မူဆယ်နယ်စပ်ကနေ တရုတ်ကို ဆန်တန်ချိန် ၂ဝဝဝ ကျော် နေ့စဉ်တင်ပို့


10 December, 2018

ဆန်အပါအဝင် တရုတ်ဘက်ကို တင်ပို့တဲ့ ပို့ကုန်အများစုကို    တရားမဝင်သတ်မှတ်ထားတာကြောင့် ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။လက်ရှိမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေး အခြေအနေ အနည်းငယ်ပြန်ကောင်းလာ ပြီ ဖြစ်တဲ့အတွက် တရုတ်ဘက်ကို မူဆယ်နယ်စပ်ကနေတစ်ဆင့် တစ်နေ့ကို ဆန်တန်ချိန် ၂ဝဝဝ ကျော်ကနေ ၃ဝဝဝ ကျော်အတွင်း တင်ပို့ လျက် ရှိတယ်လို့ သိရပါတယ်။

မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးခွန်မင်းသန့်က “နိုဝင်ဘာလလယ်လောက်ကစပြီး ကိုတာနဲ့ ပါမစ်နဲ့ ပြန်သွားကြတယ်လေ၊ အဲဒီတော့ အရောင်းအဝယ် နည်းနည်းပြန်လိုက်လာတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးမှုတွေ မတင်း ကျပ်ခင်က ပုံမှန်အားဖြင့် တရုတ် ဘက်ကို ဆန်တန်ချိန် တစ်နေ့ကို ၃ဝဝဝ ကျော်ကနေ ၄ဝဝဝ ကျော် အထိ ဝင်ရောက်နေတာ ဖြစ်ပါ တယ်။ စစ်ဆေးမှုတွေ ပြုလုပ်တဲ့ စက်တင်ဘာလောက်မှာတော့ တစ်နေ့ကို ဆန်တန်ချိန် ၂ဝဝဝ အောက်ပဲ သွားနေခဲ့ရပြီး အခု နောက်ပိုင်းမှ တန်ချိန် ၂ဝဝဝ ကျော်ကနေ ၃ဝဝဝ ကျော်အတွင်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ် နိုင်ငံကို ဆန်တင်ပို့ရာမှာ မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ် ရေးစခန်းကနေတစ်ဆင့် အဓိက တင်ပို့နေတာ ဖြစ်ပြီး သည်တင်ပို့မှု ပမာဏဟာ ပြည်ပကို ဆန်တင်ပို့မှု စုစုပေါင်းရဲ့ ရာခိုင်နှုန်းထက်ဝက် ကျော်အထိ ရှိပါတယ်။ ဒါပေမဲ့ ဆန်အပါအဝင် တရုတ်ဘက်ကို တင်ပို့တဲ့ ပို့ကုန်အများစုကို တစ် ဖက် နိုင်ငံက တရားမဝင် သတ်မှတ် ထားတာကြောင့် ဖမ်းဆီး စစ်ဆေးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ တော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ချန်ဟောင်းတို့ တွေ့ဆုံခဲ့စဉ်မှာ တော့ မြန်မာ-တရုတ်နယ်စပ်ဒေ သရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်ရေးတွေကို အဓိက ကဏ္ဍ မှာ ထည့်သွင်းပြီး ဆွေးနွေးခဲ့ကြ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၂ ရက် နေ့ကနေ ၁၆ ရက်အထိ ငါးရက် တာ မူဆယ်မြို့မှာ ကျင်းပမယ့် မြန် မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲမှာလည်း နယ်စပ်ကုန် သွယ်ရေးမှာ လက်ရှိကြုံတွေ့နေ ကြရတဲ့ အခက်အခဲတွေကို မြန်မာဘက်ကနေ အလေးထား ဆွေးနွေး သွားဖို့ ရှိတယ်လို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

The Voice

Export, Import Read 533 times