အဖွဲ့အစည်းဆိုင်ရာတွင် အားဖြည့်ပေးခြင်းဖြင့် ကျေးလက်ချေးငွေရရှိစေခြင်း (MARC) မှ အသေးစားငွေချေးလုပ်ငန်း (MFI ) (၅) ဖွဲ့သည် မြန်မာနိုင်ငံရှိ လုပ်ငန်းမာျး၊ ချဲ့ထွင်နိုင်ရန် ThitsaWorks မှ ဝန်ဆောင်မှုပေးနေသော Musoni Core Banking System ကို စတင်အသုံးပြုပြီး ဖြစ်ပါသည်။ Musoni System သည် MFI များအတွက် အထူးပြုလုပ်ထားသော ငွေကြေးဆော့ဖ်ဝဲ တစ်ခုဖြစ်သည်။
ThitsaWorks မှ ဝန်ဆောင်မှုပေးနေသော Musoni Software System သည် MFI များတွင် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့စွာ စီမံနိုင်ရန်၊ ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့မှုများတွင် လိုအပ်သော အုတ်မြစ်တစ်ခုဖြစ်သည်ဟု MFI (၅) ဖွဲ့မှ ယူဆကြပါသည်။ အဆိုပါ MFI များမှာ ECLOF, MHDO, SVS, The Sun Institute နှင့် ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့ ဖြစ်ပါသည်။
ဤ အဖွဲ့အစည်းများအနေဖြင့် လူပေါင်းသုံးသောင်းကျော်ကို ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိပြီး ကျေးလက်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများမှ ဝင်ငွေနည်းပါးသည့် လုပ်ငန်းရှင်များကို အဓိက ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ပြည်တွင်းတွင် Musoni System ကို အသုံးပြုနေပြီဖြစ်သော Hayman Capital နှင့် Mason Microfinance အဖွဲ့အစည်းများနည်းတူ အထက်ဖော်ပြပါ MFI များသည်လည်း System ကို စတင်သုံးစွဲသွားမည်ဖြစ်ပါသည်။
Musoni ကို အသုံးပြုနေသော MFI များသည် အစဉ်အလာ တောင့်တင်းခိုင်မာသော Musoni ၏ ခေတ်မီလုပ်ဆောင်ချက်များအပြင် မြန်မာနိုင်ငံရှိ ငွေကြေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးပေးနေသော ThitsaWorks မှ ဝန်ဆောင်မှုများကိုလည်း အကျိုးခံစားခွင့် ရနိုင်မည်ဖြစ်ပါသည်။
ThitsaWorks ၏ ဝန်ဆောင်မှုဖြင့် Musoni System ကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်ပြီး ဝန်ကြီးဌာနကို တင်သွင်းရန် လိုအပ်သော အစီရင်ခံစာများကိုလည်း ထည့်သွင်းပေးထားပါသည်။ အလုပ်ချိန်အတွင်း မြန်မာဘာသာဖြင့် customer support ကိုလည်း ပြုလုပ်ပေးပါသည်။
SVS မှ ဥက္ကဌဖြစ်သူ ဒေါ်ခင်သက်မော်မှ Musoni သည် မြန်မာ့အသေးစားချေးငွေလုပ်ငန်းကဏ္ဍတွင် အလွန်သင့်တော်သော Core Banking System တစ်ခုဖြစ်ကြောင်း၊ Musoni တွင် ပါဝင်သော လုပ်ဆောင်ချက်များမှာ MFI လုပ်ငန်းများကို အရှိန်ဟုန်မြင့် တိုးချဲ့ရန်နှင့် Customerများအား အရည်အသွေးမြင့်ဝန်ဆောင်မှုများ ပေးနိုင်ရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ပါတနာ ကုမ္ပဏီဖြစ်သော ThitsaWorks ထံမှလည်း ပြည်တွင်း Support ရရှိနိုင်သောကြောင့် များစွာအဆင်ပြေချောမွေ့ကြောင်း ပြောကြားသွားပါသည်။
ECLOF, The Sun Institute, MHDO, SVS, ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရန်အတွက် စိတ်လှုပ်ရှားဝမ်းမြောက်ကြောင်း၊ နောင်တွင် SMS စာတိုပေးပို့စနစ်၊ မိုဘိုင်းလ်ဘဏ်စနစ်နှင့် Credit Scoring အစရှိသည့် နည်းပညာမာျးကို အသုံးပြုကာ လုပ်ငန်းဆောင်တာများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ကျယ်ပြန့်လာအောင် ကူညီလုပ်ဆောင်ပေးသွားမည်ဟု Musoni ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Cameron Goldie-Scot မှ ပြောကြားပါသည်။
ECLOF အကြောင်း
