မြန်မာနိုင်ငံမှာ ပထမ ဦးဆုံးတီထွင်ထားတဲ့ ကွမ်းသီးဖတ်နဲ့ တစ်ခါသုံးပန်းကန်၊ ဇွန်းနဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မှုကို စတင်ထုတ်လုပ်နေ ပြီဖြစ်ပါတယ်။သည်ကွမ်းသီးဖတ်နဲ့ ထုတ်လုပ်ထားတဲ့ပန်းကန်၊ ဇွန်းတွေနဲ့ စားသောက်မယ်ဆိုရင် ဓာတုကင်းစင်တာကြောင့် ပြည်တွင်းက ဝယ်ယူဖို့ကမ်းလှမ်းကြသလို ပြည်ပကလည်း ဝယ်လိုသူများ ပြားနေပါတယ်။ သည်လိုတီထွင်ထုတ်လုပ်နေသူ ကိုကျော်မိုးနဲ့ အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
လုပ်ငန်းစတင်ပြီးလုပ်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါ။
ကိုကျော်မိုး။ ။ သည်လုပ်ငန်းလုပ်ဖြစ်ခဲ့ပုံ လေးကတော့ မိတ်ဆွေတစ်ယောက်က ပလတ်စတစ်နဲ့ ပြုလုပ်တဲ့ပုံကို မေးတယ်။ ကျွန်တော်က ပလတ်စတစ်နဲ့ ရော်ဘာ လုပ်ငန်းမှာ ကျွမ်းကျင်စွာ လုပ်နိုင်တော့ စက်တွေလည်း ဆင်ခဲ့တယ်။ သူတို့ ပြည် နယ်ဘက်တွေမှာ ကုန်ကြမ်းတွေရှိတယ်။ ဒါတွေကို ဘာပစ္စည်းထုတ်လို့ ရမလဲလို့ မေးတယ်။ သည်လိုမေးတော့ ကျွန်တော် အိန္ဒိယမှာတွေ့ခဲ့တဲ့ ကွမ်းသီးဖတ်ကနေ ဓာတုပစ္စည်းကင်းစင်အောင် ထုတ်နိုင် တယ် ပေါ့။ သည်လိုပစ္စည်းတွေ ထုတ်လို့ ရ တယ်လို့ ပြောပြတယ်။ လုပ်ချင်တယ်ဆို ရင် ကျွန်တော်တို့ဘက်က စက်တွေနဲ့ မိုလ်တွေကို တီထွင်ပေးမယ်။ လွန်ခဲ့တဲ့ ငါး နှစ်၊ ခြောက်နှစ်လောက်တုန်းကတည်းက သည်ပစ္စည်းကို ကျွမ်းကျင်စွာ လုပ်ထား တယ်။ မြန်မာပြည်အနေနဲ့ တီထွင်ထား တာပါ။
ကွမ်းသီးဖတ်ကနေ ဘာပစ္စည်းတွေ ထုတ်လုပ်နိုင်မလဲ။
ကိုကျော်မိုး။ ။ လူသုံးကုန်ပစ္စည်း တော်တော်များများကို ထုတ်လုပ်နိုင်ပါတယ်။ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ ပန်းကန် လုံးတွေ၊ ပန်းကန်ပြားတွေ၊ ဇွန်းတွေ၊ ခွက် တွေ အကုန်လုံး ထုတ်လုပ်နိုင်ပါတယ်။
တစ်ခါသုံးပစ္စည်းတွေပဲ ထုတ် လို့ရတာလား၊ ကြာရှည်ခံသုံးနိုင်ဖို့အ တွက်ရော ထုတ်လုပ်ထားတာရှိလား။
ကိုကျော်မိုး။ ။ သည်တစ်ခါသုံးပစ္စည်း လေးတွေကို ဆေးအရောင်တင်ပြီးတော့ အမြဲတမ်းထားပြီးတော့ သုံးလို့ ရပါတယ်။ တစ်သျှူးဘူးတို့ ၊ ဆေးလိပ်ခွက်၊ ဆပ်ပြာ ခွက်တို့ကိုလည်း ကြာရှည်ထားထားပြီး သုံးလို့ ရပါတယ်။
