လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအကြောင်းသိကောင်းစရာများ


22 June, 2018

၁၉၄၅ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်က လူမှုရေးနှင့် ပြန်လည်ထူထောင်ရေးညွှန်ကြားရေးမှူးရုံးဖွင့်လှစ်ကာ သဘာဝဘေးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် လူမှုရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ် တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာနအဖြစ်သို့လည်းကောင်း၊ ၁၉၅၂ ခု နှစ်တွင် လူနည်းစုရေးရာဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဖြစ် သို့လည်းကောင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၉၅၇ ခုနှစ်တွင် နိုင်ငံရေးအခြေအနေ အရ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းရုံးညီညွတ်ရေး ဝန်ကြီး ဌာနဟူ၍ ပြင်ဆင်ခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေး ပေါ်ပေါက်လာ သည့်အခါ အဆိုပါဝန်ကြီးဌာနအား ဖျက်သိမ်းပြီး လူမှုဝန်ထမ်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဖြစ်ပြင်ဆင်၍ မီးသတ်ဦးစီးဌာန အပါအဝင် ဦးစီးဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင်နိုဝင်ဘာလ(၆)ရက်နေ့တွင် မီးသတ်ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်လွဲှပြောင်းဖွဲ့စည်းခဲ့သဖြင့် ဝန်ကြီးဌာန လက်အောက်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာနဟူ၍ဦးစီးဌာန(၂)ခုသာရှိပြီး၊ဖွဲ့စည်းပုံအရဝန်ထမ်းအင်အားအခြေအနေမှာအရာထမ်း (၂၆၅)ဦးနှင့်အမှုထမ်း (၂၈၇၆)ဦး၊စုစုပေါင်း အင်အား(၃၁၄၁)ဦး ရှိပါသည်။

ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့တွင် ခရိုင် ရုံးနှင့်သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာ တွင်ဝန်ထမ်းများလိုအပ်သဖြင့် ဖွဲ့စည်းပုံအင်အားများထပ်မံ တိုးမြှင့်ဖွဲ့စည်းခဲ့ရာ၊ ၃၁.၃.၂၀၁၅ ရက်နေ့တွင် ဝန်ကြီး ဌာန၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား အခြေ အနေမှာ အရာထမ်း( ၆၂၀)ဦး၊ အမှုထမ်း(၄၃၁၄)ဦး၊ စုစုပေါင်းအင်အား (၄၉၃၄)ဦးရှိပါ သည်။

၁.၄.၂၀၁၅ရက်နေ့တွင် အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်စေရန်အတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ဖွဲ့စည်းပုံများကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သဖြင့် ဝန်ကြီးဌာန၏ဖွဲ့စည်းပုံအရ ဝန်ထမ်း အင်အား အခြေအနေမှာ အရာထမ်း( ၆၂၀)ဦး၊ အမှုထမ်း(၄၃၁၄)ဦး၊ စုစုပေါင်းအင်အား (၄၉၃၄)ဦးသို့လည်းကောင်း၊ ၁၀.၃.၂၀၁၆ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ဖွဲ့စည်းပုံအားထပ်မံတိုးချဲ့ခဲ့သဖြင့် အရာထမ်း(၆၂၄)ဦး၊အမှုထမ်း(၄၆၃၂)၊စုစုပေါင်း(၅၂၅၆)ဦးသို့လည်းကောင်းရှိခဲ့ပါသည်။

ထို့ပြင် ၆.၇.၂၀၁၇ ရက်နေ့တွင် ဦးစီးဌာန(၂)ခု၏အင်အားများထပ်မံတိုးချဲ့ခဲ့ရာ ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အားအခြေအနေမှာအရာထမ်း(၁၉၆၅)ဦး၊ အမှုထမ်း(၁၄၆၁၄)ဦး၊ စုစုပေါင်း(၁၆၅၇၉)ဦးထိရှိခဲ့ပါသည်။

၃၁.၁.၂၀၁၈ ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ အမည်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနတွင် မူလရှိသည်‌့ အင်အားများအနက် ဦးစီးဌာန(၂)ခု၏ အင်အားများမှ ထုတ်နှုတ်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်တိုးချဲ့ဖွဲ့စည်းသဖြင့် ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား အခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-


စဉ်           ဌာနအမည်                                အရာထမ်း     အမှုထမ်း       စုစုပေါင်း

(က)        ဝန်ကြီးရုံး                                     ၅၀ ဦး        ၁၁၅ ဦး        ၁၆၅ ဦး

(ခ) လူမှုဝန်ထမ်းဦးစီးဌာန                               ၇၆၅ ဦး     ၈၃၈၃ ဦး       ၉၁၄၈ ဦး

(ဂ) ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန        ၁၁၂၀ ဦး     ၅၈၁၄ ဦး       ၆၉၃၄ ဦး

(ဃ) ပြန်လည်ထူထောင်ရေးဦးစီးဌာန                    ၅၄ ဦး      ၂၆၄ ဦး         ၃၁၈ ဦး

              စုစုပေါင်း                                  ၁၉၈၉ ဦး   ၁၄၅၇၆ ဦး     ၁၆၅၆၅ ဦး

 MSWRR

Tips Read 1316 times