****
Environmental Conservation and Livelihood Outreach Foundation (ECLOF) (eclofmyanmar.org) သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံရှိ တရားဝင်ပြည်တွင်း NGO တစ်ခုဖြစ်ပါသည်။
အဖွဲ့ပေါင်း ၁၁ ခု၏ ပံ့ပိုးမှုဖြင့် ၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် Ecumenical Organization ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Ecumenical Church Loan Fund လက်အောက်တွင် စတင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
ရည်ရွယ်ချက်မှာ လူမှုစီးပွားရေးအခြေအနေအရ ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် လက်လှမ်းဝေးကွာနေသူများကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်မည့် အစီအစဉ်ဖြင့် အကျိုးရှိစေမည့် ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်ဖြစ်ပါသည်။
MHDO အကြောင်း
****
Myanmar Heart Development Organization (MHDO) (myanmarheart.info) သည် ၂၀၀၆ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် တည်ထောင်ခဲ့သော တရားဝင် ပြည်တွင်း NGO တစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စေတနာ့ဝန်ထမ်း ရှစ်ဦးဖြင့် စတင်ခဲ့ပါသည်။ ဤအဖွဲ့အစည်းသည် မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ လူတိုင်းကို စာနာသနားမှုနှင့် ငြိမ်းချမ်းမှု ဖြန့်ကျက်နိုင်စေရန် ဦးတည်ပါသည်။
ထိုဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း အလုပ်လုပ်ကိုင်ရာတွင် ထိရောက်မြန်ဆန်စွာ လုပ်ကိုင်လာနိုင်အောင် ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၀၆ ခုနှစ် စတင်ခဲ့စဉ်က တည်ထောင်သူ စေတနာ့ဝန်ထမ်းရှစ်ဦးသည် MHDO ကို ကိုယ်ပိုင်ငွေဖြင့် ရန်ပုံငွေ မ,တည်ခဲ့ပြီး ကိုယ်ပိုင်အားဖြင့် ငွေကြေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် ခက်ခဲသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့ပါသည်။
SVS အကြောင်း
****
လူမှုအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုအသင်း (SVS) သည် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုများ ပပျောက်ပြီး စားနပ်ရိက္ခာများ ဖူလုံစေရန်အတွက် အသေးစားငွေကြေးလုပ်ငန်း စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် LIFT နှင့် PGMF အကူအညီဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး (၃) နှစ်ခွဲကျော် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
ငွေကြေးသွင်းအားစု၊ အဖွဲ့အစည်းသွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်သွင်းအားစု စသည့် သွင်းအားစု (၃) မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
စတင်ချိန်မှ ယနေ့အချိန်အထိ ကျေးရွာ (၃၈) ရွာမှ (၆၇) ရွာအထိ တိုးချဲ့နိုင်ခဲ့ပြီး အိမ်ထောင်စုပေါင်း (၇၄၀၀) ကျော်အား ရိက္ခာတိုးဝင်ငွေတိုးဖြစ်လာစေရန် SVS ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါသည်။
The Sun Institute အကြောင်း
****
The Sun Institute သည် အမာျးပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍအကြား စွမ်းဆောင်ရည်တိုးမြှင့်ပြီး အပြန်အလှန် ဆွေးနွေးမှု တိုးတက်လာစေရန် ရည်ရွယ်သည့် ရန်ကုန်မြို့အခြေစိုက် NGO တစ်ခုဖြစ်ပါသည်။
The Sun Institute အနေဖြင့် ပုဂ္ဂလိကကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးစေရန် အချက်အချာကျသော ယန္တရားတစ်ခုဖြစ်သည်ဟု ယုံကြည်ပါသည်။