အခုရော ကြာရှည်ခံပစ္စည်း အဖြစ်နဲ့ ပြုလုပ်ထားတာတွေရှိလား။
ကိုကျော်မိုး။ ။ ရှိပါတယ်။ ဒါပေမဲ့ တစ် ခါသုံးအဖြစ်နဲ့ ထုတ်ထားတာတွေက ပို များပါတယ်။ တစ်ခါသုံးပစ္စည်းတွေတင် မဟုတ်ပါဘူး။ အမြဲတမ်းသုံးလို့ရတဲ့ပစ္စည်း တွေကိုလည်း ထုတ်လုပ်နိုင်ပါတယ်။
စက်ဝယ်ရင် ပညာသင်ပေး မယ်ဆိုတဲ့အပိုင်းကရော ဘယ်လိုမျိုးတွေ သင်ပေးသွားမှာလဲ။
ကိုကျော်မိုး။ ။ ကျွန်တော်က နည်းပညာ မျှဝေတဲ့သဘောပေါ့။ ကျွန်တော့်ဆီက စက်လည်း ဝယ်မယ်။ မိုလ်တွေလည်း ဝယ် မယ်ဆိုရင် ဝယ်တဲ့လူတေကို ကုန်ကြမ်း ကောက်တဲ့ အချိန်ကစပြီးတော့ ကုန်ချော ဖြစ်တဲ့အထိ အိတ်စပို့ကိုတောင် လုပ်လို့ ရ ပါ တယ်။ နိုင်ငံခြားအိတ်စပို့လုပ်လို့ ရတဲ့ ကုန်ပစ္စည်းပေါ့။
နိုင်ငံခြားကနေ သည်ကုန် ပစ္စည်းကို ဝယ်ယူချင်လို့ ဆက်သွယ်လာ တာမျိုးတွေရှိလား။
ကိုကျော်မိုး။ ။ နိုင်ငံခြားကနေ ဆက်သွယ်လာတာတွေကတော့ အများကြီးရှိပါတယ်။ တကယ် ထုတ်လုပ်ချင်တဲ့ လူတွေကို ကျွန်တော် တကယ်သင်ပေးချင်ပါတယ်။
ပြည်ပက ဆက်သွယ်လာတာ တွေထဲက အမှန်တကယ် ဝယ်ယူမယ်လို့ အတည်ပြုထားတာက ဘယ်နိုင်ငံကကုမ္ဗဏီလဲ။
ကိုကျော်မိုး။ ။ စင်ကာပူကုမ္ဗဏီက ဆက် သွယ်လာတာရှိပါတယ်။ ကျွန်တော် သည် ပစ္စည်းကို များများထုတ်လုပ်ပြီဆိုရင် သူ တို့ကုမ္ဗဏီနဲ့ ဆက်သွယ်လာဖို့ပေါ့။ သူတို့ က သည်ပစ္စည်းကို ပြန်ပြီး အိတ်စပို့လုပ် ချင်လုပ်မယ်ပေါ့။ အော်စီအထိလည်း တင် ပို့သွားဖို့ အစီအစဉ်ရှိတယ်လို့ ကမ်းလှမ်း ထားပါတယ်။
သည်ကမ်းလှမ်းမှုမှာရော ကြာရှည်သုံးပစ္စည်းတွေအနေနဲ့ သူတို့က မှာယူချင်တာလား၊ တစ်ခါသုံးပစ္စည်းတွေအနေနဲ့လား။
ကိုကျော်မိုး။ ။ တစ်ခါသုံးပစ္စည်းတွေအ နေနဲ့ မှာယူချင်တာပါခင်ဗျ။
သူတို့အနေနဲ့ ဝယ်ယူမယ်ဆို ရင် ဘယ်လိုအဆင့်တွေနဲ့ ပြုလုပ်ပေးရ မယ်လို့ ပြောထားသေးလဲ။
ကိုကျော်မိုး။ ။ သူတို့ကတော့ ဓာတု ကင်းစင်အောင် ပိုးမွှားကင်းစင်အောင်လို့ ကျွန်တော်တို့ဘက်က ဒါတွေကို ပြည့်စုံ အောင် လုပ်ပေးရမယ်လို့ ဆိုထားပါတယ်။
