရမည်ဟု အသေးစား ငွေရေးကြေးရေးကော်မတီမှ ညွှန်ကြားထားသည်။

ရွှေ့ဆိုင်းကာလ၌ တောင်းခံရမည့် တိုင်းရင်းပေါင်းပမာဏကို‌ မြန်မာ့စီးပွားရေးဘဏ်က အသေးစားချေးငွေလုပ်ငန်းများသို့ စိုက်ထုတ်ပေးထားသည့်အနေဖြင့် ကြိုတင်ထုတ်ချေးပေးထားမည် ဖြစ်သည်။ အဆိုပါ ကြိုတင်ချေးငွေကို ချေးငွေလုပ်ငန်းများအနေဖြင့် အသင်းဝင်များထံ မှ ချေးငွေပြန်လည်ရရှိပါက ၆လအတွင်း အစိုးရ ထံ ပြန်လည်ပေးသွင်းရမည်ဖြစ်သည်။

အသေးစား ငွေရေးကြေးရေးကော်မတီ၏ အဆိုအရ မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး ကိစ္စ များဆောင်ရွက်နေသော  ချေးငွေအဖွဲ့အစည်း ပေါင်း ၁၂၀ကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ် ပေါင်း၂၅၀ကျော်တွင် ချေးငွေရယူထားသူ ၄ ဒသမ ၆သန်းဝန်းကျင်ရှိသည်။

Local News Read 506 times