ပုဂ္ဂလိကကဏ္ဍ တိုးတက်လာစေရန် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်သော ပုဂ္ဂလိကကဏ္ဍကို စနစ်တကျဖြစ်စေရန်နှင့် တိုးတက်ပြောင်းလဲလာစေရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်သော ထိရောက်သည့်ပြည်သူ့ကဏ္ဍ လိုအပ်သည်ဟု ယူဆပါသည်။
ဤရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် The Sun Institute ကို ၂၀၁၂ ခုနှစ်၊ မေလတွင် တည်ထောင်ခဲ့ပါသည်။
ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အကြောင်း
****
ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျေးလက်ဒေသများအတွင်း အခမဲ့စာသင်ကျောင်းများတည်ထောင်ပေးခြြင်၊ လူငယ်များအား အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာနှင့် အခြားသောစွမ်းရည်မြှင့်တင်ရေးသင်တန်းများကို ပို့ချပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးခြင်းတို့ပြုလုပ်ပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ၏ ဘဝအဆင်ပြေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် LIFT ၏ ငွေကြေးထောက်ပံ့မှု၊ PGMF ၏ နည်းပညာထောက်ပံ့မှုဖြင့် MARC စီမံကိန်းအောက်တွင် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်မှာ ၄ နှစ်ကျော်လွန်ခဲ့ပြီးဖြစ်ပါသည်။
Musoni အကြောင်း
****
Musoni System သည် ကမ္ဘာ့အသိအမှတ်ပြု ဆုများဆွတ်ခူးရရှိထားသည့် MFI များအတွက် အထူးပြုလုပ်ထားသော ဘဏ္ဍာရေး၊ ဝန်ဆောင်မှုဆိုင်ရာ ဆော့ဖ်ဝဲစနစ်ဖြစ်ပါသည်။
Musoni ဆော့ဖ်ဝဲသည် ငွေကြေးအဖွဲ့အစည်းများအား စွမ်းဆောင်ရည်တိုးတက်လာစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်နှင့် ဘဏ်စနစ် အသုံးမပြုသောသူ အများစုရှိရာ ကျေးလက်ဒေသများသို့ ရောက်ရှိစေရန် ဆောင်ရွက်ပံ့ပိုးပေးနိုင်သော ဆော့ဖ်ဝဲတစ်ုခဖြစ်ကြောင်း အစဉ်တစိုက် သက်သေပြနိုင်ခဲ့ပါသည်။
Musoni စနစ်သည် အသေးစားငွေကြေးလုပ်ငန်းမာျးအတွက် သင့်တော်သော နည်းပညာသစ်ကို အသုံးပြုထားပြီး မိုဘိုင်းလ် ပိုက်ဆံလွှဲပြောင်းခြင်း ဝန်ဆောင်မှုများ ငွေပေးချေမှုအတွက် အလိုအလျောက်သတိပေးသည့် SMS စာတိုပေးပို့ခြင်းစနစ်၊ ချေးငွေအရာရှိများ ဒေတာကောက်ယူရာတွင် အင်တာနက် ချိတ်ဆက်မှု မလိုအပ်ဘဲ Offline အသုံးပြုနိုင်မည့် tablet အပလီကေးရှင်း၊ client များ အသုံးပြုနိုင်မည့် မိုဘိုင်းလ် ဘဏ်ဝန်ဆောင်မှု အပလီကေးရှင်း (Mobile banking app) နှင့် ချေးငွေပေးရန် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူဖြစ်နိုင်မည့် Credit Scoring စသည့် လုပ်ဆောင်မှုများ ပါဝင်ပါသည်။
ထို့ကြောင့် Musoni သည် ငွေကြေးအဖွဲ့အစည်းများကို ပုံမှန် ဘဏ်ဝန်ဆောင်မှုများထက် ဈေးသက်သာစွာ ခေတ်မီနည်းပညာများဖြင့် ပံ့ပိုးပေးနိုင်ပါသည်။
ThitsaWorks အကြောင်း
****
ThitsaWorks သည် ငွေကြေးဆိုင်ရာအလုံးစုံပါဝင်မှု (Financial Inclusion) အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိသော ကုမ္ပဏီဖြစ်ပါသည်။
သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ ဦးဆောင်လျက်ရှိသော ThitsaWorks သည် အသေးစားငွေကြေးအဖွဲ့အစည်းများအနေဖြင့် ထိရောက်သော ငွေကြေးထောက်ပံ့မှုများပေးနိုင်ရန် အရေးပါသော ဒေတာနှင့် နည်းပညာပံ့ပိုးမှုများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။
ThitsaWorks သည် မြန်မာနိုင်ငံတွင် Musoni System ၏ တစ်ဦးတည်ကိုယ်စားလှယ်အဖြစ် မြန်မာပြည်ရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို နည်ပညာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။