သူတို့ကို တင်ပို့သွားဖို့ အခု လတ်တလော ကြိုးစားနေတာမျိုးရှိလား။ မှာယူချင်တဲ့အရေအတွက်ရအောင် ဘယ်လိုမျိုး ကြိုးစားသွားမှာလဲ။
ကိုကျော်မိုး။ ။ ကျွန်တော်အခု စီစဉ်နေပါတယ်။ မိသားစုတစ်စုစာ ထမင်းဝိုင်း လေး ပြည့်စုံဖို့ အရေအတွက်ဖြစ်အောင် ကျွန်တော်စီစဉ်နေတယ်။ အဲဒါတွေ ထွက်လာပြီဆိုရင် သူတို့ဆီကို နမူနာ ပို့ပေးရမှာပါ။ လောလောဆယ်တော့ ကျွန်တော် ပစ္စည်းစုံအောင် ကြိုးစားနေပါတယ်။ ထုတ် လုပ်နိုင်တဲ့ ပစ္စည်းအမျိုးအစား များအောင် ကြိုးစားနေပါတယ်။
ပစ္စည်းတွေရဲ့ဈေးနှုန်းတွေက ရော ဘယ်လောက်ပါလဲ။
ကိုကျော်မိုး။ ။ ဈေးနှုန်းတွေကတော့ တော်တော် ဈေးသက်သာပါတယ်။ ဖော့ ဘူးတွေနဲ့ယှဉ်ပြီးတော့ ကျွန်တော်တို့ ရောင်းလို့ ရပါတယ်။
ဈေးနှုန်းဘယ်လောက်ရှိလဲ။
ကိုကျော်မိုး။ ။ ဈေးနှုန်းတွေကတော့ ကျွန်တော်ခန့်မှန်းတာက မိသားစုတစ်စု စာကို တစ်စုံလိုက်ဆိုရင် ကျပ် ၁၅ဝဝ လောက် ကျွန်တော်သတ်မှတ်မယ်လို့ စိတ်ကူးထားပါတယ်။
သည်တစ်စုံစာကို ပစ္စည်းဘယ်နှမျိုးလောက်ပါမလဲ။
ကိုကျော်မိုး။ ။ ပစ္စည်းက ရှစ်မျိုးလောက် ပါပါမယ်။
ပစ္စည်းတစ်ခုချင်းစီရဲ့ဈေးနှုန်း တွေကရော ဘယ်လောက် ရှိမလဲ။
ကိုကျော်မိုး။ ။ ပန်းကန်ကတော့ တစ်ချပ် ကို ကျပ် ၂ဝဝ လောက်နဲ့ ဇွန်းကတော့ တစ် ချောင်းကို ကျပ်ငွေ ၂၀၊ ၃၀ လောက်တော့ ကျမှာပါ။
ပန်းကန်နဲ့ ဇွန်းအရွယ်အစား တွေကရော ။
ကိုကျော်မိုး။ ။ ပန်းကန်အရွယ်အစားက တော့ လေးလက်မဆိုက်ကနေ ဆယ်လက် မ ဆိုက်အထိ ရှိပါတယ်။ ဇွန်းကတော့ လက်ဖက်စားဇွန်းအရွယ်အစားကနေ ဟင်းခတ်ဇွန်းတွေလောက်အထိ နှစ်မျိုး လောက်ထုတ်ပါတယ်။
စက်ဝယ်တဲ့သူတွေကို ပညာ ရောသင်ပေးမယ်ဆိုတော့ စက်တန်ဖိုးက ရော ဘယ်လောက်ရှိလဲ ။
ကိုကျော်မိုး။ ။ စက်တန်ဖိုးက တစ်လုံးကို ခြောက်သိန်း၊ ခုနစ်သိန်းပေါ့။ မိုလ်နဲ့ဆိုရင် တော့ မိုလ်က ဈေးကြီးတော့ မိုလ်တစ်လုံး ကို ၁၀ သိန်းနီးပါးလောက်ပေါ့။ အဲသည် အခါမှာ စက်တန်ဖိုးက ၁၅ သိန်းနဲ့ သိန်း ၂၀ လောက် ကုန်ကျသွားမှာပါ။ လုပ်ငန်း တစ်ခု တွင်တွင် ကျယ်ကျယ်လေး လုပ်မယ် ဆို သိန်း ၂ဝဝ လောက်ရင်းရင် အဆင်ပြေ တယ်။
