မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ထပ်မံဖွင့်လှစ်မည့် MSME Support Center များ


22 May, 2019

အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများကို ပံ့ပိုးပေးနိုင်မယ့် MSME Support Center များကို မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ထပ်မံဖွင့်လှစ်သွားမယ်လို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

MSME Support Center များ ဖွင့်လှစ်ဖို့ ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးကို မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ SME Center မှာ ပြုလုပ်ခဲ့ပါတယ်။

ထပ်မံဖွင့်လှစ်မယ့် MSME Support Center တွေမှာ MSME များအတွက် လိုအပ်တဲ့ အကြံဉာဏ်များကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး Digital Economy နည်းဖြင့်လည်း ပံ့ပိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့ပြင် ABINet Project မှာလည်း ပါဝင်ကာ အာဆီယံအဆင့် ပံ့ပိုးမှုများကိုဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဌာနအနေနဲ့ အစပျိုး (Start - Up) လုပ်ငန်းရှင်များနဲ့ MSME များကို လုပ်ငန်းများနဲ့ ပတ်သက်တဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များ အထောက်အပံ့ပေးလျှက်ရှိပါတယ်။ အကြံဉာဏ်များ ရယူခဲ့တဲ့ လုပ်ငန်းရှင်များ အနေနဲ့လည်း ထုတ်ကုန်ထုတ်ပိုးမှုများ၊ နည်းပညာပိုင်းများ၊ ဈေးကွက်ဆိုင်ရာများမှာ တိုးတက်ကောင်းမွန်လာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ MSME Support Center သုံးခုရှိပြီး ၎င်းစင်တာတွေမှာ MSME လုပ်ငန်းများနဲ့ ပတ်သက်တဲ့ အကြံဉာဏ်များ ဆွေးနွေးရယူနိုင်ပါတယ်။

SME Development Department
 

Local News Tips Read 440 times