ဟူသီ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် သင်္ဘောသား သုံးဦး သေဆုံး


07 March, 2024

ဟူသီ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် သင်္ဘောသား သုံးဦး သေဆုံး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗုဒ္ဓဟူးနေ့ (မတ် ၆)က အေဒင်ပင်လယ်ကွေ့တွင် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် ထိမှန်ခဲ့သည့် ဘာဘေးဒိုးစ် အလံတင် ကုန်တင်သင်္ဘော True Confidence သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသား သုံးဦး သေဆုံးကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က အတည်ပြုခဲ့သည်။

 

နိုဝင်ဘာလကတည်းက ပင်လယ်နီတောင်ပိုင်းနှင့် အေဒင်ပင်လယ်ကွေ့တွင် ကုန်သွယ်ရေကြောင်း သင်္ဘောများနှင့် ရေတပ်သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်‌သွေးကြွအဖွဲ့မှ စတင်တိုက်ခိုက်ခဲ့သည့် ဆက်တိုက်တိုက်ခိုက်မှုများတွင် အရပ်သားများ ပထမဆုံးအကြိမ် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

ဟူသီတို့ ပစ်ခတ်သည့် ဒုံးကျည်များကြောင့် သင်္ဘောနစ်မြှုပ်မှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာတွင် သင်္ဘောသားများ အသက်ဆုံးရှုံးသည့် အဖြစ်ကို ကြုံရခြင်း ဖြစ်သည်။

 


 

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စက်ခန်းထဲ ရေဝင်ပြီး ရေပေါ် ပေါလောမျောနေခဲ့သည့် Rubymar နစ်မြုပ် [Video]

#LogisticsGuide

https://www.industrialdirectory.com.mm/article/-rubymar-video.html

 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

True Confidence ကို ပစ်မှတ်ထားသည့် ဒုံးကျည်အား ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်နယ်မြေများမှ မတ်လ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝန်းကျင်တွင် ပစ်လွှတ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ပြောကြားသည်။

 

အဆိုပါ ဒုံးကျည်သည် လိုက်ဘေးရီးယားပိုင် ဝမ်းပုံတင် bulk သင်္ဘောပေါ်တွင် ထိခိုက်ပျက်စီးမ‌ှု ကြီးမားခဲ့ပြီး မီးလောင်ကျွမ်းသည်။  သင်္ဘောသား သုံးဦး သေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ပြောကြားသည်။

တိုက်ခိုက်ခံရပြီးနောက် သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာခဲ့ကြရသည်။ 

True Confidence သင်္ဘောပေါ်တွင် မီးလောင်မှု ဆက်လက်ဖြစ်ပွားနေပြီး မျောပါလျက် ရှိသည်။

 

 

သင်္ဘောပိုင်ရှင်နှင့် မန်နေဂျာတို့က True Confidence ပစ်ခတ်ခံရခြင်းသည် အေဒင်မြို့ အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

 

သင်္ဘောသား ၂၀ ဦး ပါသည်။ ၎င်းတို့မှာ

• အိန္ဒိယ နိုင်ငံသား ၁ ဦး

• ဗီယက်နမ် နိုင်ငံသား ၄ ဦး

• ဖိလစ်ပိုင် နိုင်ငံသား ၁၅ ဦး

ဖြစ်ပါသည်။

လက်နက်ကိုင် အစောင့်အကြပ် ၃ ဦး လိုက်ပါလာသည်။ ၎င်းတို့မှာ

• နီပေါ နိုင်ငံသား ၁ ဦး

• သီရိလင်္ကာ  နိုင်ငံသား ၂ ဦး

တို့ ဖြစ်ပါသည် 

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် True Confidence သည် တရုတ်နိုင်ငံမှ Jeddah နှင့် Aqaba သို့ သွားနေသည့် လမ်းကြောင်းပေါ်တွင် ရှိနေပါသည်။

သင်္ဘောပေါ်တွင် သံမဏိထုတ်ကုန်များနှင့် ထရပ်ကားများ တင်ဆောင်လာပါသည်။

 

True Confidence ကို အမည်ပေါက် ပိုင်ဆိုင်သူမှာ True Confidence Shipping SA ဖြစ်ပါသည်။

ဂရိမှ Third January Maritime Ltd  က True Confidence ကို ပြေးဆွဲပါသည်။ 

 နှစ်ရက်အတွင်း ဟူသီတို့ ပစ်ခတ်သည့်  ဒုံးကျည် ၅ ခု အနက် M/V MSC Sky II နှင့် M/V True Confidence တို့ကုိ တခုစီ ထိမှန်ခဲ့ခြင်း ဖြစ်ပါသည်။

 

ဟူသီများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင်ဖမ်းဆီးခဲ့သည့် ကားတင်သင်္ဘော Galaxy Leader ပေါ်မှ သင်္ဘောသား ၂၅ ဦးကို  ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ သင်္ဘောကိုလည်း ဖမ်းဆီးထားဆဲ ဖြစ်ပါသည်။

Source gcaptain 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 428 times