ပစ္စည်းက အမျိုးမျိုးထုတ်လုပ် နိုင်တယ်ဆိုတော့ အစ်ကို့အနေနဲ့ ပစ္စည်း ဘယ်နှမျိုးလောက်အထိ ထုတ်လုပ်သွားဖို့ ရှိလဲ။
ကိုကျော်မိုး။ ။ ကျွန်တော်တို့ ဝယ်လိုအား အပေါ်ကိုကြည့်ပြီးတော့ ပစ္စည်းအမျိုးအ စားကို အကန့်အသတ်မရှိ ထုတ်လုပ်သွား ဖို့ စဉ်းစားထားပါတယ်။
အခု ဘာပစ္စည်းအမျိုးအစား တွေ ထုတ်လုပ်ထားလဲ။
ကိုကျော်မိုး။ ။ ဗန်းလေးတွေရယ်၊ ပန်း ကန်ပြားလေးတွေရယ်၊ ပန်းကန်လုံးရယ် ဇွန်းလေးတွေရယ် ကျွန်တော်ထုတ်လုပ် ထားပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း အကျဉ်းလေးပြောပြပေးပါဦး။
ကိုကျော်မိုး။ ။ ပြုလုပ်ပုံအဆင့်ဆင့်က တော့ အပင်ကခွာချတဲ့အဖတ်ကို ယူပြီး တော့မှ ပေါင်းပါတယ်။ ပေါင်းပြီးတော့ ပိုး သတ်ပါတယ်။ ပိုးသတ်ပြီးတာနဲ့ မိုလ် မှာ တပ်ပြီးတော့ ဖိတဲ့အဆင့်ပါပဲ။ မိုလ်နဲ့ ဖိ လိုက်ပြီဆိုတာနဲ့ တစ်ခါတည်း cutting လုပ်ပြီးတော့ ပစ္စည်းတန်းထွက်လာပါတယ်။
သည်စွန့်ပစ်ပစ္စည်းတွေ လောင်စာဖြစ်နေတဲ့ ကွမ်းသီးဖတ်တွေကို အခုလို ပစ္စည်းလုပ်မယ်လို့ ဘယ်လိုမျိုး စိတ်ကူးမိတာလဲ။
ကိုကျော်မိုး။ ။ အခုလို လောင်စာတွေ ဖြစ်သွားနေတာကို ကျွန်တော်နှမြောတာ ရယ်။ နိုင်ငံတကာမှာဆိုရင် သည်ပစ္စည်း က တကယ်တန်ဖိုးကြီးတဲ့ပစ္စည်းအဖြစ်နဲ့ လူတွေက သုံးစွဲနေကြတယ်။ ကျွန်တော် တို့ မြန်မာပြည်အနေနဲ့က ဒါကို သုံးစွဲရ ကောင်းမှန်းမသိသေးတာပေါ့။ သည်မှာက ကျန်းမာရေးလည်း လိုက်စားတာနည်း တယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့ ဖော့ဘူးတွေအစားပေါ့။ အပူ စင်တီဂရိတ် ၆၀ ကျော်တာနဲ့ အစားအသောက်တွေမှာ အပူပြန်ပြီးတော့ ဒုက္ခရောက်နိုင်တယ်။ အဲသည်အပေါ်မှာရော လူတွေရဲ့ကျန်းမာ ရေးလည်း ထိခိုက်နိုင်တယ်။ အခြေခံလူ တန်း စားတွေအနေနဲ့လည်း အမှိုက်ဖြစ် မယ့် အရာတွေကို ကုန်ပစ္စည်းအဖြစ် ထုတ် လိုက် မယ်ဆိုရင် နိုင်ငံခြား ဝင်ငွေတွေ လည်း အများကြီး ရရှိနိုင်တယ်။ အဲဒါ ကြောင့် recycle နဲ့ ပတ်သက်တဲ့ တော် တော် များများကို လေ့လာဖြစ်ပြီးတော့ အခုလို နည်းပညာတွေကို စုဆောင်းပြီး တော့ ထုတ်လုပ်ဖြစ်ခဲ့တာပါ။
