MRCCI တွင် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုဆိုင်ရာ ဘာသာရပ်သင်တန်းပို့ချပေးသွားမည်


05 February, 2021

ကုန်ထုတ်လုပ်ငန်းများ ပြည်ပသို့ တင်ပို့မှု အဆင်ပြေချောမွေ့ စေ ရန် အတွက် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှု ဆိုင်ရာ ဘာသာရပ်သင်တန်းကို ပို့ချပေးသွားမည်ဖြစ်ကြောင်း MRCCI မှသိရသည်။

" ဂျာမနီနိုင်ငံက ပညာရှင်တစ်ဦးကို ဖိတ်ပြီးတော့မှ Exoprtရဲ့ လိုအပ်တဲ့ Exportလုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ စသဖြင့် အဓိကကတော့ EU နိုင်ငံတွေကို တင်ပို့မယ့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးမှ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒီမှာ အဓိက သင်တန်းပို့ချမယ့် အကြောင်းအရာတွေအနေနဲ့ကတော့ Export လုပ်ဖို့အတွက် ဘယ်လို Offeringလုပ်ရလဲဆိုတဲ့ ကိစ္စရပ်တွေပါမယ်။ နောက်တစ်ခုက ငွေပေးငွေချေ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အခါမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ၊ Third party expressionလို့ ခေါ်တဲ့ exoprtမှာ တတိယအဖွဲ့အစည်းဖြစ်တဲ့ဟာကနေ စစ်ဆေးဆောင်ရွက်တဲ့ ကိစ္စရပ်တွေ၊ Icron termတွေ ကိုယ့်ရဲ့ထုတ်ကုန်နဲ့ ပတ်သက်ပြီး တစ်ဖက်နိုင်ငံက လိုအပ်တဲ့ဟာတွေက ဘာတွေလိုအပ်သလဲ ကိုယ့်ရဲ့ထုတ်ကုန်ပေါ်မှာ ဘယ်လိုပြင်ဆင်ဆောင်ရွက်မှုတွေ ရှိသလဲဆိုတဲ့ ကိစ္စရပ်တွေ ၊ Exportလုပ်တဲ့အခါမှာ သတ်မှတ်ချက်တွေရှိပါတယ်။ အဲ Codeတွေအကြောင်းနားလည်အောင် ထုတ်ကုန်တွေကို ပို့ပြီဆိုတာနဲ့ ထုပ်ပိုးမှုပုံစံတွေက အစ ဘယ်လိုဆောင်ရွက်မှုရှိတယ်ဆိုတာတွေ နမူနာတွေကို တစ်ဖက်နိုင်ငံကသူတွေက တောင်းဆိုလာတဲ့အခါ ဘယ်လိုတွေ ပို့ရတယ်။ ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ရတယ်ဆိုတာတွေ စတဲ့ဘာသာရပ်တွေကို ပို့ချပေးမှာ ဖြစ်ပါတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။
သင်တန်းကာလမှာ ၅ရက်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် ၁၀နာရီမှ နေ့လည် ၃နာရီအထိဖြစ်ကြောင်း၊ သင်တန်းတွင် ဂျာမနီနိုင်ငံမှ ပညာရှင်တစ်ဦးသင်ကြားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားလေကြောင်းလိုင်းများ ပြန်လည်ဖွင့်ခွင့်ရမှ စတင်မည်ဖြစ်သော်လည်း သင်တန်းအတွက် ယခုကတည်းက ပြင်ဆင်ဆောင်ရွက် တက်ရောက်မည့် လုပ်ငန်းရှင် စာရင်းများကို ကောက်ယူနေကြောင်း၊ သင်တန်းတစ်သုတ်လျှင် သင်တန်းသား ၂၀ဦးသာ လက်ခံမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ၀၉၉၇၂၈၉၀၀၄၄ ( Email – [email protected] ) သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

ထိပ်ထားနိုင်

Local News Read 632 times