မြန်မာ့ရှေ့ဆောင်ဘဏ် MPU Union Pay Platinum Debit Card


14 December, 2018

ပြည်တွင်း၊ ပြည်ပငွေကြေးဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူ အနေဖြင့်ပြည်တွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များထံမှ အထူးခံစားခွင့်များရရှိမည့်အပြင် Union Payမှ ပေးအပ်သောအထူးဝန်ဆောင်မှုများပါ ရရှိနိုင်မည်ဖြစ်သည်ဟုသတင်းထုတ်ပြန်ထားသည်။

 “လက်ရှိ Charges က MABဘဏ်ရဲ့ ATM မှာထုတ်မယ်ဆိုရင်တော့ Charges မကောက်ဘူးပေါ့နော်၊ဒါပေမယ့်တခြားဘဏ်တွေရဲ့ ATM မှာထုတ်မယ်ဆိုရင် MPUကတ်တွေအတိုင်းပဲ ၁၀၀ ကို ဝဒသမ၅ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်ပါတယ်” ဟု MAB Consumer Banking မှ Vice President မကြည်မွန်သန့်ကပြောသည်။

အသုံးပြုသူအနေဖြင့် ပြည်ပနိုင်ငံများရှိ ATMငွေထုတ်စက်များ၌ အသုံးပြုလိုပါက မြန်မာကျပ်ငွေ (၅၀၀၀)နှင့်ယင်းATM၏ Charges နှုန်းထားအတိုင်း ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။“Let the Card Speak For You”ဟူသော ဆောင်ပုဒ်နှင့်အညီ ကတ်ပိုင်ရှင်များသည် နိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုများ၊ နိုင်ငံတကာခရီးသွားဝန်ဆောင်မှုများအပြင် ဂေါက်ကွင်းတွင် ကြိုတင်နေရာယူခြင်းကဲ့သို့သော ဝန်ဆောင်မှုများ၊ လေဆိပ်ကြိုပို့ဝန်ဆောင်မှုများ၊ Airport Lounge ဝန်ဆောင်မှုများပါရရှိနိုင်မည် ဖြစ်သည်။

ယင်းကတ်ကို အသုံးပြုလိုသူအနေနှင့် အသက်(၁၈)နှင့်အထက်၊ နိုင်ငံသားမှတ်ပုံတင်(သို့မဟုတ်) နိုင်ငံကူးလက်မှတ်ဖြင့်လျှောက်ထားနိုင်မည်ဖြစ်ကာ ရန်ကုန်ဘဏ်ခွဲများ၌ (၅)ရက်၊ နယ်ဘဏ်ခွဲများ၌ အချိန်(၇) ရက်မျှ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

MAB,MPU-Union Pay Platinum Debit ကတ်ကိုင်ဆောင်သူများသည် ကမ္ဘာ့တစ်ဝှမ်းကုန်သည်ပေါင်း (၁၃၀၀၀)ထံမှအထူးအကျိုးခံစားခွင့်များရရှိခြင်း၊ ကုန်သည်ပေါင်း (၅၁)သန်းထံ ငွေပေးချေမှုများပြုလုပ်နိုင်ခြင်း၊ နိုင်ငံပေါင်း(၁၇၀)ရှိ ATMစက်ပေါင်း ၂ဒသမ၆သန်းထံမှ ငွေသားထုတ်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Myanmar Business Today

Banking & Loan Read 481 times