ပြည်တွင်းအနေနဲ့ကရော ဘယ်မြို့တွေက ပစ္စည်းတွေဝယ်ယူဖို့ ကမ်းလှမ်းထားတာမျိုးတွေရှိလဲ။
ကိုကျော်မိုး။ ။ ငွေဆောင်၊ ချောင်းသာ၊ ရန်ကုန်ပေါ့။ ရန်ကုန်ဘက်ကတော့ တော်တော်များပါတယ်။ လာပြီးတော့ ဆက် သွယ်လာတာတွေတော့ အများကြီးရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော်စိတ်တိုင်းကျ မဖြစ်သေးလို့ များများမထုတ်လုပ်ဖြစ်သေးတာပါ။
ပြည်တွင်းပြည်ပမှာ ဘယ်လို ဒီဇိုင်းမျိုးကို အကြိုက်များကြလဲ။
ကိုကျော်မိုး။ ။ အိန္ဒိယဒီဇိုင်းတွေကို လူ ကြိုက်များပါတယ်။ နိုင်ငံခြားအနေနဲ့ကvည်း စင်ကာပူက သည်ဒီဇိုင်းကို လူကြိုက်များပြီးတော့ ပေါက်ပါတယ်။
အခုဆိုရင် ကုန်စည်ပြပွဲတွေ လည်းရှိနေပြီးတော့ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ သည်ကုန်ထုတ်လုပ်မှုကိုရော ပြပွဲတွေက လာပြဖို့ ကမ်းလှမ်းထားတာ မျိုးရောရှိလား။ သွားပြဖို့ရော အစီအစဉ်ရှိလား။
ကိုကျော်မိုး။ ။ ရန်ကုန်မှာလုပ်မယ့် Made in Myanmar ဆိုတဲ့ ပြပ∑ဲက လာပြဖို့ ကမ်း လှမ်းထားတာရှိပါတယ်။ သွားပြဖို့လည်း အစီအစဉ်ရှိပါတယ်ခင်ဗျ။
နိုင်ငံခြားကလည်း ဝယ်ဖို့ ကမ်းလှမ်းထားတာတွေရှိနေတယ်။ ပြည်တွင်းကလည်း အခုလို ကမ်းလှမ်းပြီး မှာယူချင်သူတွေများနေတယ်။ အခုထိများများ မထုတ်လုပ်နိုင်သေးတာက ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့လဲ။
ကိုကျော်မိုး။ ။ အခက်အခဲကတော့ ငွေရေးကြေးရေးပေါ့ဗျာ။ ကျွန်တော့်ကို SME ဘက်ကလည်းထောက်ပံ့မှုဘာမှမရှိဘူး။ တကယ်လို့ အရင်းအနှီးရှိမယ်ဆိုရင်တော့ ကျွန်တော်အများကြီးလုပ်နိုင်မှာပါ။သည်လုပ်ငန်းအတွက်ချေးခွေပေးမယ်ဆိုရင်တော့ ကျွန်တော်ချေးငွေ လိုချင်ပါတယ်။ အများကြီးလည်း တိုးတက်အောင်လုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကျော်မိုး။ ။ ဟုတ်ကဲ့ အခုလို ကျွန် တော်တီထွင်တဲ့ရလဒ်နဲ့ အသိအမှတ်ပြု လာရောက်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
kumudra