ATM စက်များတွင် error တက်ပါက MPU မှ ဖြေရှင်းပေးသောအဆင့်များ


15 June, 2018

Myanmar payment union (MPU) ကတ်အသုံးပြုသူတွေ အနေနဲ့-

ATM ၌ငွေထုတ်သည့်အခါ မိမိAccount ထဲမှငွေဖြတ်သွားပြီး ATM မှ ငွေမထွက်ခြင်း၊

ATM စက်ထဲမှ မိမိ ကတ်ပြန်မထွက်လာခြင်း၊

POS စက်ဖြင့် ဈေးဝယ်သည့်အခါ POS စက်တွင်ပြဿနာတတ်ပြီး ၂ခါ ၊ ၃ခါ ငွေဖြတ်မိခြင်း၊

မိမိ အကောင့်မှ ငွေဖြတ်သွားပြီး ပစ္စည်းမရရှိခြင်း၊

E-commerce စနစ်ဖြင့် အွန်လိုင်းတွင် ဈေးဝယ်သည့်အခါ connection Error တတ်ပြီး ၂ခါ၊ ၃ခါ ငွေဖြတ်မိခြင်း၊

မိမိ account မှငွေဖြတ်သွားပြီး service မရရှိခြင်း၊

အစရှိသည့် ကိစ္စတစ်စုံတစ်ရာဖြစ်ပွားပါက လုပ်ဆောင်ရမည့် အချက်များကို MPU မှာ ထုတ်ပြန်ထားပါတယ်။ ATM , POS ဆိုပါက ထွက်လာသော ပြေစာကို သိမ်းထားရန် လိုအပ်ပြီး E-commerce ဖြစ်ပါက မိမိဝယ်ယူသော website မှ Transaction Number , Voucher Number ပါသောနေရာအား Screen shot ယူထားပေးရန် (သက်သေအဖြစ်ယူထားပေးရန်) လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

အောက်ပါ အချက်(၈) ချက်ကို သေချာလိုက်နာဖို့လိုအပ်ပါသည်။

(၁) မိမိကတ်ပြုလုပ်သော ဘဏ်( ကတ်ထုတ်ပေးသော ဘဏ်)သို့ Debit card ဖြစ်ခဲ့ပါက ရက်ပေါင်း (၃၀ ) အတွင်း၊ Credit card ဖြစ်ခဲ့ပါက ရက်ပေါင်း (၆၀) အတွင်းဖုန်းဆက်၍သော်လည်းကောင်း၊ လူကိုယ်တိုင် မိမိကတ်လုပ်သော ဘဏ်သို့ သွား၍သော်လည်းကောင်း၊ အကြောင်းကြားပေးရမည်။

(၂) မူလကတ်စတင်ပြုလုပ်ထားသော ဘဏ် (Issuer Bank) မှတစ်ဆင့် သတ်မှတ်ထားသော ဖောင်ဖြည့်ပြီး MPU သို့ ပေးပို့အကြောင်းကြားမည်ဖြစ်သည်။ MPUသို့ရောက်ရှိလာသော ဖောင်များကို MPU Systemတွင် တိုက်ရိုက်စစ်ဆေးပြီး သက်ဆိုင်ရာဘဏ်( Customer ငွေထုတ်ယူစဉ်က အဆင်မပြေခဲ့သော- ATM စက်ချထားပေးသည့် ဘဏ်) (Acquirer Bank ) သို့ဆက်လက်အကြောင်းကြားပေးမည်ဖြစ်သည်။

(၃) သက်ဆိုင်ရာဘဏ်( Customer ငွေထုတ်ယူစဉ်က အဆင်မပြေခဲ့သော- ATM စက်ချထားပေးသည့် ဘဏ်)ဘက်မှ ၎င်းတို့ဘဏ်၏ system တွင်စစ်ဆေးခြင်း၊ မလုံလောက်ပါက ATM စက်သို့သွားရောက် ငွေစစ်ခြင်းဖြင့်၎င်း စစ်ဆေးပြီး သတ်မှတ်ထားသည့် ဖောင်ဖြည့်၍ MPU သို့ပြန်လည်ပေးပို့ရသည်။

(၄) MPU သို့ ရောက်ရှိလာသည့် ဖောင်မာျးကို MPU Systemတွင် တိုက်ရိုက်စစ်ဆေးပြီး မူလကတ်စတင်ပြုလုပ်ထားသော ဘဏ် (Issuer Bank) သို့ဆက်လက်ပေးပို့အကြောင်းကြားရမည်။

(၅) MPU အနေဖြင့် မူလကတ်စတင်ပြုလုပ်ထားသော ဘဏ် (Issuer Bank) နှင့် သက်ဆိုင်ရာဘဏ်( Customer ငွေထုတ်ယူစဉ်က အဆင်မပြေခဲ့သော- ATM စက်ချထားပေးသည့် ဘဏ်) (Acquirer Bank ) တို့မှ ပေးပို့လာသော Form 2 ခုအားတိုက်ရိုက်စစ်ဆေးပြီး card ကိုင်ဆောင်သူမှ အမှန်တကယ် ငွေသားလက်ခံမရရှိခြင်း၊ ပစ္စည်းမရရှိခြင်း၊ ဝန်ဆောင်မှု မရရှိခြင်း ကို အတည်ပြု၍ card ကိုင်ဆောင်သူအကောင့်ထဲသို့ ငွေပြန်ထည့်ပေးခြင်း၊ တို့ကို MPU ၏ စနစ်မှ တစ်ဆင့်လုပ်ဆောင်ပေးပါမည်။

(၆) အကယ်၍ MPU အနေဖြင့် မူလကတ်စတင်ပြုလုပ်ထားသော ဘဏ် (Issuer Bank) နှင့် သက်ဆိုင်ရာဘဏ်( Customer ငွေထုတ်ယူစဉ်က အဆင်မပြေခဲ့သော- ATM စက်ချထားပေးသည့် ဘဏ်) (Acquirer Bank ) ပြန်လာသော form ၂ခုတွင် Issuer Bank မှ တတ်နေသော error ဖြစ်ပါက MPU System နှင့် Acquirer bank system တွင် transaction success မဖြစ်ဘဲ issuing bank system တစ်ခုထဲမှာသာ approve ဖြစ်ပြီး ငွေဖြတ်ခဲ့ပါက issuing bank ဘက်မှ customer account ထဲသို့ ၎င်းတို့၏ system မှတစ်ဆင့် ငွေပြန်ထည့်ပေးနိုင်အောင် ဆောင်ရွက်ပေးပါသည်။

(၇) Dispute ဖြစ်လာခဲ့လှ ျင် MPU သို့ case စတင်သည့်အချိန်မှစ၍ working day (10) ရက်အတွင်းပြီးဆုံးအောင် ဖြေရှင်းဆောင်ရွက်ပေးပါသည်။

(အထက်ပါ အချက်များအားလုံးကို MPU ၏ facebook စာမျက်နာတွင် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။)

Internet

Banking & Loan Local News Tips Read 918 times